ကျွန်တော်ကြုံတွေ့လိုက်ရသော အင်တာနက်လိုင်းပြတ်တောက်ခြင်း
မဂ်လာပါ မြန်မာဟိုက်အဖွဲ့သားများခင်ဗျား။
ဘာလိုလိုနှင့် ကျွန်တော် ဟိုက်မြန်မာကွန်မြူနတီမှာ စာမရေးမိ ပိုစ်မတင်မိသည်မှာ ၂ ရက်ရှိသွားပြီဖြစ်သည်။ စာရေးပျင်းနေသောကြောင့်တော့မဟုတ်ပါ။ ယခု ရက်သတ္တပါတ်အတွင်း ကျွန်တော်နေထိုင်ရာ ဒေသလေးအတွင်းတွင် လှုပ်လှုပ်ရှားရှားလေးများ
အဆက်မပြတ် ဖြစ်ပျက်နေသဖြင့် မီးပျက်လိုက်၊ အိမ်တွင်းအောင်းလိုက်နှင့် ဖြစ်နေရပါသည်။
အကြောင်းကိစ္စရှိလို့ မြို့ထဲသွားရမည်ပင် ကြောက်နေမိသည်။ မဲမဲကောင်များလမ်းကြောင်းရှိရာကို ရှောင်ရှားနေရ၍ ဆယ်မိနစ်ခန့် သွားရမည့်လမ်းအား တစ်နာရီခန့် အချိန်ပေးကာ ကွေ့ပတ်ရှောင်ကွင်း သွားနေရ၍ ခရီးမတွင်လှချေ။ ထိုသို့မသွားလျှင်လည်း ထိုမဲမဲကောင်များက တွေ့ရာဆီးတား ပါတာအကုန်ယူ စနစ်ဖြင့် အာဏာပါဝါ ပြနေကြသည်က တစ်ကြောင်း၊ သူတို့ ရှိရာနေရာတို့သည် အုန်းဒိုင်းဂွမ်းများ ဆက်တိုက်ဆိုသလို ဖြစ်နေ၍တစ်ကြောင်း ထိုအကြောင်းများကြောင့် ကျွန်တော်များမှာ ရှောင်ဖြစ်အောင် ရှောင်နေရတော့သည်။
နှစ်သစ်ကူးညကဆိုလျှင် ဗျောက်အိုးမဟုတ်သော ဗျောက်အိုးကြီး များစွာသည် မြို့ပါတ်ဝန်းကျင်အနှံ့ ဖောက်ကြ ကွဲကြလေသည်။ တုန်ခါသွားသော မြေကြီးကြောင့် အိမ်ခေါင်တွင်မိုးထားသော သွပ်ပြားများပင်လျင် တဗြန်းဗြန်းမည်ကာသွားကြလေသည်။
ကြွက်မနိုင် ကျည်မီးနဲ့ရှို့ ဆိုသည့် စကားပုံသည် ထိုမဲမဲကောင်များအတွက်ဖြစ်လာသည်လားဟုပင် ကျွန်တော်တွေးမိသည်။ ယမန်နေ့က ကျွန်တော်များ၏ ဈေးဆိုင်ခင်းရာ ဈေးအနီးတဝိုက်တွင် ဓါတ်ဆီပေပါကြီးသုံးလုံးဖြင့် ခွေးကြံကြံနေသော ခွေးတစ်သိုက်အား လက်ရဖမ်းဆီး ရိုက်သတ်နိုင်ခဲ့ကြသည်။ အရင်းစစ်လိုက်သော ရပ်ကွက်များကို မနိုင်၍ ဈေးကိုမီးရှို့မည်ဟု သတင်းရ၏။ ထိုသို့ ဖြစ်သည်မှာ အကြိမ်ကြိမ်ရှိခဲ့သည်။ အရင်အကြိမ်များက ထိုခွေးတို့အား မမိလိုက်ချေ။ ဒီတစ်ခါတော့ ဆေးကြောင်နေသော ခွေးရူးတစ်ကောင်က ဗျောက်ထဖောက်မိရာမှ ကာကွယ်ရေးလူငယ်လေးများက ဝိုင်းဝန်း ညှပ်ပိတ်ကာ ထိုခွေးမဲတစ်သိုက်အား အသေသတ်နိုင်ခဲ့ကြသည်။
ကျွန်တော်ပြောသော အကြောင်းအရာတို့သည် မည်သည့်ဆိုရှယ်မီဒီယာတွင်မှ ပါလာမည်မဟုတ်ချေ။ ကျွန်တော်တို့ မြို့နှင့် အနီးပါတ်ဝန်းကျင်အား အင်တာနက်လိုင်းများ ဖြတ်ချထားသည်။ သို့နှင့် အများသူငါသည် ဆိုရှယ်မီဒီယာပေါ် မတက်နိုင် သတင်းမတင်နိုင် ဖြစ်ကြရသည်။
ကျွန်တော်သည်လည်း မိုဘိုင်းဖုန်းဒေတာဖြင့် လိုင်းတက်မရေလေသဖြင့် အနီးအနားမှ ဝိုင်ဖိုင်ကွန်ယက်များထံ သွားရောက်အသနားခံရသည်။ လိုင်းချိတ်ပီး အင်တာနက် တက်ကြည့်နိုင်ခဲ့သည်။ ထူးဆန်းသည်က ဝိုင်ဖိုင်ကွန်ယက်သည် အင်တာနက်သုံး၍ရနေပီး မိုဘိုင်းဖုန်း ဒေတာအင်တာနက်မှာ လိုင်းလုံးဝမတက်ချေ။
သို့နှင့် ကျွန်တော်စာရေးရန် အချိန်ပျက်ကွက်ခဲ့ရသည်။ လိုင်းမိချိန်သည် မီးပျက်ချိန်ဖြစ်သည်။ မီးလာချိန်သည် အင်တာနက်ဒေတာ ဖြတ်ချချိန်ဖြစ်နေပြန်သည်။ သာမန်ပြည်သူများကို နားလှည့်ပါးရိုက်သည့်အကွက်များဖြင့် သတင်းစီးဆင်းမှုအား အမှောင်ချကာ လှည့်စားထားကြလေသည်။
ဒီလိုအခက်အခဲများကို ကျော်ဖြတ်ရန် အိမ်အနီးနားက ဝိုင်ဖိုင်ရှိသော၊ မီးစက်ရှိသော စတိုးဆိုင်ပိုင်ရှင်ကို ချော့ပေါင်းပေါင်းရတော့သည်။ ထိုသူ့ထံမှ ဝိုင်ဖိုင်လေးသုံးစွဲခွင့်အား အသနားခံ သွားတောင်းရသည်။ အဆင်ပြေသွားသည် မီးပျက်ချိန်တွင် မီးစက်မောင်း၍ ဝိုင်ဖိုင်လိုင်း ဖွင့်ထားသည့် ထိုစတိုးပိုင်ရှင်အား အထူးကျေးဇူးတင်နေမိသည်။
ဝိုင်ဖိုင်အင်တာနက်လိုင်းကတော့ ကွန်ယက်ချိတ်သည့်နေရာ အလှမ်းဝေးသည်ထင်သည် မိလိုက် မမိလိုက်ဖြစ်နေသည်။ သို့သော် ကျွန်တော်အတွက် အဆင်ပြေသင့်သလောက်ပြေသွားသည်။ စာရေးနိုင်သည် ပိုစ်တင်လာနိုင်သည်။ ကျေးဇူးကြီးပါပေ့ ကိုရွှေဝိုင်ဖိုင်ပိုင်ရှင် စတိုးဆိုင်သူဌေးကြီးရေ။
အချိန်ရှိခိုက် လုံ့လစိုက်ကာ စာရေးပိုစ်တင်ပီးလျင်တော့ ဘလော့ချိန်းဂိမ်းများဖက်လှည့်ကာ ဝင်ငွေလမ်းကြောင်းလေး ဖောက်ရပေအုန်းမည်။
မြန်မာဟိုက်အဖွဲ့သားများ အင်တာနက်လိုင်းပြတ်တောက်ခြင်းဘေးမှ ကင်းဝေးကြပါစေ။
@nyimwa
3.1.2021
10 : 45 PM
3.1.2021
10 : 45 PM
အခုချိန်က အခက်အခဲအမျိုးမျိုး ကြုံနေကြရတာပါ။ !LOL !PIZZA
ဟုတ်တယ်ဗျာ ပွဲမြန်မြန်ပီးစေချင်ပီ။ !LOL !PIZZA
lolztoken.com
It was a weapon of math disruption.
@nyinyiwin, I sent you an $LOLZ on behalf of @nyimwa
Use the !LOL or !LOLZ command to share a joke and an $LOLZ. (6/6)
Yay! 🤗
Your content has been boosted with Ecency Points, by @nyimwa.
Use Ecency daily to boost your growth on platform!
Support Ecency
Vote for new Proposal
Delegate HP and earn more
ခက်ခဲတဲ့ကာလကို အမြန်ကျော်ဖြတ်နိုင်ပါစေ။
!PIZZA
တစ်ချို့တွေ ငတ်ကုန်ပီဗျာ။ !LOL
lolztoken.com
Because it had two banks.
@htwegyi, I sent you an $LOLZ on behalf of @nyimwa
Use the !LOL or !LOLZ command to share a joke and an $LOLZ. (3/6)
PIZZA Holders sent $PIZZA tips in this post's comments:
@htwegyi(4/5) tipped @nyimwa (x1)
You can now send $PIZZA tips in Discord via tip.cc!
တော်သေးတာပေါ့... Wifi ရနိုင်မဲ့ နေရာလေး ရှိနေသေးလို့...!PIZZA
အဲဒီဝိုင်ဖိုင်တပ်ထားတဲ့ စတိုးဆိုင်ပိုင်ရှင်ကို ကျေးဇူးတင်နေရတာ။ !PIZZA
ဝိုင်ဖိုင်လေး တန်ဖိုးရှိလိုက်တာဗျာ...!LOLZ
lolztoken.com
Pretty soon he would be bacon.
@nyimwa, I sent you an $LOLZ on behalf of @uthantzin
Use the !LOL or !LOLZ command to share a joke and an $LOLZ. (7/10)
အဟုတ်ဗျ ခုနေခါက မိုဘိုင်းဒေတာက ဈေးကြီးနေတော့ ပိုဆိုး။ ဝိုင်ဖိုင်တန်ဖိုးအခုမှသိတော့တယ်။ :D !LOL
lolztoken.com
but the day before is a sadder day.
@uthantzin, I sent you an $LOLZ on behalf of @nyimwa
Use the !LOL or !LOLZ command to share a joke and an $LOLZ. (4/6)