Boxing Day

Christmas အပြီး ဒီနေ့မှာတော့ Boxing days ပွဲစဉ်များ စတင် ကစားကြတော့မည် ဖြစ်၏။ (တရက်ခြား သို့မဟုတ် နှစ်ရက်ခြား ပွဲစဉ်များ ကစားရခြင်း) ပွဲကြပ်၊ ပွဲဆက် ကန်ရသည့် ကာလမို့ အသင်း အားလုံး အတွက် အရေးကြီး၏။ ချန်ပီယံဆု မှန်းသူကော၊ ဥရောပပြိုင်ပွဲ ဝင်ခွင့် မှန်းထားသူတွေကော၊ ပရီးမီးယားလိဂ်မှာ တင်ကျန်ပြီး တန်းမဆင်းရဖို့ ရုန်းကန်ထားရမည့် သူတွေကော အားလုံး အတွက် အရေးကြီးသည့် ကာလ ဖြစ်ချေ၏။

ပျော်စရာ ပေးလိုက်၊ ဝေဒနာ ပေးလိုက် အသင်း ဖြစ်သည့် Man United အနေနဲ့ Boxing days ကာလမှာ fan တွေကို ပျော်စေမှာလား ထပ်တိုး ဝေဒနာ ပေးမှာလားကတော့ စောင့်ကြည့်ရပေလိမ့်ဦးမည်။ EPL မှာ City ကို နိုင်လို့ ပျော်ထားသည့် အပျော်တွေက EFL မှာ Tottenham ကို ရှုံး၊ ထို့နောက် EPL နောက်တပွဲမှာ Bournemouth ကို ထပ်ရှုံး။ Bournemouth ကို ရှုံးတာကတော့ အတော်ဆိုးလှ၏။ အိမ်ကွင်းကြီးကို 0-3 နဲ့ ရှုံးရတယ်လို့။

တိုက်ဆိုင်နေတာကလည်း မနှစ်ကလည်း 0-3 နဲ့ပဲ ရှုံးခဲ့ဖူး၏။ Bournemouth ကလည်း ဒီနှစ်မှာ အတော်စွာနေသည်ဟု ပြောလို့ရ၏။ Man United အပြင် Arsenal, Man City, Tottenham တို့ကိုပါ အနိုင်ကစားထား၏။

ဒီနေ့ မြန်မာစံတော်ချိန် ည 7 နာရီမှာတော့ ရလဒ်တွေ ဆိုးနေသည့် Man City တို့ Everton အသင်းကို အိမ်ကွင်းမှာ လက်ခံ ကစားသွားဖို့ ရှိနေ၏။ ဒီပွဲမှာပါ ရလဒ် ထပ်မကောင်းခဲ့ရင် Guardiola ၏ ရာထူးနေရာက စိုးရိမ်ဖွယ် ဖြစ်လာနိုင်၏။ ခုတောင် အမှတ်ပေး ဇယားထိပ်ပိုင်းကနေ ကျဆင်းလာလိုက်တာ အဆင့် 7 နေရာထိ ရောက်လာခဲ့၏။ သူများသာ ပြောနေတာ ကိုယ့် United က ခုထိ အဆင့် 13 မှာ။

ဘာပဲ ပြောပြော ဥရောပ ပြိုင်ပွဲ ဝင်ခွင့်နေရာ အတွက် မျှော်လင့်ချက်တော့ ရှိနေပါသေး၏။ ကစားပုံ ကောင်းလာ ပေမယ့် အနိုင် 3 မှတ်လည်း ရယူနိုင်ဖို့ လိုပါ၏။



0
0
0.000
8 comments
avatar
(Edited)

!LOLZ
!MEME

0
0
0.000
avatar

@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @donjaun gets !LOOL from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

0
0
0.000