"ကိုကောင်ရှည်ပေးသောဒုက္ခ"
မဂ်လာပါ ဟိုက်ဗ်အဖွဲ့သားများခင်ဗျား။
ဒီနေ့တော့ ကျွန်တော်တနေကုန် အလုပ်မအား၍ စာမရေးနိုင် လိုင်းမတက်နိုင်ပါ။
အကြောင်းမှာကား မိမိတို့နေထိုင်ရာ အိမ်ခြံဝင်းအတွင်း အကောင်ရှည်(မြွေ)တစ်ကောင် ဖြတ်သန်းသွားပါခြင်းကြောင့်ဖြစ်သည်။ ကြောက်တတ်သော မိခင်ကြီးမှ အိမ်ခြံဝင်းအား အမှိုက်များရှင်းလင်းခိုင်းလေတော့သည်။
ဤလိုရာသီဥတုအချိန်အခါမှာ ထွက်လာသော အကောင်ရှည်တို့သည် များသောအားဖြင့် အဆိပ်မရှိတတ်ကြောင်း သို့သော်လည်း ကောင်ရှည်မြင်တိုင်း ရွံကြောက်ကြီးဟု အမေမှ တဖွဖွပြောကာ အိမ်ဦးခန်း ကုတင်ပေါ်မှ မဆင်းတော့ချေ။
ကျွန်တော်တို့အိမ်တွင် မိသားစုအားဖြင့် ယောကျ်ားသားနည်းသောကြောင့် ထိုသို့ အကောင်ပလောင်များ ဝင်းခြံအတွင်းဝင်လာလျှင် ကြောက်တတ်သောမိခင်ကြီးနှင့်ခက်ရချည်ရဲ့လို့ ကိုယ်ချင်းစာစိတ်လေးထားပီး မိခင်ကြီးစိတ်ကြိုက် ခြံဝင်းသန့်ရှင်းရေးအား တစ်နေကုန်လုပ်လိုက်ရသည်။
(ကိုကောင်ရှည်ပုံက ဓါတ်ပုံလိုက်ရိုက်တာ မမှီလိုက်ဘူး တွေ့ရာကောင်ရှည်ပုံကောက်ထည့်လိုက်သည်။)
သန့်ရှင်းရေးလုပ်သည်ဟု ပြောရသည်မှာလွယ်သော်လည်း တစ်နေရာရှင်းလိုက် မလိုအပ်သည့်အမှိုက်များထွက်လာလိုက် စုပီးအမှိုက်ပုံသို့သွားပစ်လိုက်နှင့် ခြံဝင်းအနှံ့ရှင်းလိုက်သောအခါမှာတော့ လူတစ်လုံး နံစော်ကာ ဖုန်အမှိုက်များတစ်လုံးလုံး ချွေးသံတရွှဲရွှဲနှင့်ဖြစ်နေရတော့သည်။
ကိုကောင်ရှည်ရေ နောက်တစ်ခါဒီနားတစ်ဝိုက်ဖြတ်သွားရင် ငတို့ခြံဝင်းထဲက ဖြတ်မသွားပါနဲ့ကွာ မင်းကသာ ခဏဖြတ်သွားတာ ငါ့မှာတော့ တစ်နေကုန်ရောဟ လို့ တစ်ယောက်တည်း တိုးတိုးလေးရေရွတ်နေမိတော့သည်။ မောင်မင်းကြီးသားလည်း ဘေးရန်ကင်းပါစေ။ ငါတို့ မြန်မာနိုင်ငံကြီးလည်း အမြန်အေးချမ်းသာယာပါစေ။
@nyimwa
25.10.2021
ကောင်ရှည်တော့ ကြောက်တယ် 😁 !PIZZA
အေးပါဆိုဗျာ။
PIZZA Holders sent $PIZZA tips in this post's comments:
@htwegyi(5/10) tipped @nyimwa (x1)
nyinyiwin tipped nyimwa (x1)
Learn more at https://hive.pizza.
Congratulations @nyimwa! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s) :
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
To support your work, I also upvoted your post!
Support the HiveBuzz project. Vote for our proposal!
ကောင်ရှည် ကြောက်သပ။
!PIZZA
တကယ်ကြောက်တယ်ဗျ။😁
မြွေကတော့ သတိထားရမှာပဲလေ။ တစ်နေကုန်ရောပေါ့။စာတစ်ပုဒ်ကုန်ကြမ်းရတာနဲ့ အမောဖြေလိုက်တော့
ဟုတ်ပဗျာ အမှိုက်ရှင်းပီး အမောပြေမှ အပြေးလွှား စာလေးထရေးလိုက်နိုင်တယ်။ မောင်မင်းကြီးသားကိုရှည်ကောင်ကို ကျေးဇူးတင်ရမလို။😁😃