မိတ်ဆွေ၏ မွေးနေ့အလှူ အမှတ်တရ

(Edited)

မင်္ဂလာရှိကြပါစေ။
ဒီနေ့တော့ အချိန်အားရတာနဲ့ ဖုန်းဂယ်လာရီထဲ ‌လှန်လျောကြည့်ဖြစ်ပါတယ်။
ဒီမှာ မဖော်ပြရသေးတဲ့ ပုံတွေ တွေ့ရလို့ ယနေ့ မျှဝေပေးလိုက်ပါတယ်။

ယခင်လက စစ်ကိုင်းမြို့ သုဗောဒါရုံဘုန်းကြီးကျောင်းတိုက်သို့ ရောက်ဖြစ်ခဲ့သည်။
ကောလင်းမြို့ မှ စစ်ကိုင်းမြို့ သို့ ပြောင်းရွှေ့ကာ နေထိုင်ကြသော မိတ်ဆွေမိသားစု မှ ဘုန်းကြီးကျောင်း ၌ မွေးနေ့အလှူ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

မွေးနေ့ပွဲကို ပျော်ပွဲကျင်းပခြင်း မပြုဘဲ သုဗောဒါရုံကျောင်းတိုက် အတွင်းရှိ သံဃာ အပါး ၄၀၀ ကျော်ကို နေ့ဆွမ်း ကပ်လှူခြင်း ဖြစ်သည်။

မိတ်ဆွေမိသားစု၏ မွန်မြတ်သော ဒါနအလှူကို ကျွန်တော်တို့က သွားရောက်ကာ အားဖြည့်ခြင်း ဖြစ်သည်။
အလှူဒါန ပြုကြရာဝယ် အတူတကွ လုပ်ဆောင်ခြင်းသည် ကုသိုလ်အမျှ ရကြသည် ဖြစ်၍ မိတ်ဆွေကောင်းတွေနှင့် နောင်အနာဂတ်ပါ ရေစက်ပါစေ၏။

မိတ်ဆွေမိသားစု နှင့်အတူ တရားနာကြားပြီး ဆွမ်းလောင်းလှူကာ ကုသိုလ်ယူဖြစ်ခဲ့သည်။
ယခုတော့ ဖုန်းထဲက မိတ်ဆွေမိသားစု အလှူကုသိုလ်ပြုပုံတွေ ပြန်လည်ကြည့်ရင်း ထပ်မံ ကုသိုလ်ပွားလိုက်ရပါတယ်။
မိတ်ဆွေများ သာဓုခေါ်ဆိုနိုင်ကြပါစေ။



64
0
0.000 PAL

8 comments
(Edited)

SARDU
!LUV
!LOLZ

0
0
0.000 PAL
(Edited)

I was in the Post Office queue yesterday when Diana Ross tried to push in.
I said “You can't hurry love, you'll just have to wait...”

Credit: reddit
@walarhein, I sent you an $LOLZ on behalf of golden.future

(2/10)

PLAY & EARN $DOOM

0
0
0.000 PAL