Dock ကာလ
Dockကာလ
ကျွန်တော်တို့ သဘ်ော dock ကာလအကြောင်းလေးကို ရေးသားသွားပါမယ်။သဘ်ောတွေ dockတင်ကြတာ တစ်နှစ်တစ်ခါ နှစ်ပတ်လည် ရှိသလို တစ်ချို့သဘ်ောတွေက သုံးနှစ်တစ်ခါ dockတင်ကြတာ ရှိကြပါတယ်။ဘယ်လို ဘယ်နည်း ဘယ်အချိန်တင်တင် ခုလိုကာလမျိုး အနည်းအများကြုံရ ဆုံရ ပါလိမ့်မယ်။ကျွန်တော်သဘ်ောက သုံးနှစ်တစ်ကြိမ် dockတင်ခြင်းဖြစ်ပါတယ်။
Dockမတင်မှီ မိမိသဘ်ောရဲ့ အလေးချိန် လျော့ချရတယ်။ကျွန်တော်သဘ်ောကတော့ တစ်နေကုန် ရေတံ့တွေထဲက ရေတွေ တစ်ညလုံးစုပ်ထုတ်ရတယ်။ဒါတောင် ရေအကုန် မစုပ်နိင်ဘူး။သဘ်ောအလေးချိန်က တန်-၄၀၀၀လောက်ရှိတယ်။Dockတင်တဲ့ လွန်းကျင်းရဲ့ လေအိတ်ခံနိင်နှုန်းက တန်-၅၀၀၀ဘဲ ရှိတော့ ရင်တမမနဲ့ တင်ရတော့မယ်။
ခုလိုdockတင်တော့ လူတွေလည်း အရမ်းပင်ပန်းပြီး အိပ်ရေးမ၀ဖြစ်သောကြောင့် စိတ်ကတော့မကြည်ဘူးဖြစ်နေတယ်။သဘော် လွန်းကျင်းပေါ်ရောက်ရင် ရေအောက်ပိုင်းမှာ ရှိတဲ့ ခရင်းတွေကို တုရွင်းငံပြာလို အရာမျိုးနဲ့ ထိုးခွာရအုံးမယ်။ထိုသို့ ထိုးခွာပြီးရင်တော့ airmanဆိုတဲ့ စက်နဲ့ သဲထည့်ပြီး သဘ်ောရဲ့ ရေအောက် ကြမ်းပြင်ကို ထိုးရမယ်။
ဒါက တစ်လခွဲလောက်ထိုးရမယ်ထင်တယ်။လူတွေက သဲအိတ်ထမ်းပြီး airmanထဲ အဆက်မပြတ်ထည့်ရပါမယ်။ထိုသို့ထိုးပြီး water jetထိုးပြီး သဘော်ကို ဆေးကြောကာ အောက်ခံဆေးကို ဆေးမှုတ်စက်နဲ့ သဘ်ော တစ်စီးလုံး မှုတ်ရမယ်။ဒါက dockတင်ရင် မလုပ်မဖြစ် လုပ်ရမည် အရာတွေပါ။
ခုတော့ မအားတဲ့ကြားက စာရေးပြီးတင်လိုက်ပါတယ်။စာဖတ်သူအားလုံး အချိန်ပေးဖတ်ပေးလို့ ကျေးဇူးတင်လျက်ပါ။
Author-@tunnaingwin
Date-22.4.2023
Time-10:00AM
အဲသလိုတင်ပေးတော့ ဗဟုသုတရတာပေါ့ဗျာ...ကောင်းမွန်လှပါတယ်...!PGM !LUV
@tunnaingwin, @uthantzin(5/10) sent you LUV. | tools | discord | community | HiveWiki | NFT | <>< daily