Loving Kindness.

avatar

ပြာသိုလပြည့် အမေနေ့မှာ ပိုစ့်ရေးတင်ပြီသကာလ
အမေအကြောင်း ထပ်မံရေးသားရပါအုံးမည်။
အမေဆိုသည်က သားသမီးတို့၏ ဖြစ်တည်မှုကို
ဦးစွာ ပင်ပန်းဆင်းရဲခံကြသူများဖြစ်သည်။
သားသမီးတို့၏ ဝန်ကိုထမ်းခဲ့ကြရသည်။
သားသမီးတို့၏ မေတ္တာကိုပြသကြရာမှာ
မိခင်ဖြစ်သူက ပိုသည်ဟု ထင်ပါသည်။
အဘယ်ကြောင့် ဆိုသော လူ၊ တိရစ္ဆာန်အစရှိသဖြင့်
သတ္တဝါဟူသမျှ မေထုန်မှီဝဲသည်။ ထိုကြောင့်
မိန်းမ၊ အမ မှန်သားသမီးတို့၏သမျှ
ကိုယ်ဝန်ဆောင်ကြရသည်။

ထို သားသမီးတို့၏ဝန်ထုပ်ကြီးကို ကိုးလလွယ်
ထားကြရသည့်မှာ အတော်ကိုဒုက္ခများကြပေမည်။
သို့ပေသိ မေတ္တာဟူသောအရာဖြင့် ထိုဝန်ထုပ်ကို
လေးသည် ပင်ပန်းသည်ဟု မထင်မှတ်ကြပေ။
ဒါက မိန်းမ၊ အမျိုးသမီးထုကြီး၏ မွေးရာပါ
တာဝန်ကြီးဖြစ်သည်။ ထိုကဲ့သို့ပင် သတ္တဝါ
တို့တွင်လည်း အမတည်းဟူသော သတ္တဝါ
များသည်လည်း ထိုနည်းတူစွာ ဖြစ်ကြသည်။

မိခင်တို့သည် ကိုယ်ဝန်လွယ်ထားစဉ်ကတမျိုး၊
ဝမ်းမှ လွတ်၍ အပြင်သို့ရောက်ရှိလာသောအခါမှာလည်း ဘေးအန္တရာယ်ကင်းစေရန်စောင့်ရှောက်ရ
သည်။ တဖန် အသက်ရှင်ရန် အစာအတွင်
နို့ချိုတိုက်ကျွေးကြရသည်။ ယခုလို အေးသည့်
ရာသီမှာ ကိုယ်ငွေ့ပေးကာ သားသမီးများကို
နွေးထွေးစေသည်။

သတ္တဝါများအနက် လူသည်က အသိဉာဏ်
ရှိသူဖြစ်၍ ကိုယ့်ရင်သွေးကို ကောင်းမွန်စွာ
စောင့်ရှောက်နိုင်သည်။ အခြားသော တိရစ္ဆာန်
များကလည်း သူရို့ ဘာသာ ဘာဝ ကိုယ့်ရင်သွေး
ကို ပြုစုကြသည်။ ထိုကဲ့ သို့ မိခင်က ကိုယ့်ရင်သွေး
ကို ပြုစုနေသည်ကို မြင်တွေ့ရသည်မှာ ကြည်နူး
စရာမြင်ကွင်းဖြစ်သည်။

ကျွန်တော်အိမ်နှင့် မျက်စောင်းထိုးအိမ်မှာ
ခွေးမပုလေးက ခွေးပေါက်လေးသုံးကောင်မွေးထားသည်။ ‌
ခွေးပုမ အမည်က ဆိုဖီယာ
ဖြစ်သည်။ ဆိုဖီယာ၏ ခင်ပွန်းကလည်း
အမွေးပွခွေးပုတကောင်ဖြစ်သည်။ အမည်က
ဘော်ဘီဖြစ်သည်။ ဆိုဖီယာနှင့် ဘော်ဘီ
အကြောင်းပါ၍ ခွေးပေါက်လေး သုံးကောင်
လောကထဲရောက်ရှိလာသည်။

ခွေးပေါက်စလေးများက အူယားစရာ
ကောင်းလှသည်။ သေးသေးပိစိလေးများ
ဖြစ်သည်။ အရောင်က အဖြူပေါ်မှာ အမဲကွက်လေးများ
ရှိကြသည်။ မိခင်၏ နို့ကို အပြိုင်ဆို့နေကြသည်။
ကျွန်တော် ဖုန်းဖြင့် ဓာတ်ပုံရိုက်တော့ အမေဖြစ်သူ
ဆိုဖီယာက သူ့သားသမီးများကို ရန်ပြုမည်
ထင်ရှာ၍ မျက်လုံးလေးပြူးကာကြည့်နေသည်။
ထိုကြောင့် ကျွန်တော်သည် ကမန်းကတန်း
ဓာတ်ပုံရိုက်လိုက်ရသည်။ မိခင်တိုင်းက
သားသမီးအပေါ် ထားရှိသော မေတ္တာကို
ဆိုဖီယာ၏ မျက်လုံးနှင့် အပြုအမူ အပေါ်မှာ
တွေ့မြင်ရပါသည်။

January 15, 2025



0
0
0.000
7 comments
avatar

အမေကို ချစ်တာ မွန်မြတ်တဲ့ အကျင့်ပါ။
!LUV
!LOLZ

0
0
0.000
avatar

သားသမီးကို ချစ်တာလည်း ကြည်နူးစရာပါလေ။

0
0
0.000
avatar

@htwegyi, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @htwegyi gets !LOOL from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

0
0
0.000