Super Sunday

avatar

ဒီနေ့ မြန်မာစံတော်ချိန် ည 11 နာရီမှာ Man United ၏ ပွဲစဉ် ရှိ၏။ EPL Week 12 အဖြစ် Ipswich town အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ နည်းပြသစ် Amorim ရဲ့ ပွဲဦးထွက် ပွဲစဉ်လည်း ဖြစ်ပါတယ်။ ပထမဆုံး ပွဲ မလို့ အများကြီး မမျှော်လင့်ထားရဲသေးပါဘူး။ ပြိုင်ဘက်ကို အထင်သေးတာရယ်လို့ မဟုတ်ပေမယ့် Ipswich town အသင်းနဲ့ စဖွင့်ရမယ့် နည်းပြသစ် အဖို့ ဖိအားတော့ အနည်းငယ်လောက်ပဲ ရှိမယ် ထင်ပါရဲ့။ ကစားပုံ ကစားကွက် အသစ်တွေ မြင်ရမလားကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဒီနေ့ မနက် 12 နာရီမှာ ကစားသွားတဲ့ Man City vs Tottenham ပွဲစဉ်မှာတော့ အံအားသင့်ဖွယ် ရလဒ် ထွက်‌ပေါ်ခဲ့ပါတယ်။ ဘယ်သူမှ ထင်မှတ်မထားတဲ့ ရလဒ်လို့တောင် ပြောလို့ရမယ် ထင်ပါရဲ့။ Tottenham က Man City ကို 0-4 ဖြင့် ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။ City နည်းပြ Guardiola အတွက်တော့ သူ့ နည်းပြ သမိုင်းတလျောက် ပထမဆုံး အကြိမ်အဖြစ် 5 ပွဲဆက် ရှုံးပွဲနဲ့ ကြုံခဲ့ရပြီ ဖြစ်ပါတယ်။

တိုက်ဆိုင်စွာပဲ 5 ပွဲဆက် အရှုံးရဲ့ ပထမပွဲ အစက Tottenham အသင်း ဖြစ်သလို ခု 5 ပွဲမြောက် ရှုံးပွဲတွေ့စေတာကလည်း Tottenham ပါပဲ။ လူပြောစရာ ပိုဖြစ်သွားတာကတော့ City ဟာ သူတို့ရဲ့ Ballon d'Or ဆုရှင် Rodri ကို Tottenham နဲ့ပွဲ မတိုင်မီမှာ ဂုဏ်ပြု အခမ်းအနား ပြုလုပ်ပေးခဲ့ပါတယ်။ လောလောလတ်လတ် အကောင်းဆုံးကစားသမားဆုရကြီးရဲ့ အသင်းက အိမ်ကွင်းမှာ ဂိုးပြတ် ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

Liverpool သာ Southampton ကို အဝေးကွင်းမှာ အနိုင်ကစားနိုင်ခဲ့မယ်ဆိုရင် City နဲ့ 8 မှတ်ကွာ အနေအထား ဖြစ်သွားပါလိမ့်မယ်။ City အဖို့ ယခု အရှုံးက အတော်လေး ဆိုးလှပါတယ်။

Tottenham အနေနဲ့ ဒီရာသီမှာ Manchester မြို့ခံ အသင်း နှစ်သင်းလုံးကို သူတို့ရဲ့ အိမ်ကွင်းမှာ အနိုင်ယူထားပြီး ဖြစ်ပါတယ်။ EPL Week 6 မှာ Tottenham က United ကို 0-3 ဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ည မြန်မာစံတော်ချိန် ညနေ 6 နာရီခွဲမှာ Man United women ရဲ့ ပွဲစဉ်လည်း ရှိနေပါသေးတယ်။ WSL round 3 ပွဲစဉ် (ပွဲကျန်) အဖြစ် Chelsea women အသင်းနဲ့ အဝေးကွင်းမှာ သွားရောက် ကစားရမှာ ဖြစ်ပါတယ်။ Chelsea women အသင်းရဲ့ နိုင်ပွဲဆက်နေမှုကို United တို့ ရပ်တန့်နိုင်မလားကတော့ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမ‌ှာပါ။ လောလောဆယ် Chelsea women အသင်းက 7 ပွဲ ကစားအပြီး 7 ပွဲလုံး အနိုင်ရထားပါတယ်။

Super Sunday ပွဲစဉ်တွေကတော့ ကြည့်ကောင်းဦးမှာပါ။

(Photos from Respective Facebook pages)



0
0
0.000
3 comments