ကျွန်တော်တွေးမိလေသော ရပ်ကွက်ထဲမှသူများအကြောင်း
မင်္ဂလာပါ။ မြန်မာဟိုက်ကွန်မြူနတီအဖွဲ့သားများခင်ဗျား။
ခရစ္စမတ်ညကို ကျော်လွန်ခဲ့ပီးနောက် ကျွန်တော်တို့၏ ဆောင်းညများသည် ပို၍အေးစက်လာနေသည်ဟု မြင်ယောင်မိသည်။ ဒီလိုအချိန်မှာ ကျွန်တော့်အနေနှင့် ဘယ်လိုစာများရေးသားရမည်လဲ စဉ်းစားရင်း အချိန်တို့သာ ကုန်သွားသည် ရေးစရာအကြောင်းက မုဒ်သွင်း၍မရ ဖြစ်နေရပြန်သည်။
မယ်မယ်ရရ ရေးစရာမရှိပြန်တော့ ကျွန်တော်တို့ ရပ်ကွက်အတွင်းက သူများအကြောင်းသာ ထပ်ခါတလဲ ရေးသားရင်း နေ့စဉ်ပိုစ်တင်နိုင်ရန် ကြိုးစားရပြန်သည်။
ဒီနေ့အတွက် ရပ်ကွက်တွင်းက မည်သည့်စူပါမင်းက အလှည့်ကျလာမည်နည်း။ ကျွန်တော် လှည့်ပတ်စဉ်းစားရင်း လူတစ်ယောက်အကြောင်းကို သတိရလိုက်သည်။ ထိုသူ့အကြောင်းကို ဟိုအရင် အချိန်များကလည်း ရေးသားခဲ့ဖူးခြင်းမရှိခဲ့ချေ။ သူ့အကြောင်းရေးမည် ရေးမည်နှင့် အခြားသော အကြောင်းများသာ ရေးဖြစ်ခဲ့သည်။ ဒီတစ်ကြိမ်တော့ သူ့အကြောင်းကို သေချာပေါက်ရေးချနိုင်ပါပြီ။
အသားမဲမဲ လူကောင်ကဝဝနှင့် သူ့နာမည်က ကိုတရုတ်ကြီး ဖြစ်သည်။ သို့သော် အရပ်ထဲမှ လူအများကမူ ဦးတုတ်ကြီးလို့သာ ခေါ်ကြသည်။ သူနှင့် ကျွန်တော် သိကျွမ်းမိစဉ်က သူ့အား ဦးတုတ်ကြီးဟုသာ သိခဲ့သည် နောင်တွင် သူနှင့်ရင်းနှီးသွားရာမှ သူ၏ ငယ်အမည်နှင့် မှတ်ပုံတင်အမည်မှာ မောင်တရုတ်ကြီး ဖြစ်ကြောင်းသိရသည်။
သူ၏ ငယ်စဉ်ကလေးဘဝသည် ဖြူဖြူဖွေးဖွေး တရုတ်ကလေးနှင့်တူ၍ သူ၏ အဘမှ တရုတ်ကြီးဟု ချစ်စနိုးခေါ်တွင်ရင်း ကျောင်းအမည်နှင့် မှတ်ပုံတင်အမည်များတွင် ကိုတရုတ်ကြီး၊ မောင်တရုတ်ကြီး ဖြစ်ခဲ့လေသည်။ သို့သော်လည်း အရွယ်ရောက်ချိန်တွင် အလုပ်ကြမ်းများ လုပ်ရာမှ တရုတ်လိုဖြူဖွေးသည့် အသားရောင်တို့သည် ငချိပ်ကဲ့သို့ မည်းနက်သွား လေတော့သည်။
သူ၏ အသက်မွေးဝမ်းကျောင်းအလုပ်သည်ကား ဆိပ်ကမ်းတွင် ကုန်တင်ကုန်ချ အလုပ်သမားဖြစ်သည်။ နေပူမရှောင်၊ မိုးရွာမရှောင် ကုန်စည်များ ထမ်းပိုးသယ်ပို့ပေးခြင်း အလုပ်အား လုပ်ရသည်။ သူ၏ အသားအရေတို့သည် ရာသီဥတု၏ တိုက်စားခြင်းနိယာမအရ ဖြူရာမှ မဲမဲသဲသဲကြီးဘဝသို့ ရောက်ရလေတော့သည်။
ထို့ထက်ပို၍ဆိုးသည်က သူသည် ယမကာကြိုက်သော သူတစ်ယောက်ဖြစ်လေသဖြင့် တစ်ခါတစ်ရံ အရက်မူးကာ ဆိပ်ကမ်းတာရိုးပေါ်တွင် နေပူလည်းအိပ် မိုးရွာလည်းအိပ် ဖြစ်နေတတ်သည်။ ထို့ကြောင့်ပင် သူ၏ အသားအရောင်တို့မှာ မဲချင်တိုင်းမဲကာ နေပြန်တော့သည်။
ထိုသို့ဖြင့် သူ၏ အလုပ်ကြမ်း လုပ်ငန်းခွင်အတွင်းတွင် လုပ်ဖော်ကိုင်ဖက် အလုပ်သမား တို့က ကိုတရုတ်ကြီးအား အမြန်ခေါ်ကြရာ တရုတ်ကြီးမှ တုတ်ကြီးဘဝသို့ ပြောင်းသွားရလေတော့သည်။ မိတ်ဆွေတို့လည်း တရုတ်ကြီးဆိုသည့် အမည်အသံထွက်အား အမြန်ဖတ်ကြည့်ပါလေ တရုတ်ကြီးမှ တုတ်ကြီးဆိုသည့် အသံထွက်ကိုသာ ကူးပြောင်းသွားသည်ကို သိရှိနိုင်ပါသည်။
ကိုတုတ်ကြီး၏ အမည်အား ဤမျှရှင်းပြလိုက်လျင် ရှင်းလင်းသွားလောက်ချေပြီ။ ဆက်လက်၍ သူ၏ စိတ်ထားအကြောင်းကို ပြောရလျင်- ဦးတုတ်ကြီးသည် အမည်နှင့်လိုက်အောင် တုတ်တုတ်ခိုင်ခိုင်ကြီး ဖြစ်သလောက် စိတ်တိုသည့်နေရာတွင်လည်း အလွန်ဒေါသကြီးကာ စိတ်တိုတတ်သူဖြစ်၏။ လူကောင်ကြီးကြီးသလို စိတ်ကြီးတတ်သူဖြစ်နေတော့သည်။
ကျွန်တော်နှင့် စတင်ရင်းနှီးပြီးနောက်ပိုင်းတွင် သူနှင့် အလျင်းသင့်သလို စကားစမည်ပြောကြရာမှ သူ၏ ဘဝတစ်စိတ်တစ်ပိုင်းတို့အား ကျွန်တော်သိလာရသည်။ ဦးတုတ်ကြီး ငယ်ငယ်က သူ့မိဘများမှာ ချမ်းသာကြွယ်ဝသူများ စာရင်းတွင် ပါလေသည်။ ထို့နောက် ဦးတုတ်ကြီး အရွယ်မရောက်ခင် ကလေးသာသာအရွယ်တွင် သူ့မိဘများပိုင်ဆိုင်သော ကုန်တင်မော်တော်ကြီးမှာ ချင်းတွင်းမြစ်တစ်နေရာ နာမည်ကြီးဝဲကတော့ကြီးအတွင်း နစ်မြုတ်ပျက်စီးသွားလေသည်။
ထိုမှ ဆက်လက်၍ သူ၏မိဘများမှာ ရိုးသားသူများဖြစ်ကြ၍ မော်တော်နှင့်အတူ ပျက်စီးဆုံးရှုံးသွားသော ပစ္စည်းများအတွက် ပိုင်ရှင်များအား သူတို့ပိုင်ဆိုင်သော အတွင်းပစ္စည်းများ ထုခွဲရောင်းချ၍ အလျော်ပေးကြသည်ဟု သိရသည်။ ထို့နောက်တော့ ဦးတုတ်ကြီး၏ မိဘများမှာ တစ်ယောက်ပီးတစ်ယောက် ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားကြသည်ဆို၏။
ဦးတုတ်ကြီး၏ မိဘများ ဆုံးပါးသွားချိန်တွင် ကျန်ရစ်လေသော လူမမယ် တရုတ်ကြီးလေးအား သူ၏ ဦးကြီးများက ဝိုင်းဝန်းစောင့်ရှောက်ပေးကြ၏။ ထို့နောက်တွင်တော့ တရုတ်ကြီးလေး၏ ပိုင်ဆိုင်သော အမွေများကို မသမာသောနည်းများဖြင့် သုံးဖြုန်းလိုက်ကြသည်ဆိုပြန်၏။ ပိုင်ဆိုင်မှုပစ္စည်းများ ဘာမှမကျန်လေတော့ တရုတ်ကြီးလေးအား မကြွေးမမွေးနိုင်ဟုဆိုကာ အိမ်မှ နှင်ချကြလေတော့သည်။
ထိုအချိန်တွင် တရုတ်ကြီးလေးသည် လူလားမြောက်အရွယ်ရောက်စအချိန် ဖြစ်သည်။ သို့သော် အတန်းပညာ ကောင်းစွာမသင်ခဲ့ရလေသဖြင့် ဆွေမျိုးများမှ မည်သူကမှ မခေါ်မထားချင်ကြ နှင်လွတ်ကြသည်သာ ဖြစ်နေလေသည်။ ထိုသို့ စိတ်နာကျည်းဖွယ် အဖြစ်များကြောင့် တရုတ်ကြီးလေးသည် ငယ်ရွယ်စဉ်မှပင် ဆိပ်ကမ်းတွင်အိပ်၊ ဆိပ်ကမ်းတွင်စားကာ ထိုဆိပ်ကမ်းနေရာမှာပင် အလုပ်လုပ်ရင်း အရွယ်ရောက် အသက်ကြီးလာလေတော့သည်။ ထိုသို့ဖြင့် ဖြူဖြူဖွေးဖွေး တရုတ်ကြီးလေးသည် မဲမဲကြမ်းကြမ်း တုတ်ကြီးဖြစ်လာလေတော့သည်။
အရွယ်ရောက်လာသော တရုတ်ကြီးခေါ် ကိုတုတ်ကြီးသည် လူငယ်သဘာဝ ဆိပ်ကမ်းတွင် ဈေးရောင်းသော မိန်းမပျိုတစ်ဦးနှင့် အိမ်ထောင်ကျလေတော့သည်။ အိမ်ထောင်ကျလာသည့် နောက်တွင်တော့ ကျွန်တော်များနေထိုင်ရာ မြို့စွန်ရပ်ကွက်လေးသို့ အိမ်မြေကွက်သေးသေးလေးဝယ်ယူကာ လင်မယားနှစ်ယောက်နေထိုင်ကြလေသည်။
သူ၏ ငယ်စဉ်ဘဝ ခါးသည်းသော ခံစားချက်များကြောင့် သူသည် စိတ်တို စိတ်ဆတ်ခြင်းများ လွယ်လွယ်ဖြစ်လာသည်။ ငယ်ရွယ်နုနယ်စဉ်က ဖြူစင်သန့်ရှင်းသော စိတ်ထားလေးများကို ဘဝအမှောင်ဖုံးလာသည့်အခါ ကြမ်းတမ်းသော စရိုက်များပြောင်းသွားသည်ဟု ကျွန်တော်ထင်မိတော့သည်။
ဦးတရုတ်ကြီးခေါ် ဦးတုတ်ကြီး၏ အကြောင်းကို ကျွန်တော်တစ်ဦးတည်း စဉ်းစားနေရင်းမှ ဦးတုတ်ကြီး၏ နက်ရှိုင်းသော အသိစိတ်တစ်နေရာတွင် ဖြူစင်သန့်ရှင်းသော စိတ်ထားလေးများ ကျန်ရှိနေဦးမည်ဟု ကျွန်တော်တွေးထင် ကောက်ချက်ချရင်း စဉ်းစားခန်းဝင်နေမိတော့သည်။
26.12.21
10:30 PM
Congratulations @nyimwa! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):
Your next target is to reach 2250 upvotes.
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
Check out the last post from @hivebuzz:
Support the HiveBuzz project. Vote for our proposal!
မှတ်သားစရာတွေရပါတယ် bro
ကျေးဇူးပါခဗျ
ဟုတ်ကဲ့ အားပေးနေလို့ ကျေးဇူးပါဗျ။ !PIZZA
အခုလိုမျှဝေပေးတာကျေးဇူးပါ
အားပေးလို့ လဲ ကျေးဇူးပါနော် !PIZZA
လူတဦးတိုင်း တယောက်တိုင်းမှာ ကောင်းကွက်လေးတော့ရှိစမြဲပါ။
!PIZZA
ရှိနေမယ်ဆိုတာ ယုံကြည်မိပါတယ်။ !PIZZA
PIZZA Holders sent $PIZZA tips in this post's comments:
nyimwa tipped htwegyi (x1)
nyimwa tipped johndieo (x1)
htwegyi tipped nyimwa (x1)
@nyimwa(4/5) tipped @kachinhenry (x1)
nyimwa tipped kaunglay2 (x1)
kachinhenry tipped nyimwa (x1)
Join us in Discord!
ကိုရွှေဘိုရေ... ဒီလို တစုံတယောက်ရဲ့ ဘဝ နဲ့ ဆိုင်တဲ့ အကြောင်းအရာတွေဆိုရင် ကိုယ်ချဲ့ရင် ချဲ့သလောက် စာတွေ ဖြစ်လာတတ်တာ။ အခုလို စာတပုဒ် လောက်နဲ့ ဦးတုတ်ကြီး အကြောင်း အဆုံး မသတ်သင့်ဘူး။ !PIZZA
ဟုတ်ကဲ့ ကိုဟင် ကျနော် သူ့အကြောင်း ရေးစရာတွေအများကြီးရှိတော့ ပြားသွားတာဗျ ။ နောက်ပိုစ်တွေမှာ သူ့အကြောင်းလေးတွေ ကျနော် ဆက်လက် ဝေမျှပါအုန်းမယ်။ ဍ !PIZZA !LUV
@nyimwa(1/1) gave you | wallet | market | tools | connect | <><
Yay! 🤗
Your content has been boosted with Ecency Points, by @nyimwa.
Use Ecency daily to boost your growth on platform!
Support Ecency
Vote for new Proposal
Delegate HP and earn more