စာရေးချင်ရင် စာဖတ်ပါ

avatar

photo_1532012197267_da84d127e765.jpeg
https://unsplash.com/photos/HH4WBGNyltc
စာရေးချင်စိတ် ရှိနေသူတွေအတွက်သာ ရေးသားဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။
စာရေးတက်တဲ့သူတွေအတွက် ရေးခြင်းမဟုတ်ပါ။
စာရေးတက်သွားပြီဆိုသူတွေအတွက် ရေးသားလိုက်ခြင်းမဟုတ်ပါဟု ပဏမအနေဖြင့် ကြိုတင်ပြောကြားလိုက်ပါရစေ။

ကိုယ်က စာရေးချင်တယ် ဒါပေမယ့် စာမဖတ်ပဲနဲ့တော့ စာမရေးနိုင်ပါဘူး။
ကိုယ်က စာတော့ဖတ်ပါတယ် ဒါပေမယ့် စာရေးချင်စိတ်မရှိပဲနဲ့တော့ စာမရေးတက်ပါဘူး။
ကိုယ်က စာရေးချင်စိတ်လည်း ရှိတယ် စာလည်းဖတ်ပေမယ့် စာမရေးချကြည့်ပဲနဲ့တော့ စာမရေးတက်ပါဘူး။
အဲ့ဒီတော့ စာရေးနိုင်ဖို့အတွက် အဓိက အခြေခံလိုအပ်ဆုံးကတော့ စာဖတ်ဖို့ပါပဲ။
စာမဖတ်ပဲနဲ့တော့ စာရေးနိုင်ကြတဲ့သူတွေ တစ်ယောက်မှမရှိပါဘူး။
လက်ရှိစာရေးနေကြတဲ့သူတွေဟာ စာဖတ်လို့သာ စာရေးနိုင်ကြတာပါ။
စာမဖတ်ပဲနဲ့တော့ စာရေးနေကြတဲ့သူတွေ တစ်ယောက်မှမရှိပါဘူး။
နာမည်ကျော် စာရေးဆရာကြီးတွေဟာ စာမဖတ်ပဲနဲ့ စာမရေးနိုင်ကြပါဘူး။
ထို့ကြောင့် စာရေးချင်ရင် စာဖတ်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ။

အထက်ကရေးချတင်ပြလိုက်တဲ့ စာတွေနဲ့တင် စာတစ်ပုဒ်ဟာ ပြီးဆုံးသွားပါပြီ။
ဆိုလိုချင်တာက စာတစ်ပုဒ်ဖြစ်သွားပြီ အပေါ်မှာ ပေးထားတဲ့ခေါင်းစဥ်က စာရေးချင်ရင် စာဖတ်ပါဟု ရေးချထားတဲ့အတွက်ကြောင့် လိုရင်းတိုရှင်း ရေးချလိုက်တဲ့သဘောပါပဲ။
ဒါပေမယ့် စာရေးချင်တဲ့သူဟာ ငါကတော့ စာကို တိုတိုမရေးချင်ဘူး စာရှည်ရှည်ရေးလိုက်ရမှ စိတ်ကျေနပ်ပါတယ်ဆိုတဲ့ လူတွေအတွက်ကို ဆက်လက်ရေးချတင်ပြလိုက်ရရင်......
ကျွန်နော်တို့ဟာ စာရေးတက်တဲ့လူ စာရေးကြတဲ့နေရာမှာ ကျွမ်းကျင်တက်မြောက်ထားကြတဲ့သူတွေမဟုတ်သလို စာရေးဆရာတွေလည်းမဟုတ်ကြပါဘူး။
"မင်းကကြီးကြီးကျယ်ကျယ် စကားလုံးတွေနဲ့ ဆရာကြီးပုံစံလုပ်ပြီး စာရေးချင်ရင် စာဖတ်ပါဆိုတဲ့ အကြောင်း ရေးရလောက်အောင် မင်းကဘယ်အဆင့်မှရှိနေလို့လဲ "ဆိုပြီး စာဖတ်သောသူတွေက မေးခွန်းထုတ်ကြရင်တော့ "
ကျွန်နော်အဆင့်က စာရေးချင်စိတ် ရှိနေတဲ့ အဆင့်လောက်ပဲ ရှိပါသေးတယ်။
ကျွန်နော် စာမရေးတက်ပါဘူး။
ကျွန်နော် စာရေးမကျွမ်းကျင်ပါဘူး။
ဒါပေမယ့် ကျွန်နော် စာဖတ်နေတဲ့သူတစ်ယောက်ဖြစ်သလို စာရေးချင်နေတဲ့ သူတစ်ယောက်ပါလို့ ပြောကြားလိုက်ပါရစေ။
စာရေးနိုင်ဖို့ စာဖတ်ရပါလိမ့်မယ်မိတ်ဆွေ။
စာမဖတ်ပဲနဲ့တော့ ဘယ်သူမှစာမရေးနိုင်ပါဘူး။
အဲ့ဒီတော့ ကျွန်နော်တို့ စာကိုဖတ်ပြီး စာကိုဘယ်လိုရေးလို့ရနိုင်သလဲဆိုတာကို
ဆက်လက်ရေးချရလျှင်.......
စာရေးချင်နေတဲ့ လူတစ်ယောက်ဟာ မိမိဖတ်နေသောစာအုပ်ထဲက အကြောင်းအရာတွေဟာ မိမိစိတ်ဝင်စားမယ့်အကြောင်းအရာတွေ ဖြစ်ဖို့တော့ အဓိကလိုအပ်ပါတယ်။
မိမိအနေဖြင့် ကိုယ်စိတ်မဝင်စားသောအကြောင်းအရာ စာအုပ်များကို အချိန်တွေဘယ်လောက်ပေးပြီး ဖတ်သည်ဖြစ်စေ အချိန်တွေသာကုန်ဆုံးသွားမယ် စာအုပ်တွေသာ တစ်အုပ်ပြီးတစ်အုပ် ဖတ်ပြီးသွားမယ် တကယ်ပဲ စာရေးချကြည့်တဲ့အချိန်မှာ စာရေးချင်နေတဲ့လူတန်းစားအတွက် ရေးချဖို့စာသား တစ်လုံးမှထွက်လာမှာမဟုတ်ပါဘူး။
ထို့ကြောင့် စာဖတ်တဲ့အခါ မိမိစိတ်ဝင်စားတဲ့ အကြောင်းအရာတွေကိုသာ ရွေးချယ်ပြီးဖတ်ပါလို့ တိုက်တွန်းလိုက်ပါရစေ။
ဒီနေရာမှာ ကျွန်နော်ရေးနေတဲ့အကြောင်းအရာကို ဖြတ်တောက်ပြီး ပြီးပါပြီဆိုပြီး ဆိုပြီး စာကိုအဆုံးသတ်လိုက်လို့မရပါဘူး။

ထို့ကြောင့် လိုရင်းတိုရှင်း ဆက်လက်ရေးချတင်ပြရရင်.........
စာရေးတဲ့အခါ မိမိဖတ်ထားသော စာတွေအတိုင်း ပုံစံတူရေးချလို့လည်းမရပါဘူး။
ရေးချခွင့်လည်း မပေးထားပါဘူး။
အဲ့ဒီတော့ မိမိဖတ်ထားသောစာတွေအပြင် မိမိရဲ့အတွေးအမြင် မိမိရဲ့အတွေ့အကြုံတွေကို ပေါင်းစပ်ပြီး ရေးချလိုက်မယ်ဆိုရင် မိမိဖတ်ထားသော စာတစ်ကြောင်းလောက်နဲ့ကို စာတစ်ပုဒ်ဖြစ်အောင် ရေးချလာနိုင်ပါလိမ့်မယ်။
ဒီအကြောင်းအရာတွေကို ဆက်လက်ရေးမယ်ဆိုရင် ရေးချစရာစကားလုံး အကြောင်းအရာတွေအများကြီး ကျန်ရှိ​ေနသေးပါတယ်။
ဒါပေမယ့်လည်း စာကရှည်လျားနေပြီဖြစ်သောကြောင့် ရေးသားချက်ကို အဆုံးသတ်လိုက်ပါရစေ။
author:@thurawinkyaw
photo images:unsplash.com



0
0
0.000
10 comments
avatar

အခုနောက်ပိုင်းစာမမဖက်ဖြစ်တာ1လလောက်ရှိတော့မယ်ဖက်ဖြစ်တာ2ရက်လောက်ပဲရှိသေးတယ်

0
0
0.000
avatar

စာကိုနေ့စဥ်ဖတ်မှ စာရေးနိုင်ဖို့အတွက် အကြောင်းအရာတွေဖြစ်ပေါ်လာမယ်။
ယခု စာတွေပြန်ဖတ်ပြီဆိုတော့ စာတွေနေ့စဥ်ရေးလာနိုင်လိမ့်မယ်။
စာဖတ်မှစာရေးလို့ရနိုင်ပါလိမ့်မယ်။
စာမဖတ်ပဲနဲ့ဘယ်သူမှစာမရေးနိုင်ပါဘူး။
အဲ့ဒါကြောင့် စာဖတ်ပါ။

0
0
0.000
avatar

ဟုတ်ကြိုးစားလိုက်အုံးမယ်

0
0
0.000
avatar

သမီးဆိုအရင်တုန်းကဆိုစာဖတ်ရတာဘဲကြိုက်တယ်စာရေးရတာမကြိုက်ဘူး.Hiveပေါ်ရောက်လာတော့လဲသွသူရေးချင်သွားတာဘဲ.Hiveရဲ့super powerလို့ဘဲပြောရမလား😅

0
0
0.000
avatar

စာရေးချင်တဲ့စိတ်ဆိုတာ စာဖတ်ခြင်းကအစပြုလာတာပဲ။
စာတွေကို ဖတ်တာများလာပြီဆိုရင် စာရေးချင်တဲ့စိတ်တွေက သူ့လိုလို မိမိရဲ့စိတ်ကဖြစ်ပေါ်လာတက်တဲ့သဘောရှိတယ်။
အဲ့ဒါကြောင့် စာရေးလို့မရရင် မိမိကြိုက်နှစ်သက်တဲ့ စာအမျိုးအစားတွေကို ရွေးချယ်ပြီး ဖတ်ကြည့်ပါ။
စာဖတ်တဲ့နေရာမှာ အများကြိုက်နှစ်သက်နိုင်တဲ့ စာတွေကအဒီကမကျပါဘူး။
ကိုယ်ကြိုက်တဲ့စာအမျိုးအစား အကြောင်းအရာကို ရွေးချယ်ပြီးဖတ်ပါ။
ပြီးတော့ မိမိရဲ့ အတွေးအမြင်တွေနဲ့ ပေါင်းစပ်ပြီး ရေးချကြည့်ပါ။
ရေးနေတာတွေများသွားလို့ ကလောင်တန်ကို လက်ကဘရိတ်ဟို့လိုက်ရတဲ့အထိ စကားလုံးများထွက်ကျလာပါလိမ့်မယ်။

0
0
0.000
avatar

Congratulations @thurawinkyaw! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s) :

You got more than 200 replies.
Your next target is to reach 300 replies.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out the last post from @hivebuzz:

Hive Power Up Month - Feedback from Day 7
0
0
0.000
avatar

ကျွန်နော်ကြိုးစားနေပါတယ်။

0
0
0.000
avatar

စာဖတ်တာတော့ သိပ်ကောင်းတာဘဲ
မဖတ်ဖြစ်တော့တာ ကြာပြီ
အကျင့်ပျက် သွားတာ
ပုံမှန်လေး ပြန်ဖတ်ကြည့်ရမယ် တစ်ရက်နည်းနည်း

0
0
0.000
avatar

ကျွန်နော်ကတော့ စာဖတ်ဖို့အတွက် အမြဲကြိုးစားနေမိတယ်။
စာရေးတဲ့အချိန်မှာ စာဖတ်နေတဲ့အတွက် ရေးစရာတွေက အလိုလိုထွက်လာခဲ့တယ်ဗျာ။

0
0
0.000