Most frequent numbers (1 to 9)
သင်၏ မွေးနေ့ (မွေးရက် + မွေးလ + မွေးနှစ် ) ကို၎င်း၊ သင်၏ အမည်နာမကို၎င်း စာရွက်ပေါ်တွင် ချရေးလိုက်ပါ။ တူညီသော ဂဏန်းတလုံးသည် အကြိမ်မည်မျှအထိ ပါဝင်နေသည်ကို စီစစ်ကြည့်ပါ။
မွေးနေ့နှင့် အမည် နှစ်ခုလုံးတွင် ဥပမာ - ၂ ဂဏန်းများနေခြင်း သို့မဟုတ် ၄ ဂဏန်း များနေခြင်းတို့ကို တွေ့ရှိပါက ၂ ဂဏန်း၏စွမ်းအင်၊ ၄ ဂဏန်း၏စွမ်းအင်တို့သည် သင့်အပေါ် အခြားဂဏန်းများထက် ပိုမို၍ စိုးမိုးချုပ်ကိုင်မှု ရှိနေပါသည်။
၁ မှ ၉ အထိ ဂဏန်းများသည် လူတဦး၏ မွေးနေ့နှင့် အမည်နာမများအပေါ် ဩဇာသက်ရောက်မှု ရှိပါသည်။ မွေးနေ့ သို့မဟုတ် အမည်နာမတွင် ဂဏန်းတလုံး၏ အရေအတွက် များလာလေလေ ထိုဂဏန်း၏ သဘောသဘာဝများ ပိုမိုအသက်ဝင်လာလေပင် ဖြစ်သည်။
အထူးသဖြင့် သင်၏ အမည်နာမဂဏန်းများကို စစ်ဆေးကြည့်ပါလေ။ မိမိအမည်ကို တွက်ချက်ကြည့်ပြီး ကောင်းသောပင်ကိုယ်စွမ်းရည်ကို ရွေးချယ်နိုင်ပါသည်။
AUNG SAN SUU KYI
(1+3+5+7)+(1+1+5)+(1+3+3)+(2+7+9)
1 = ၄ လုံး
2 = ၁ လုံး
3 = ၃ လုံး
5 = ၂ လုံး
7 = ၂ လုံး
9 = ၁ လုံး
(1) ဂဏန်း များများပါရှိလျှင် -
- ရည်မှန်းချက်ကြီးမားခြင်း
- လွတ်လွတ်လပ်လပ်နေလိုခြင်း
- အသစ်တီထွင်မှု လုပ်ဆောင်ခြင်း
- အတ္တကြီး၍ အပေါ်စီးကဆက်ဆံတတ်သူ ဖြစ်ခြင်း
(2) ဂဏန်း များများပါရှိလျှင် -
- ဆက်ဆံရေးနည်းပညာ ကျွမ်းကျင်သူဖြစ်ခြင်း
- လူမှုရေးသဟဇာတဖြစ်ခြင်း
- ဂီတ၊ အက၊ အနုပညာနှင့် အရောင်ကို မြတ်နိုးသူဖြစ်ခြင်း
(3) ဂဏန်း များများပါရှိလျှင် -
- ထင်ပေါ်ကျော်ကြားလိုသူ
- အတွေးကောင်း၍ ဟာသဉာဏ်ရွှင်သူ
- ဖော်ရွေစွာ ဆက်ဆံတတ်သူ
- တာဝန်ယူတတ်မှု၊ သည်းခံမှု ရှိသင့်သည်
(4) ဂဏန်း များများပါရှိလျှင် -
- ရိုးသား၍ ချွေတာစုဆောင်းတတ်ခြင်း
- သိပ်သည်းကျစ်လစ်ခြင်း
- အလုပ်ကြိုးစားခြင်း
- အသေးစိတ်လုပ်တတ်ခြင်း
- စွဲမြဲခြင်း၊ စည်းကမ်းစနစ်ရှိခြင်း
- အဆုံးအဖြတ်နှင့် သမာဓိကောင်းခြင်း
- ခေါင်းမာမှု မလွန်ကဲစေပါနှင့်။
(5) ဂဏန်း များများပါရှိလျှင် -
- ဆန့်ကျင်ဘက်လိင်တို့အား စိတ်ဝင်စားခြင်း
- အချစ်ခံရခြင်း
- ပျော်ပါးမြူးခုန်တတ်ခြင်း
- အပြောင်းအလဲကြိုက်ခြင်း
- ခရီးသွားလာခြင်း
- ပျော်ပျော်ရွှင်ရွှင်နေခြင်း
- လွတ်လပ်မှုကို သဘောကျခြင်း
- ဉာဏ်ကောင်းခြင်း
- ဆန်းသစ်သော အရာရာကို စိတ်ဝင်စားခြင်း
- အာရုံကြောအားနည်း စိတ်တုန်လှုပ်ခြောက်ခြားလွယ်ခြင်း
- စိတ်မြန်ခြင်း
(6) ဂဏန်း များများပါရှိလျှင် -
- ခိုင်မြဲမှုရှိ၍ မိသားစုစိတ်ဓါတ်ရှိခြင်း
- တာဝန်ကျေပွန်ခြင်း
- ဆရာကောင်း မိဘကောင်းဖြစ်ခြင်း
- မိမိသားချင်း တိုင်းပြည်နှင့်လူမျိုးကိုချစ်ခြင်း
- သို့ရာတွင် ငြင်းခုံရန်ဖြစ်ခြင်းကို ရှောင်ရမည်။
(7) ဂဏန်း များများပါရှိလျှင် -
- ပြီးပြည့်စုံခြင်း
- သုံးသပ်ဝေဖန်ခြင်း
- သုတေသနပြုတတ်ခြင်း
- နည်းစနစ်ကျ၍ နာမ်ပိုင်းဆန်ခြင်း
- နက်နဲစူးရှသောစိတ်ဓါတ်ရှိ၍ အတွင်းကျကျလိုက်တတ်ခြင်း
- နာမ်ပိုင်းဆိုင်ရာကိစ္စများကို စိတ်ဝင်စားခြင်း
- ၎င်းတို့သည် လှို့ဝှက်ခြင်းလွန်ကဲမှုကို ထိမ်းပါ။
(8) ဂဏန်း များများပါရှိလျှင် -
- စီးပွားရေးစွမ်းဆောင်အောင်မြင်ခြင်း
- အုပ်ချုပ်မှုစွမ်းရည် ခေါင်းဆောင်စွမ်းရည်ရှိခြင်း
- နည်းပရိယာယ်ကြွယ်ဝခြင်း
(9) ဂဏန်း များများပါရှိလျှင် -
- လောကအမြင်ရှိခြင်း
- အနုပညာဆန်၍ တီထွင်မှုစွမ်းရည် စာပေစွမ်းရည်ရှိခြင်း
- ခရီးသွားလာမှုကို နှစ်သက်သူများဖြစ်ခြင်း
သင်္ချာဗေဒကို စိတ်ဝင်စားသူသည် ယခင် Modern Numerology ပို့စ်များကိုပါ ဖတ်ရှုရန် လိုအပ်ပါသည်။ သင်္ချာဗေဒပို့စ်အားလုံးသည် မိမိ၏ ဘလော့ပေါ်တွင် တည်ရှိနေပါသည်။ မော်ဒန်သင်္ချာဗေဒသည် လေ့လာရန် လွယ်ကူသောကြောင့် ပထမဦးစွာ မိတ်ဆက်ရေးသားပေးခြင်း ဖြစ်ပါသည်။
မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။
@sayalu
20.01.2022
Congratulations @sayalu! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):
Your next target is to reach 1250 upvotes.
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
To support your work, I also upvoted your post!
Check out the last post from @hivebuzz:
Support the HiveBuzz project. Vote for our proposal!
စိတ်ဝင်စားစရာပါပဲ
တွက်ကြည့်ပါဦးမယ်
!BEER
View or trade
BEER
.Hey @sayalu, here is a little bit of
BEER
from @princekham for you. Enjoy it!Learn how to earn FREE BEER each day by staking your
BEER
.