နှင်းမေတ္တာသွန်း-၂
#၁လပြည့်တဲ့နေ့ရောက်တော့..ချက်ကကြွေတာ အကုန်မဟုတ်ဘဲ အတက်လေးကျန်နေခဲ့လို့ ဆေးခန်းသွားရတယ်...။
##၁လနဲ့ ၂လအတွင်းကတော့..ဆေးခန်းလည်းမကြာခဏသွားရသလို ဆေးရုံထိတောင် ultra sound သွားရိုက်လိုက်ရသေးကွယ်..သမီးက ဝမ်းအသွားများနေတာ မသိတော့..ကြာလာတော့ အူနံရံတွေပါးပီးသွေးမျှင်လေးတွေပါ ပါလာလို့..ဝမ်းထဲများဘာဖြစ်သလဲအပူနဲ့ ရိုက်ကြည့်ရတာပေါ့လေ။..အဲ့နေက ဆေးရုံက ultra sound ရိုက်ပေးတဲ့ဆရာမကလည်း အလာနောက်ကြတော့ သားဖ (၃)ယောက် လမ်းဖက်ထွက်ပီး အကြော်ဆိုင်သွားကာ လမ်းဘေးက ထိုင်ခုံလေးမှာ ဗိုက်ဆာဆာနဲ့ စားဖြစ်ကြတယ်လေ...ဒါမယ့်အမေကတော့..သမီးလေးနို့စိုရင် အကျော်တွေစားရင် ဝမ်းမကောင်းမှာစိုးလို့ အများကြီးမစားဘူး..အဖေပဲစားတာပေါ့..." ။
##၃ လထဲရောက်လာတော့..ပထမအပတ်ထဲမှာပဲ ကာကွယ်ဆေးထိုးရပီ..လက်ေ မာင်းတချက် ပေါင်းတချက်စီ ပေါင္း (၃)ချက်ဆိုတော့ အဖေ့သမီးလေး ငိုရုံဘယ်ကမလည်း ၃ရက်လောက်ထိဖျားနေလို့ နေ့ရောညရော အေဖနဲ့အေမဆို မအိပ်ရဘူး ကိုယ်တွေကလည်း ညနေတိုင်ရောက်ပီဆိုကလေးနဲ့မလိုက်အောင် ပူလာလွန်းလို့ အဖေနဲ့အမေက စိုးရိမ်လိုက်ရတာပေါ့..သနားလိုက်တာအေဖ့သမီးလေး....။ဒါနဲ့ မှတ်မှတ်ရရ လမ်းထိပ်ကအလင်းရောင်ဆေးဆိုင်လေးမှာ ကိုယ်ပူကျကပ်ဆေးဝယ်ပီးကပ်ထားလိုက် မှပဲ နောက်နေ့အပူကျသွားတော့တယ်...။
###၃လပိုင်းထဲကတော့..ခါတိုင်းလိုဝမ်းလျောတာတွေ အ ဖြစ်နည်းသွားတော့တယ်..ပီးတော့..သမီးလေးစီးရအောင်လို့ဆိုပီး အဲ့နေက အပိုချိန်ကရလာတဲ့ပိုက်ဆံနဲ့ လက်တွန်းဘီးလေးဝယ် ဖြစ်သွားတယ်..သမီးလေးက အဲ့ဘီးလေးစီးနေရရင် ငြိမ်နေတာပဲ..တခါတခါ စကားတွေလည်းတစ်ယောက်ထဲအရမ်း ပြောပြောလာတယ်..တခါတလေ အဖေကျောင်းပြန်နောက်ကျလာရင်ကို အဖေ့ကိုသတိရလို့တဲ့ သူ့အမေ့ကို မျက်နှာလေးမဲမဲ့ပြပီးငိုပီဆို ချော့လို့မရတော့ဘူး..။ နောက်ံဆုံး မောပီးအိပ်ပျော်သွားတော့မှပဲ တိတ်တော့တယ်..သနားပါတယ်ဖေ့သမီးလေး...အရမ်းချစ်တယ်ကွယ်...။
##(၄)လ
မှတ်မိသေးတယ်..နိုဝင်ဘာလလေးထဲမှာသမီးလေးရေ..အဖေတို့ ဒီဇင်ဘာကျောင်းပိတ်ရက် အမေကြီးတို့ဆီ ပထမဆုံး သမီးကိုမွေးကတည်းက တစ်ခါမှမရောက်သေးလို့ ပထမဆုံးအခေါက်သွားခြင်းပေါ့ကွယ်...။
အမေဖြစ်သူကလည်းရထားကမူးတယ်တဲ့..ကားဆိုပိုမူးပြန်ရောတဲ့..အဲ့ဒါနဲ့အဖေတို့ အဲ့ဒီအခါတုန်းက ထွက်တဲ့ လေအိတ်ရထားကိုလက် မှတ် (၄)ဆောင်ဖြတ်လိုက်တယ်..လိုရမယ်ရပေါ့..သမီးလေးလည်းပါတာဆိုတော့..တော်ကြာထိုင်ခုံကအရမ်းကျပ်နေရင် သမီးလေးငိုမှာစိုးလို့ အပိုစောင်းပေါံ့ကွယ်...။
ဒါမယ့်..အဖေကတော့ ကားနဲ့ပိုသွားချင်တာပေါ့..ရထားပေါ်က လူအရမ်းစုံတယ် ဆေးလိပ်/ကွမ်းယာကအစ စည်းကမ်းမရှိပဲ သုံးစဲွကြတယ်..အဲ့ကြောင့်မို့..အဖေ့သမီးလေးကအရမ်းငယ်သေးတော့..ဆေးလပ်အငွေ့တွေခံလို့မရနိုင်သေးဘူး အဆုတ်တို့ နှလုံးတို့ကအရမ်းငယ်တယ်လေ..ကိုယ်တွေလိုက်တဲ့ရထားတဲွမှာ ဆေးလိပ်မသောက်တဲ့သူတွေနဲ့တွေ့ပါစေပဲ ဆုတောင်းနေမိပေါ့သမီးရယ်။
ရထားက မြစ်ကြီးနားကနေ..၁၂:၄၅ထွက်တယ် တခါမှ မတွေ့ကြုံ့ဖူးသေးတာဆိုတော့..သမီးက ဟိုကြည့်ဒီကြည့်လိုက် ဒီလိုနဲ့ အဖေဆီတစ်လှည့် အမေဆီတစ်လှည့်ပွေ့လာရင်းနဲ့ ညနေစောင်းနေဝင်လာပီပေါ့...သမီးလေးကလည်း..ရထားပေါ်တက်လာလိုက်ကတည်းက
တရေးမှကိုမှမအိပ်ရှာဘူး..။
ခါတိုင်းအိမ်မှာဆို အိပ်တာပေါ့ဗျာ..ကျနော်တို့လည်းချော့သိပ်ရှာပါတယ်..ဒီလိုနဲ့ နဲနဲလေးသူအနေရကျပ်တယ်ထင်လာရင် အသံလေးတွေပေးလာရင်းအမေနို့ဆီစို့ရတာပေါ့...ဒီကြားထဲ အတဲွရဲ့အလည်ကလူတစ်ယောက်က ကျနော်တို့ အစွန်ဘက်ဆုံးမှာလာပီး ဆေးလိပ်သောက်နေရဲ့ဗျာ..ကျနော်လည်း အဲ့လူကိုကျေးဇူးပြုပီးဆေးလိပ်မသောက်ဖို့ ပြောလိုက်တော့..အော်..တဲ့.. ခဏနေတော့..သူနေရာသူပြန်သွားပီး..သူ့နားက လူငယ်တစ်စုကထလာကြတယ်..ကျနော်လည်းသူတို့ကို..
အင်း..ဒီကောင်တွေလည်း ဆေးလပ်သောက်မပေးကြပါစေနဲ့လို့ ဆုတောင်းနေတာပေါ့..။
Photos by sheinthu
MHC-026
@sheinthu
27/11/2021(9:35)pm /sat
သသသသူတွေနဲ့တွေ့ပါစေဆိုပီး ဆုတောင်းရသေးတာပေါ့ကွယ်...။
မိဘမေတ္တာတွေ ရေးပြသွားတာပ။
!LOLZ
lolztoken.com
I still can't figure out y.
@sheinthu, I sent you an $LOLZ on behalf of @htwegyi
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/6)
သမီးငယ်လေးကြီးလာရင် အမှတ်တရလေးဖြစ်အောင်ပ ဦးထွေးရယ်😍။!PIZZA
ဖတ်ကောင်းတယ်ဗျို့... ကိုရှိန်းသူ... နောက် post တွေကို စောင့်မျှော်နေတယ်နော့. !PIZZA
ဟုတ်ကဲ့ ကိုဟင်ရေ ကျနော့ရဲ့ဘဝတွေမို့ ဒီစာတွေဟာ နောင်လာမယ့်သမီးကြီးလာရင် သိစေချင်တာသက်သက်လောက်ပဲ ရည်ရွယ်မိရုံပါ့။!PIZZA
သမီးလေးက ဝဝကစ်ကစ်လေး နဲ့ ချစ်စရာလေး ပါ။
!PIZZA
THANK U😍
အဲဒါပဲ မိဘမေတ္တာဆိုတာ။
ဟုတ်တယ် ကိုညီရေ...🥰။!PIZZA
PIZZA Holders sent $PIZZA tips in this post's comments:
sheinthu tipped nyimwa (x1)
sheinthu tipped htwegyi (x1)
myothuzar tipped sheinthu (x1)
sheinthu tipped kachinhenry (x1)
kachinhenry tipped sheinthu (x1)
@uthantzin(9/10) tipped @sheinthu (x1)
You can now send $PIZZA tips in Discord via tip.cc!
ဖတ်လို့ကောင်းပါတယ်။မိဘမေတ်တာ ပုံပေါ်အောင်ရေးုပသွားတာ အရမ်းကောင်းပါတယ်။...!PIZZA
မိဘဖြစ်မှ မိဘတွေရဲ့နေရာပြန်ခံစားရလေ ကိုယ့်အပေါ်လည်း သူတို့ ဘယ်လောက်ထိတောင် ချစ်ခဲ့ကြမလည်း ဆိုတာတွေလည်း ပိုသိလာရပြန်လေတယ် ကိုသန့်စင်ရေ။!PIZZA