Toward the Ancient Pagodas in AVA

avatar

မင်္ဂလာပါ။
တစ်နေ့က မေမေ ၏ မွေးနေ့အမှတ်တရ အင်းဝမြို့ဟောင်း သို့ သွားရောက်ခဲ့ကြပါတယ်။
အမှတ်တရ ရှေးဘုရားဖူး ထွက်ခဲ့ကြတာပေါ့။

တကယ်တော့ ဘုရားဖူး ဆိုသည်ထက် ဘုရားတွေဆီ အလည်သွား ဓာတ်ပုံရိုက်ကြတယ်ပဲ ဆိုပါတော့။
သားသား အတွက်ကတော့ ဒါက ပထမဆုံး ရောက်ဖူးခြင်းပါ။

img_0.9561824439534997.jpg

ဒီမှာ ဖော်ပြထားတဲ့ ဘုရားစေတီတွေ ကတော့ ဝင်္ကဘာဘုရားကျောင်း၊ ကြောင်လိန်စေတီတော် နှင့် မြင့်မိုရ်တောင်စေတီတော် ပါ။
အဝမြို့ဟောင်း ဗားကရာကျောင်း ၏ အနောက်ဖက်မှာ တည်ရှိကြပါတယ်။

img_0.3379645190741912.jpg

ကျွန်တော်တို့ မြင့်မိုရ်တောင် စေတီတော် အပေါ်ဘက်သို့ တတ်ရောက်ကာ ရှုခင်းတွေ ကြည့်ခဲ့ကြပါတယ်။
မြင့်မိုရ်တောင် စေတီ သို့ အတက်အဆင်းလမ်းသည် သုံးခုရှိပါသည်။
တစ်ခုမှာ ရိုးရိုးလှေကား ဖြစ်ပြီး နှစ်ခုမှာ လှိုင်ခေါင်းလှေကား ပါဝင်ပါသည်။

img_0.2647091881951694.jpg

ဝင်္ကဘာဘုရားကျောင်း ထဲကိုတော့ အဝလောက်မှာပဲ ဝင်ရောက်ကြည့်ခဲ့ပြီး အပေါ်သို့ မတက်ခဲ့ကြပါ။
ရှေးဟောင်းဘုရားကျောင်း ဖြစ်သောကြောင့် ဝင်္ကဘာပတ်တက်ရန် ခိုင်ခံ့မှု မသေချာတော့ပါ။

ကဲ ဒီနေ့တော့ မိတ်ဆွေတို့ရေ ကျွန်တော်တို့ မိသားစု၏ အမှတ်တရ ပုံလေးတွေ ကြည့်ကာ ပျော်ရွှင်ကြပါစေလို့။

@walarhein



0
0
0.000
14 comments
avatar

ဘုရားဖူးလို့ တူပျော်ပျော်

0
0
0.000
avatar

ကုသိုလ်တူတူ ရစေသော်

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@uthantzin(5/5) tipped @walarhein (x1)
tin.aung.soe tipped walarhein (x1)
htwegyi tipped walarhein (x1)
golden.future tipped walarhein (x1)

Join us in Discord!

0
0
0.000
avatar

ရှေးဘုရားဖူး ကုသိုလ်ထူး ရပါစေ
!PIZZA
!LUV

0
0
0.000
avatar

ပျော်ရွှင်စရာ မိသားစုလေး။
!PIZZA

0
0
0.000
avatar

ဟုတ် ကျေးဇူးပါ

0
0
0.000
avatar

မိသားစု​လေး ​ပျော်ရွှင်ချမ်း​မြေ့ပါ​စေ!LOLZ!LUV

0
0
0.000
avatar

ပေးဆု ပြည့်လို့ ကျေးဇူးတင်ပါတယ်

0
0
0.000
avatar

ပျော်ရွှင် ချမ်းမြေ့သော မိသားစုဘဝလေး ထာဝရ ပိုင်ဆိုင်ထားနိုင်ပါစေ...!PIZZA

0
0
0.000