"ငါတို့အတွက်ရောင်နီ"

avatar

mountain_morning_greeting.jpg

"---ရှပ်-ရှပ်-ရှပ် --" "ရှုး-တိုးတိုးကွ--" "အေးပါကွာ သတိထားအုန်း-ဖြေးဖြေး--"

အချိန်ကား နံနက်ဝေလီဝေလင်းခန့် ၃နာရီနှင့် ၄နာရီကြားကာလ အထူးသဖြင့် အိပ်မောကျကောင်းသောအချိန်။ အသက်အရွယ်အားဖြင့် လူငယ်လူလတ်ပိုင်းအရွယ် လူငယ်သုံးဦးသည် ပိန်းပိတ်အောင်မှောင်နေသော ကိုင်းတောကြီးကို အကာကွယ်ယူကာ မိချောင်းသွားတွားသွားရင်း အုတ်တိုက်ဘန်ဂလိုလေးဘေးသို့ တဖြည်းဖြည်းချည်းကပ်လာနေကြသည်။ တစ်ဦးကိုတစ်ဦး လေသံတိုးတိုးဖြင့် သတိပေးကြရင်း စနစ်တကျ လေ့ကျင့်ထားသည့်အတိုင်း ရည်မှန်းရာသို့ တရွေ့ရွေ့ ချီတက်နေကြသည်။

ရောက်လာပါပီ လူငယ်သုံးဦးသည် ဘန်ဂလိုလေးနံဘေးသို့ တိတ်ဆိတ်စွာချည်းကပ်နိုင်ခဲ့သည်။ တစ်ဦးကိုတစ်ဦးလက်ဟန်ခြေဟန်ဖြင့် အချက်ပြလိုက်ကြသည်။ ပထမတစ်ဦးမှ အဆောက်အဦး၏ ညာဘက်ခြမ်းသို့ ညင်သာစွာ ရွေ့လျားသွားလိုက်သည်။ သူနေရာကျလျင် အချက်ပြလိုက်၍ နောက်တစ်ဦးမှ ဘယ်ဘက်ခြမ်းသို့ ပထမတစ်ဦးအတိုင်း ညင်သာစွာရွေ့လျားသွားပြန်သည်။ အလယ်မှာကျန်ခဲ့သည့် ခေါင်းဆောင်ဖြစ်ဟန်တူသူ လူငယ်မှ လက်ဟန်ခြေဟန်ဖြင့် သင်ကေတဘာသာစကားဖြင့် အချိတ်ဆက်မိမိ ကွန်မန့်ပေးကာ လှုပ်ရှားနေကြသည်။

"ခေါ-ခလူး-ခေါ-ခွီး" ဘန်ဂလိုလေးအတွင်းမှာကား ည၏ဂီတကို ပုံဖော်နေကြသော လူတစ်စုမှာ သူတို့အတွက် အပြင်ဘက်မှရောက်ရှိလာမည့် အရာအား မသိလေရော့သလား စီးချက်ညီညီ လူငါးယောက် အတိုင်အဖောက်ညီနေကြသည်။ "ခေါ-ခလူး-ခေါ-ခွီး"။ "ခေါ-ခလူး-ခေါ-ခွီး"။

"ခွမ်း-ခလွမ်း-ခွမ်း- ဒိုင်း-ဒိုင်းဒိုင်း- ဒက်ဒက်ဒက်-ဝုန်း" ရုတ်တရက် ဘန်ဂလိုအပြင်ဘက်မှ လူငယ်သုံးယောက်သည် တူညီသောအချက်ပြမှုဖြင့် မှန်ပြတင်းအား ရိုက်ခွဲကာ ကိုင်ဆောင်လာသော လက်နက်များဖြင့် အဆောက်အဦးတွင်းမှ ညဂီတ ပုံဖော်နေသူတစ်စုအား ကျည်ဆန်လက်ဆောင်များ ဖောဖောသီသီ ပစ်ဖောက်ပေးလိုက်ကြသည်။ နောက်ဆုံးပိတ် စိတ်ချရစေရန် နာနာတ်သီးတစ်လုံးပစ်ထည့်ကာ ပွဲသိမ်းလိုက်ကြသည်။

အဖြစ်ပျက်သည် မိနစ်ပိုင်းသာ ကြာလိုက်သည်။ လူငယ်သုံးဦးမှ ဘန်ဂလိုအတွင်းမှ မိမိတို့အတွက် အသုံးဝင်သော လက်နက်အချို့အား ရယူသိမ်းဆည်းကာ နံနက်ဝေလီဝေလင်းအချိန်၏ မှောင်ပျပျ အလင်းအား အကာအကွယ်ယူလျက် သွက်သွက်လက်လက်ပင် ခြေရာဖျောက်ကာသွားကြသည်။

အရှေ့ရပ်ဆီက ရောင်နီသန်း၍လာချေပီ။ မစ်ရှင်တစ်ခုအား အောင်မြင်စွာ ဆောင်ရွက်လိုက်နိုင်သော လူငယ်လေးသုံးယောက်သည် "ငါတို့အတွက်ရောင်နီ၊ မင်းတို့အတွက် သေပြီဟေ့" လို့ သုံးယောက်သား ကြွေးကြော်လိုက်ကြတော့သည်။

မြန်မာပြည်ကြီး အမြန်ငြိမ်းချမ်းပါစေ။

dqmetjuhgm2ygjsswdd1yz7cbknwcmumjcuoagnswkumoxe_1680x8400.jpg

@nyimwa
23.10.2021 : PM



0
0
0.000
15 comments
avatar

Congratulations @nyimwa! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s) :

You published more than 20 posts.
Your next target is to reach 30 posts.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

0
0
0.000
avatar

တို့အောင်ပွဲ နီးလာပီလေ။ !PIZZA

0
0
0.000
avatar

အောင်ပွဲနဲ့အတူ ။ 😃

0
0
0.000
avatar

ကျေနပ်ချက်။

0
0
0.000
avatar

ကျေနပ်အားရဖြစ်ရတယ်ဗျ။

0
0
0.000
avatar

အဲဒီ mission ထဲမှာ မမြင်ရတဲ့ သူတွေရဲ့ အကူအညီတွေ အများကြီး ပါပါ လိမ့်မယ်။ ...!PIZZA

0
0
0.000
avatar

ဟုတ်မယ်ဗျ တိုင်းပြည်အတွက် လူငယ်လေးတွေ အခက်အခဲများစွာနဲ့ ဆိုတော့ ကိုဟင်ပြောသလို မမြင်ရသော အကူညီပေါင်းများစွာနဲ့ပေါ့ဗျာ။

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA!
PIZZA Holders sent $PIZZA tips in this post's comments:
htwegyi tipped nyimwa (x1)
@uthantzin(10/10) tipped @nyimwa (x1)
kachinhenry tipped nyimwa (x1)
Learn more at https://hive.pizza.

0
0
0.000
avatar

The story is beautiful, I read it with the help of google translate.🙂

0
0
0.000
avatar

Thanks you friend. And this is a true story.

0
0
0.000
avatar

ညီညာ ပြည်သာ ရောင်နီဖြာ။
!PIZZA

0
0
0.000
avatar

ဟုတ်ပဗျာ ညီညာမှ ပြည်သာမယ်။

0
0
0.000
avatar

ဖတ်ရတာ အားရှိလိုက်တာ။ကောင်းလိုက်တဲ့ Mission ပဲ...!PIZZA

0
0
0.000
avatar

ဆက်လက်ပီး အားရှိစေရမယ်။ 😃

0
0
0.000