PAL Coin အသက်သွင်းနည်းမှ MSC

avatar

မင်္ဂလာပါ...
USER_SCOPED_TEMP_DATA_orca-image--1431567504.jpeg_1560489934384.jpeg
ဒီရက်ပိုင်း PAL အကြောင်း ပို့စ်တွေ တင်ဖြစ်နေသည်။
Minnowsupport (MSP) သည် PAL coin
ထုတ်ကာ PAL coin ကို ရှင်သန်နေစေရန်
အစီအစဉ်များ လုပ်ဆောင်လာခဲ့ပါသည်။

ထိုသို့သော လုပ်ဆောင်ချက်များမှ အချို့မှာ...

  • ၁. PAL coin ကို steem engine ပေါ်၌
    Trade နိုင်စေခြင်း၊
  • ၂. Steem Engine မှာပဲ PAL Claimdrop
    အချို့ Free ပေးခြင်း၊
  • ၃. palnet.io မှ Post တင်စေကာ PAL reward
    ရစေနိုင်ခြင်း၊ နှင့်
  • ၄. PAL coin ကို @minnowsupport ဆီသို့
    Transfer လုပ်စေကာ Upvote ရယူစေခြင်း
    စသည်တို့ ဖြစ်ပါသည်။

အထက်ပါ အချက်များထဲမှ အောက်ဆုံး နံပါတ် ၄ မှာ
Steem Engine ပေါ်၌ PAL ရှင်သန်နေစေရန်
အသက်သွင်းထားသော အဓိက အချက် ထင်ပါသည်။

PAL ဖြင့် Minnowsupport ထံမှ Upvote ရသောအခါ
Steem, SBD$ and SP တို့ ပိုမို ရရှိလာပါမည်...
ထိုရလာသော steem တို့ဖြင့် PAL ထပ်ဝယ်ကာ
Minnowsupport ထံ ထပ်ကာထပ်ကာ လွှဲ၍
Upvote ရယူ... ဤသို့ဖြင့် PAL နှင့် Steem
သံသရာလည်နေရင်း Curation Reward များ
ပိုမိုရလာစေနိုင်သော စနစ်ဖြင့် PAL coin သည်လည်း
တန်ဖိုးတစ်ခုဖြင့် ရေရှည် ရပ်တည်လာနိုင်ဖွယ် ရှိပါသည်။

ယနေ့ မနက်ပိုင်းတွင် ကျွန်တော်တို့ Myanmar Steemit Community ၏ ခေါင်းဆောင် @kachinhenry
ကိုဟင်နရီအောင် မှ Steem Engine တွင်
ဖော်ဆောင်ထားသော MSC Token အား အသက်သွင်းရန်
တိုင်ပင်ဆွေးနွေးလာသောအခါ ကျွန်တော်သည်ကား
MSP အဖွဲ့၏ PAL အသက်သွင်းနည်း များစွာထဲမှ
Upvote ရောင်းနည်းကို အတုယူဆောင်ရွက်နိုင်ကြောင်း
အကြံပြုမိပါသည်။
Steem Engine ၌ MSC Token ရောင်း၍ရသော
Steem တို့အား Power Up ခြင်း ပြုလုပ်ကာ...
MSC Token ဝယ်ယူထားသူတို့မှ MSC ဖြင့်
Upvote ဝယ်ယူစေနည်း ဖြစ်ပါသည်။
Auto Vote Bot စနစ်ဖြင့် မဆောင်ရွက်ချင်သေးပါကလည်း
Manual လုပ်ဆောင်လို့ရပါသည်။

#ခြေတစ်လှမ်းမှ မလှမ်းလို့ ခရီးမရောက်နိုင်ပါ။
#မည့်သို့ပင်အစီအစဉ်ကောင်းသော်ငြား မစတင်လျှင်
ဘာမှဖြစ်မလာနိုင်ပါ။
#ရောက်သည့်နေရာမှ ရှိတာဖြင့် စတင်ရပါမည်။
#အလုံးစုံဆောင်ရွက်နိုင်စွမ်းကို စောင့်နေခြင်းထက်
#လုပ်နိုင်သမျှဖြင့် စတင်ဖို့က အဓိကကျပါသည်။

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ...

MSC 193

@golden.future



0
0
0.000
10 comments
avatar

ကိုဟိန်းရေ steemit မှာ pal ဗုတ်ရဖို့ palcoin ဘယ်လောက်
ပေးရမလဲဗျ
ဘယ်လောက်ပေးရင် ဘယ်လောက်ပြန်ဗုတ်မလဲ အသေးစိတ်လေး
ရေးတင်ပေးပါအုံးဗျာ

0
0
0.000
avatar

1pal ကစလို့ လွှဲရပါတယ်
1pal ကို 0.12 လောက်ပဲ တတ်ပါတယ်
မြတ်တယ်ရှိရုံလောက် မြတ်တာပါ... များများပြန်မပေးဘူး
RP တတ်အောင်သာ လုပ်နေရတာ😁

Posted using Partiko Android

0
0
0.000
avatar

တခုခု စလုပ်နိုင်ဖို့ အတွက် ပြင်ဆင်ရတယ်ကို ဟိန်း.... အဘက်ဘက်ကတွေးတောကြည့်တယ်... ကိုဟိန်းရဲ့ အကြံက ကောင်းပါတယ် ။ Up Vote ရောင်းစားဖို့ အတွက် အနည်းဆုံး SP 200000 ကျော်လောက်မှ အဆင်ပြေမှာပါ။ 0.02 ရဖို့အတွက် MSC ကနေ တကူးတက token နဲ့ ပြန်ဝယ်ယူဖို့ စိတ်ဝင်စားကြမယ်လို့ မထင်ဘူး။ ဒါပေမယ့် MSC token အသက်ဝင်လာအောင် တခုခု တော့ ကျွန်တော်တို့ လုပ်ပါမယ်။

0
0
0.000
avatar

ကိုဟင်. Power လောက်ဆို မဆိုးပါဘူးဗျ... သုံးလို့ရရင် ပြောတာပါလေ။
မပြင်မဆင်ဘဲ လုပ်ရင် အမှားတွေ့ အရှုံးပေါ်တတ်ပါတယ်။
သို့သော် ဘာမှ မလုပ်ဘဲ နေသူတွေ ထက်တော့ သာပါမယ်။
သူများတွေ လုပ်နေကြတော့ မနိုင်ဝန်ဆိုပေမယ့် စိတ်ပါမိပါတယ်ဗျာ

Posted using Partiko Android

0
0
0.000
avatar

အော် ပါဝါ ပါဝါ အတော်အရေးကြီးတယ်

0
0
0.000
avatar

ကိုဟိန်းရေ ကျွန်တော်လည်းလိုက်လုပ်ထားပါတယ်အစ်ကို။သူရဲ့ Token ကို အသက်သွင်းထားပုံလေးနဲ့ နှစ်သီးစားအတွက်လုပ်ထားတာလေးတွေက စိတ်ဝင်စားစရာကောင်းတယ်ဗျာ။ကျွန်တော်တို့ MSC coil အတွက်လည်းစဉ်းစားပြီး မှတ်သားထားရမည့် အချက်တစ်ခုပါပဲအစ်ကို။

0
0
0.000
avatar

ကိုဟိန်းတို့ ဆာဟင်တို့ ပြောကြတဲ့ msc tokens လေးကအစ အခြားတိုကင်တွေလည်း ကိုယ်စီလည်ပတ်အောင်ကြိုးစား ဆွဲဆောင်နိုင်ပါမှ Steem engine tokens တွေလည်း အထမြောက်မယ်ထင်ပါတယ်…
ကိုယ်စီတိုကင်တွေရှင်သန်ဖို့ကလည်း အတော်လေးကို ခက်ခဲမယ့်အနေအထားတစ်ခုကို ကျော်ဖြတ်လိုက်နိုင်ပါရင်လည်း Steem engine platform ပေါ်မှာ လည်ပတ်ရုံပဲဆိုရင်လည်း မဟန်နိုင်သေးဘူး…

0
0
0.000
avatar

အခြား site တွေပါ trade လို့ရပြီး မြန်မာပြည်မှာလည်း ကုန်ပစ္စည်းတွေပါ ရောင်းဝယ်လို့ရရင်တော့ ရှယ်ပေါ့ဗျာ...
အဲ့လိုဖြစ်အောင် တဖြည်းဖြည်း ကြိုးစားကြရမှာပြေါ

Posted using Partiko Android

0
0
0.000