အခြေအနေအရ မြန်မာတို့အတွက် ကျွန်တော်၏ အစီအစဉ်

မင်္ဂလာပါ မိတ်ဆွေတို့ရေ။
နံနက်ချိန်ခါ မင်္ဂလာရှိစွာ သာယာအေးချမ်းနွေးထွေးစွာ နေနိုင်ကြပါစေ။

img_0.7261342418068545.jpg

ယခုဆိုလျှင် Data ဈေးက အတော် မြင့်မားလာခဲ့ပါပြီ။
ဖုန်း ဖြင့် အသုံးပြုရသော ကျွန်တော်တို့လို သူတွေ အတွက် internet ကို အသုံးပြု၍ ဝင်ငွေ ရှာနေခြင်းမှာ အတော် ထိန်းထိန်းသိမ်းသိမ်း လုပ်နေရပါတယ်။
ယခုအခါ Hive ဈေးနှုန်းသည်လည်း 1$ အောက်သို့ ကျဆင်းလာခဲ့ပါသည်။
ဝင်‌ငွေရလမ်း နည်းပါးနေသေးခြင်း၊ data ဈေး ကြီးမြင့်ခြင်း နှင့် Hive ဈေး ကျခြင်းတို့ အပြင် VPN ပြဿနာပါ ထပ်တတ်ရပါလျှင် လုပ်ရကိုင်ရတာ အတော် မလွယ်ကြောပါပဲ။

သို့ဖြစ်၍ ယခင်က ကဲ့သို့ လိုင်းပေါ်မှာ တတ်ကြွနိုင်လိမ့်မည် မထင်ပါ။
ဤတွင် ကျွန်တော် အကောင့်များနှင့် ပတ်သက်ပြီး ကျွန်တော် လုပ်ဆောင်မည့် အချက်အချို့ကို ပြောပြပါရစေ။

ဤအကောင့် ဖြင့်တော့ Post တွေကို ဆက်လက် တင်နိုင်အောင် ကြိုးစားပါမည်။
မြန်မာယူဆာတွေ နှင့် ပတ်သက်၍ Engagement အစီအစဉ် သဘော voting ပေးမည့် အကြောင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

img_0.19204575750931804.jpg

ကျွန်တော်၏ ဂိုးဒင်းဖျူးချား ရွှေအနာဂတ် အကောင့်ဖြင့် vote ပေးပါမည်။
မည်သည့်အကြောင်းအရာကို vote မည်လဲ ဆိုတာကတော့ တင်အောင်စိုး အကောင့်မှ တင်သော Post အောက်မှ Comment များကို ဖြစ်ပါသည်။

ဤသည်မှာ ကျွန်တော်သည် မြန်မာယူဆာတို့၏ Post များကို လိုက်လံရှာဖွေပြီး vote ခြင်းဖြင့် အချိန် အသုံးမပြုလိုခြင်း နှင့် ကျွန်တော် တတ်နိုင်သမျှ voting power လေးဖြင့် မြန်မာယူဆာတို့ကို အကျိုးပြုလိုခြင်း တို့ကြောင့် ဖြစ်ပါသည်။

Comment vote ပေးခြင်းဖြင့် မိတ်ဆွေတို့အတွက် အတော်အသင့် အကျိုးဖြစ်ထွန်းစေရန် ကျွန်တော်၏ ရည်ရွယ်ချက် ကောင်းမကောင်း၊ မှန်မမှန်ကို အဘယ်သို့ ယူဆကြပါသလဲ။
အကြံပြုလိုသည်များ ရှိပါကလည်း ဆွေးနွေးနိုင်ပါသည်။

အရာအားလုံး အတွက် ကျေးဇူးတင်ပါသည်။

တင်အောင်စိုး



0
0
0.000

32 comments

အတော်ကောင်းမွန်တဲ့ အကြံပါပဲခင်ဗျာ ။

0
0
0.000

အစီအစဥ်ကို စဦး ပြောလာတဲ့ အပေါ် ကြိုဆိုပါတယ်
မြန်မာ community အနေနဲ့ ပထမဆုံး curator group ရှိဖို့လိုမယ်ထင်ပါတယ်။ ပြီးတော့ Fb group ကနေ ဖြစ်ဖြစ် discord group ကနေဖြစ်ဖြစ် vote ပေးဖို့ သင့်တော်တဲ့ ပိုစ်ကိုရွေးရမယ်ထင်ပါတယ်။ ဘယ်ပိုစ်ကို vote ပေးမယ် မပေးဘူးဆိုတာကတော့ ဘယ်လို အချက်တွေအပေါ် အခြေခံပြီး ရွေးမလဲ ဘယ် စံနုန်းနဲ့ ရွေးမလဲဆိုတာကတော့ Myanmar community အဖွဲ့ဝင်တွေကသတ်မှတ် မှာလား ဘယ်လို သတ်မှတ်မလဲဆိုတာကိုတော့ ဆုံးဖြတ်ကြရမယ်ထင်ပါတယ်။
!BEER

0
0
0.000

လောလောဆယ် ကျွန်တော်ကတော့ ကွန်မန့်တွေကို Curate လုပ်ဖို့ စိတ်ကူးလိုက်တာပါပဲ။
အခြားစည်းမျဉ်းစည်းကမ်းတော့ မထားပါဘူး။
Post တွေကို discord or messenger group တစ်ခုမှာ။စုစည်းနိုင်ရင်လည်း ကောင်းပါတယ်။
မြန်မာတွေ ပိုမို စည်းလုံးနိုင်တာပေါ့။

0
0
0.000

ဟုတ်။ စံနုန်းနဲ့ စရင် ရှုတ်နေနိုင်တာမို့ နောက်မှ တစ်ဖြည်းဖြည်း လိုအပ်သလို ပေါင်းထည့်နိုင်တယ်လို့ ထင်ပါတယ်။
Myanmar curator group တော့ ပထမဆုံးရှိသင့်တယ် ထင်ပါတယ်။ အဲ group မှာ လာချတဲ့ group link တွေကို အဖွဲ့ဝင်တွေက vote ပေးရင် အဆင်ပြေနိုင်မယ် ထင်ပါတယ်။ ချတဲ့ ပိုစ်တိုင်းvote ရမှာဆိုတော့ curators တွေကတော့ vote %ကို ကိုယ့်ဟာကို မဆင်ပြေအောင် ညှိယူရမယ် ထင်ပါတယ်။ တခြား မြန်မာ community members တွေရဲ့ စိတ်ကူးတော့ ဘယ်လိုရှိကြလဲ မသိဘူး။

0
0
0.000

ကောင်းမွန်တဲ့ အစီစဥ်ပါပဲ။
Voting Power အလေအလွင့် မဖြစ်တော့ဘူးပေါ့...

!PIZZA

!LOL

0
0
0.000

ကူညီသမှုလည်း ဖြစ်အောင်ပေါ့

0
0
0.000

ဟုတ်တယ် အခြေအနေအရ လုပ်ရကိုင်ရ ခက်ခဲလာတဲ့အတွက် အစီအစဥ်လေးလုပ်တာ ကောင်းမွန်ပါတယ်...
အစီအစဥ်ကို ကြိုဆိုပါတယ်...အောင်မြင်ပါစေ...!LUV

0
0
0.000

ဒီလိုပဲ အဆင်ပြေသလို လုပ်ကြရမှာပ ။
!PIZZA

0
0
0.000

လုပ်ကြည့်ရတာပါပဲ

0
0
0.000

အားလုံးအတွက် အကျိုးရှိ​စေပါတယ် အစီအစဥ်ကို ကြိုဆိုပါတယ်ရှင်

0
0
0.000

ကျေးဇူးပါ လုပ်ကြည့်ရမှာပေါ့

0
0
0.000

အဆင်ပြေပါစေ bro ရေ

0
0
0.000

curator အဖွဲ့ လုပ်ထားလိုက်ရင် အဆင်ပြေမယ်ထင်တယ်။ !PIZZA

0
0
0.000

Curator ဆိုပြီးတော့ လုပ်ဖို့ကလည်း power က နည်းလွန်းသေးဗျာ

0
0
0.000

ကောင်းတဲ့ အစီအစဥ် လေးပါ။

!LOLZ

0
0
0.000

အရမ်းကောင်းတဲ့အစီအစဥ်လေးပါပဲ အကို
!PIZZA

0
0
0.000

တကယ်လား လုပ်တော့မယ်နော်

0
0
0.000

Congratulations @tin.aung.soe! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out the last post from @hivebuzz:

Hive Power Up Month - Feedback from day 22
0
0
0.000
(Edited)

PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
htwegyi tipped tin.aung.soe (x1)
naythan tipped tin.aung.soe (x1)
myanmarkoko tipped tin.aung.soe (x1)
walarhein tipped tin.aung.soe (x1)
@nyimwa(1/5) tipped @tin.aung.soe (x1)

Join us in Discord!

0
0
0.000