မကပ်သောစိတ်နှင့်လူ

avatar

မဂ်လာပါ မြန်မာဟိုက်ဗ်အဖွဲ့သားများခင်ဗျား။

img_20180715_174412.jpg
( my family )

ယခုတစ်ပါတ်အတွင်းကျွန်တော် စာမရေးနိုင်ပါ။ ထွေထွေထူးထူးအလုပ်များနေခြင်းမဟုတ်ပဲ စာရေးပျင်းနေခြင်းသာဖြစ်သည်။

အချိန်ကာလသည်လည်း ဘယ်အချိန်ဘယ်နေရာမှာ ဘာဖြစ်မယ်ဆိုတာ ရေရေရာရာ မပြောနိုင်သော ခေတ်ကာလအချိန်ဖြစ်နေ၍ အစစအရာရာ သတိကြီးစွာထားနေရသောအချိန်ဖြစ်သည်။

ကျွန်တော်များနေထိုင်ရာ ရက်ကွက်သည် မြို့စွန်ရပ်ကွက်ဖြစ်သည့်အလျောက် ဥပဒေလွတ် ခိုးဆိုးလုယက်များက အခွင့်သာရင်သာသလို ဆိုးသွမ်းနေကြသဖြင့် မိမိတို့ မိသားစု စားဝတ်နေရေးအတွက် ပူပန်ရသလို မိသားစုလုံခြုံရေးအတွက်ပါ နောက်ထပ်ဆင့်ကာ ပူပန်နေကြရသည်။

ယမန်နေ့ နေ့ခင်းစောစောပိုင်းက အရပ်ထဲတွင် ပစ်ကြခတ်ကြနှင့် ငရဲပွက်သည့်အလား တိုက်ပွဲငယ်လေးဖြစ်သွားခဲ့သည်။ အေးချမ်းသော ရပ်ကွက်လေးသည် သေသူသေကြေသူကြေနှင့် ပြေးကြပုန်းကြ ဝရုန်းသုန်းကားဖြစ်သွားသည်။

သို့နှင့် အဘက်ဘက်က ဘေးကြပ်နံကြပ်အချိန်တွင် ကျွန်တော့ဦးဏှောက်တို့သည် စာရေးရန်မစဉ်းစားနိုင်တော့ပဲ စိတ်နှင့်လူနှင့်မကပ် ဖြစ်နေရသည်။ စိတ်ဝင်စားသလားဆို စိတ်ဝင်စားတယ် လုပ်ချင်တယ် သို့သော် လုပ်ဟဆိုပြန်တော့ မလုပ်ချင်မကိုင်ချင် စိတ်နဲ့လူနဲ့မကပ် ဒီလိုအဖြစ်မျိုးလူတိုင်းကြုံဖူးကြမည်ထင်သည်။

မြန်မာပြည်ကြီးအား အမြန်ငြိမ်းချမ်းစေချင်သည်။

မည်သို့ပင်ဖြစ်စေ ဟိုက်ဘလော့ချိန်းမှာတော့ နေ့စဉ်တစ်ခုမဟုတ်တင်ကာ မူးစိမတ်စိလောက်တော့ အင်ကမ်းလေးရှိနေအောင် ကြိုးစားနေဦးမည်။

@nyimwa
30.10.2021 :PM



0
0
0.000
8 comments
avatar

ဟုတ်ပ ဒီအပူတွေ အမြန်ငြိမ်းချင်ပါပြီ။ဒီစိတ်နဲ့စာရေးရတာ အတော်မလွယ်တာဗျ။ !PIZZA

0
0
0.000
avatar

မလွယ်တာတော့အမှန်ပဲ နေ့စဉ်ပိုစ်လေးတော့ ဖြစ်ညှစ်ရေးနေရတာ။

0
0
0.000
avatar

ဟုတ်တယ်။ အမြန်အေးချမ်းမှသာပဲ။ နို့မို့မလုံခြုံဘူး။

0
0
0.000
avatar

အလုံခြုံတာတော့အမှန်ပဲ ဘယ်နားသွားပုန်းရမှန်းကိုမသိတော့ဘူး။ 😁

0
0
0.000
avatar

ဟုတ်ပ တနေ့တနေ့ ဒီအပူနဲ့ ဘယ်မှာ စိတ်အေးနိုင်မလဲလေ။ !PIZZA

0
0
0.000
avatar

စိတ်လဲမအေးနိုင် အားတင်းနေရတယ်။

0
0
0.000