Hot Pot ဘူဖေး အကင်စုံ အဝလွေးခဲ့တာလေး ကြွားတာပါ

avatar

မင်္ဂလာပါ။

ဒီနေ့တော့ အစားလိုင်းကို ကြွားရပါဦးမည်။
တစ်နေ့က မန္တလေးမြို့ မှ အပြန် ရှမ်းလေးကန် ၏ အရှေ့ဘက် 79 လမ်းပေါ်က ကျိုင်းတုန် Hot Pot နှင့် အကင် ဘူဖေး ဆိုင် သို့ ဝင်ဖြစ်ခဲ့ပါသည်။

img_0.8164738086034569.jpg

၎င်း Hot Pot နှင့် အကင် ဘူဖေး အဝစား ဆိုင်မှာ ပင်လယ်စာ၊ သားငါး၊ ဟင်းသီးဟင်းရွက်စုံ နှင့် သစ်သီးဖျော်ရည် တို့ကို အဝစားနိုင်ပါသည်။
Hot Pot အဝစားမှာ လူကြီး တစ်ဦးလျှင် မြန်မာငွေ ၁၁၈၀၀ ကျပ် (Est.value $6) ပေးရပါသည်။

img_0.7427763544772368.jpg

ကျွန်တော်တို့မိသားစု သုံးဦးသည် မနက် ၁၀ နာရီ မှ ၁၁ နာရီခွဲ ထိ Hot Pot နှင့် အကင် ကို ကိုယ်တိုင် ကြိုက်ရာ ရွေးကာ စားသောက်ခဲ့ကြပါသည်။

ကျွန်တော်တို့ စားသောက်ခဲ့ကြသော အရာများမှာ ပုဇွန်၊ ဂဏန်း၊ ပြည်ကြီးငါး၊ ရေဘဝဲ၊ ဝက်သား၊ ကြက်သား၊ ပြောင်းဖူး၊ အပ်မှို၊ ကြာစွယ်၊ ခေါက်ဆွဲပြား၊ ဖရဲသီး၊ ကျောက်ကျော နှင့် သစ်သီးအချိုရည် တို့ ဖြစ်ကြပါသည်။

img_0.04205092756357407.jpg

အထက်ပါ ပင်လယ်စာ၊ သားငါး နှင့် ဟင်းသီးဟင်းရွက်များကို Hot Pot အရည်အိုးထဲမှာ ပြုတ်၍ တစ်မျိုး ကင်၍ တဖန် စားခဲ့ကြပါသည်။
အအီပြေကတော့ ဖရဲသီး စားကာ သစ်သီး‌ဖျော်ရည် သောက်ခဲ့ကြပါတယ်။

img_0.4493995323481734.jpg

ဤသို့သော Hot Pot နှင့် အကင် ကို လူတစ်ဦးစာ အတွက် ၁၂၀၀၀ ကျပ်လောက် ပေး၍ စားဖို့ရန်မှာ ကျွန်တော်တို့လို အခြေခံလူတန်းစား အတွက် မလွယ်ကူပါ။
သို့သော် တစ်နှစ်လျှင် တစ်ကြိမ်လောက်တော့ စားဖြစ်ပါသည်။
ယခင် ကတော့ ဤဆိုင်မှာ လူတစ်ဦးစာ အတွက် ၆၀၀၀ ကျပ် ဖြင့်သာ ပေး၍ စားခဲ့ဖူးတာပါ။
ယခုတော့ စစ်အာဏာရှင်၏ ကျေးဇူးကြောင့် ၁၂၀၀၀ ကျပ်လောက် ပေးရခြင်း ဖြစ်ပါသည်။

ကဲ တော်ပါပြီ။ အစားကြွားတာကနေ နိုင်ငံရေး ရောက်မသွားချင်တော့ပါဘူး။

မိတ်ဆွေများ ကျန်းမာ၊ ချမ်းသာ၊ ပျော်ရွှင်ကြပါစေ။

@walarhein



0
0
0.000
14 comments
avatar

စားတယ် ကင်တယ် ဝါးတယ် သောက်တယ်။
!LUV

!LOL

0
0
0.000
avatar

သူတို့ပဲ စားနေစားနေကြ

0
0
0.000
avatar

စားချင်အောင် ကြွားပြနေတယ်။ စားချင်သွားပြီ။

!LOLZ

0
0
0.000