ကျွန်တော်နှင့် ရပ်ကွက်အတွင်း စပ်မိစပ်ရာများ

avatar
(Edited)

my_cover_2.jpg

မင်္ဂလာပါ။ ယခင်ရက်များက စုံထောက်ကြီးကွီးရွှေအား ပုံဖော်ခဲ့ပီးနောက် ဒီနေ့တော့ အခြားသော အကြောင်းအရာများဖက်သို့ လှည့်လိုက်ပါအုန်းမည်။

အခြားဆိုသော်လည်း အဝေးကြီးက အကြောင်းအရာများမဟုတ်ချေ ကျွန်တော်နေထိုင်ရာ ရပ်ကွက်အတွင်းရှိကြသော အိမ်နီးနားချင်းများအကြောင်းပင်ဖြစ်သည်။ လွန်ခဲ့သော ရက်များဆီက ကျွန်တော်များရပ်ကွက်အတွင်း ခွေးရူးများဓါတ်ကျကာ ဟိုဆွဲဒီဆွဲကိစ္စများ ဖြစ်ခဲ့ပေသည်။ ထိုကိစ္စများ ပြီးနောက် ယခုရက်ပိုင်းတွင် ထိုသတ္တဝါများ၏ အရိပ်အယောင်အား မတွေ့မမြင်ရတော့ချေ။

ထိုရက်ပိုင်းဆီက ဒလန်မည်သော လူသုံးဦးသည် သုံးနေရာခွဲကာ ငရဲသို့ဆင်းသွားကြလေသဖြင့် ယခုချိန်ခါမှာတော့ ကျွန်တော်များရပ်ကွက်လေးသည် ဒလန်ကင်းစင် ပြုံးပျော်ရွှင် အစီအစဉ်အား လက်တွေ့ကျကျအကောင်ထည်ပေါ်လာချေသည်။

လမ်းပေါ်တက်လျှင် ဆွဲမည့်ခွေးမရှိလေတော့။ ညပိုင်းဆိုလျှင် တောကြောင်များမလာလေတော့ချေ။ ဆွဲမည့်ခွေးဆိုးများလည်း တောတောင်များကြား ဘဝခြားသွားလောက်ချေပြီ၊ အလစ်သုတ်မည့်တောကြောင်များလည်း ပေါ်တင်မထွက်ရဲကြတော့သည်ထင့်။ ရပ်ကွက်လမ်းမများသည် ရှင်းလင်း၍ တည်ငြိမ်နေတော့သည်။

ရပ်ကွက်တွင်းမှာ မနေရဲကြ၍ ထွက်ပြေးနေကြသော မိသားစုများလည်း ပြန်လည်ရောက်ရှိလာနေကြသည်။ ဦးကြင်သည်လည်း ကျွန်တော့်အိမ်သို့ အခါတိုင်းကဲ့သို့ တစ်ရက်ခြား ပုံမှန် အလည်လာရောက်နေသည်။ ထွေရာလေးပါး စကားများ ပြောဖြစ်ကြသည်။ များသောအားဖြင့် နိုင်ငံရေးအကြောင်းမပါပဲ အရပ်ထဲရှိ လူမှုရေးကိစ္စများအကြောင်းသာ ပြောဖြစ်ကြသည်။

သုံးအိမ်ချာက ဒေါ်ကြီးမြတို့သားအမိသည်လည်း အကြော်ဖိုလေး ပြန်ထွက်လာနိုင်ကာ စားဝတ်နေရေး ဖြေရှင်းနေကြသည်။ ကိုတင်ထွန်းကတော့ သူ့ထုံးစံအတိုင်း ရွာရိုးကိုးပေါက်ပြည့်အောင် တစ်နေကုန် လျောက်လည်ကောင်းနေဆဲဖြစ်သည်။ သူကတော့ လူ့ကန့်လန့်တို့သဘာဝနှင့် ပြည့်စုံသူဖြစ်သည့်အလျောက် သူများက မသွားနှင့်၊ မလာနှင့်ဟုဆိုလျင် ထိုလမ်းကို သွားဖြစ်အောင်သွားကာ သေချာလေ့လာတတ်သူဖြစ်သည်။

ဘေးအိမ်များမှာ သူတို့၏ ပုံမှန်လုပ်ငန်းများ သေချာမလည်ပတ်နိုင်သေးသော်လည်း စားဝတ်နေရေးပြေလည်စေရေးအလို့ငှာ အိမ်ပြင်ထွက်၍ လုပ်ကိုင်နေကြရသည်။ ကျွန်တော်မျာ မိသားစုပင်လျှင် အိမ်တွင်းမအောင်းနိုင်တော့ချေ။ စုဆောင်းထားသော ရိက္ခာလေးများကိုလည်း မတို့ရက်မထိရက်လေသဖြင့် ဇနီးဖြစ်သူ၏ လ္ဘက်နှင့် အကြော်ဆန်ဆိုင်လေးအား သွားတစ်ရက် မသွားတစ်ရက်နှင့် ဈေးထွက်ရောင်းနေရချေ၏။

ရပ်ကွက်တွင်းတွင် လွတ်လပ်ရေးရနေသူတစ်ယောက်တော့ရှိနေသည်။ ကျွန်တော်တို့အိမ်နှင့် တစ်လမ်းခြာတွင်ရှိသော အရူးလက်မှတ်ရ ဖိုးပြူးပင်ဖြစ်တော့သည်။ သူ့အကြောင်းကိုတော့ ခဏခဏပြောဖြစ်ကြသည်။ ရပ်ကွက်တွင်းက ဖြစ်လာသမျှ အရူးဇာတ်လမ်းတွဲများအား ဖိုးပြူးမှ လိုင်စင်ယူလားသည့်အလား။ သူစလိုက်သော အရူးကွက်များသည် ရပ်ကွက်အတွက် တိုင်ပါတ်ကာ ဒုက္ခရောက်ကြရစမြဲဖြစ်သည်။

ရပ်ကွက်အတွင်း ခွေးဆိုးများ သောင်းကျန်းစဉ်ကလည်း သူ၏ တော်လှန်ရေးသီချင်းကြောင့် တစ်ရပ်ကွက်လုံးနီးပါး ထွက်ပြေးခဲ့ရသော အဖြစ်သည် မမေ့နိုင်တော့သော ဇာတ်လမ်းတစ်ပုဒ်ဖြစ်နေတော့သည်။

ဦးကြင်ကတော့ သူ၏ ပေါင်နှံထားသော အိမ်ဝင်းမြေကွက်လေးအား အပီးအပြတ်ရောင်းချရန် ဆုံးဖြတ်လိုက်လေသဖြင့် ယမန်နေ့က အရောင်းအဝယ်စာချုပ် ချုပ်ကြကာ ခေါင်းစားစရာကိစ္စတစ်ခု ရှင်လင်းသွားကြောင်း ကျွန်တော်နှင့် စကားပြောဖြစ်ကြသည်။ ဒီလိုလုပ်လိုက်တော့ ချေးယူထားသော ငွေတိုးအတွက် ပူပင်မနေရတော့ပဲ အကြေဆပ်နိုင်လိုက်ကြသည်။ ပိုလျံသော ငွေလေးများကို ကွမ်းယာဆိုင်လေးထောင်ကာ အဆင်ပြေသလို နေထိုင်သွားတော့မည့်အကြောင်းလည်း ပြောဖြစ်ကြသည်။

ဒီနောက်တွင် မည်သူမျှမထင်မှတ်သော အကြောင်းတစ်ခုဖြစ်ခဲ့သည်။ ဦးကြင်၏ ရန်ဖက်ဖြစ်သူ ကိုတင်ထွန်းသည် ဦးကြင်၏ ကွမ်းယာဆိုင်ဖွင့်ရန်အတွက် ဆိုင်ခန်းဆောက်ခြင်း၊ လိုအပ်သော တိုလီမုတ်စပစ္စည်းများ ဝယ်ယူဖြည့်ဆည်းခြင်းတို့တွင် အားတက်သရော ဦးဆောင်ကူညီပေးခဲ့သောကြောင့်ဖြစ်သည်။ သူ၏နှုတ်မှလည်း တို့က တစ်ရပ်ကွက်တည်းနေကြတာ သွေးသောက်ညီအစ်ကိုတွေဟု တဖွဖွပြောနေလိုက်သေးသည်။

ဤသို့နှယ် ကျွန်တော်များ ရပ်ကွက်အတွင်းရှိ ကျွန်တော့အိမ်နီးနားချင်းများသည် ပုံမှန်ဆိုလျင် ကိုယ့်အလုပ်ကို လုပ်နေကြသည်၊ တစ်ခါတစ်ရံ ရန်ဖြစ်ကြသည့် ဖြစ်ရပ်များရှိသော်လည်း အရေးကြီးပါက သွေးနီးကြသော ညီအစ်ကိုများအလား စည်းလုံးကြပေသည်ကို ကျွန်တော်မှတ်တမ်းတင်မိလိုက်ပါသည်။

ကျွန်တော်၏ ရပ်ကွက်အတွင်း စပ်မိစပ်ရာလေးများအား ကြုံသလိုရေးချရင်း ပိုစ်တစ်ပုဒ်ဖြစ်လာခဲ့ပါပြီ။ နောက်နေ့များတွင်တော့ ကိုထူးဆန်းတို့ အကြောင်းဆက်ရေးချင်ရေးမိနိုင်ပါသည်။ ယနေ့တွင်တော့ ဤတွင်တစ်ခန်းရပ်ကာ နားပါဦးမည်။

မြန်မာဟိုက်ဗ်အဖွဲ့သားများ ကျန်းမာရွှင်လန်းကြပါစေ။

@nyimwa
24.12.21
4:40 PM



0
0
0.000
13 comments
avatar

Congratulations, your post has been added to Pinmapple! 🎉🥳🍍

Did you know you have your own profile map?
And every post has their own map too!

Want to have your post on the map too?

  • Go to Pinmapple
  • Click the get code button
  • Click on the map where your post should be (zoom in if needed)
  • Copy and paste the generated code in your post (Hive only)
  • Congrats, your post is now on the map!

0
0
0.000
avatar

Thanks you for your support. !PIZZA

0
0
0.000
avatar

Steemit logo လေးတော့ ဖြုတ်ထားသင့်တယ် ထင်တာပဲ
!LOL

0
0
0.000
avatar

I need to figure out the best treatment for my narcolepsy.
My doctor told me to sleep on it.

@nyimwa, I sent you an $LOLZ on behalf of @walarhein
Use the !LOL or !LOLZ command to share a joke and an $LOLZ. (3/4)

0
0
0.000
avatar

ဟုတ်တယ် ပုံပြန်ပြင်ရအုန်းမှာ မေ့နေလို့ :D !LOLZ

0
0
0.000
avatar

အရေးကြီးတော့ ရပ်ကွက်သားချင်း သွေးစည်းကြတာပ။
!PIZZA

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@uthantzin(5/6) tipped @nyimwa (x1)
nyimwa tipped pinmapple (x1)
htwegyi tipped nyimwa (x1)

You can now send $PIZZA tips in Discord via tip.cc!

0
0
0.000
avatar

ဟုတ်တယ်ဗျို့ ကျွန်တော်တို့ ရပ်ကွက်ထိပ်မှာ နေရာယူထားသူတို့လည်း ခုတော့ မရှိကြတော့ဘူး...!PIZZA

0
0
0.000
avatar

ရပ်ကွက် အကြောင်းလေးတွေလည်း ဖတ်လို့ကောင်းပါ့။...!PIZZA

0
0
0.000