"ဒုက္ခဟူသည် အဖော်နှင့်"

avatar

မဂ်လာပါ မြန်မာဟိုက်ဗ်အဖွဲ့သားများခင်ဗျား။

nyimwa_hive_cover_photo.jpg

ဒီနေ့သည် ကျွန်တော့အတွက် အလွန်ပင်ပမ်းသောနေ့တစ်နေ့ဖြစ်မည်။ ယမန်နေ့ညသည် ကျွန်တော်များရပ်ကွက်လေးရှိသူများသည် အိပ်စက်ခြင်းနှင့် ခေတ္တလမ်းခွဲခဲ့ရသည်။ ထိုနေ့ညနေစောင်းသည့်အချိန်ကတည်းက ရပ်ကွက်တွင်းသို့ ခွေးရူးတစ်သိုက်မှ သောင်းကျန်း ရမ်းကားနေကြသောကြောင့်ဖြစ်သည်။

ဒေသအတော်များများမှာလည်း ကျွန်တော်များကဲ့သို့ ညအိပ်မရ နေ့ရှောင်ပြေးရ ဒုက္ခများ ရင်ဆိုင်ကြုံတွေ့နေကြရသည်။ ကျွန်တော်တို့ မိသားစုလေးသည် ဈေးရောင်းခြင်းဖြင့် အသက်မွေးနေထိုင်ကြသော မိသားစုကလေးဖြစ်သည်။ သို့သော်ငြားလည်း ဈေးရောင်းမထွက်ရသည့် ရက်တို့မှာ လချီကြာလာခဲ့ရချေပီ။

ကျွန်တော်များနည်းတူ ဝမ်းရေးအတွက် အလုပ်ထွက်မလုပ်နိုင်သူများ ကျွန်တော်တို့ တိုင်းပြည်တွင် မည်မျှရှိကြလေမည်နည်း။ နေ့စဉ် တစ်မျိုးပီးတစ်မျိုး မရိုးရလေအောင် ဒုက္ခပေးနိုင်ကြလေသော ထိုခွေးရူးများကို အမြန်ရိုက်သတ်စေလိုလှသည်။ ကျွန်တော်ကိုယ်တိုင်ကား စိတ်ပေါက်၍ပြေးလျှင်သော်မှ ဓါတ်တိုင်ငါးတိုင်မပြေးနိုင်သူဖြစ်နေတော့ စိတ်ဓါတ်ပြင်းသော်လည်း စိတ်သွားတိုင်းကိုယ်မပါဖြစ်နေရသည်။

ညကအိပ်ရေးပျက်လို့ နေ့ခင်းဘက်တွင် ကြအိပ်ရမည်မထင်လေနှင့် ကျီးလန့်စာစား နေထိုင်နေရသည်။ ထမင်းအိုးလေးအား ကပြာကယာချက်ထားကာ လမ်းမထက်ဆီသို့ လှမ်းမျှော်ကြည့်ရင်း ဝုန်းဒိုင်းအသံကို နားစွင့်နေရသည်။

စားစရာ အခြောက်အခြမ်းလေး ဝယ်ထားမိ၍တော်သေးသည်။ လျှပ်စစ်မီးကလည်း ပျက်လိုက်လာလိုက်ဆိုတော့ မီးသွေးအိတ် လေးငါးအိတ်ဝယ်ထားသည်က အဆင်ပြေပြန်သည်။ ဒါကလဲ ဝယ်ယူစုဆောင်း ထားသော ရိက္ခာလေးများ ရှိနေသောကြောင့်ပင်။ ထိုရိက္ခာလေးများ ကုန်သွားလျှင်တော့ တစ်မျိုးဆင်းရဲ ထပ်တိုးအုန်းမည်ပင်။ အဆင်မပြေသည်က ရပ်ကွက်တွင်းက ပျူများ၊ ဒလန်များပင်။ တုတ်တပြက်ဓါးတပြက်နှင့် လမ်းမထက်လမ်းသလားနေကြကာ အခန့်မသင့်လျင် မိမိတို့အိမ်တွင်း ဝင်ရောက်လုယက်သွားမှာ ကြောက်နေရသည်။

ဪ ဘယ်ဘဝက ဝဋ်ကြွေးများ ပါလာခဲ့ကြသည်မသိ မိမိတို့ဘဝသည် ဘယ်သူ့ကို အဖေခေါ်ရမှန်း မသိသောဘဝ ဖြစ်နေချေတော့သည်။ မဲမဲမြင်လည်း ကြောက်ရ၊ စိမ်းစိမ်းမြင်လည်း ကြောက်ရ။ ဒုက္ခဟူသည်အဖော်နှင့်လာသည်ဟု အဖေပြောခဲ့ဖူးသောစကားအား ပြန်ကြားယောင်နေမိသည်။ ဒီလိုဒုက္ခဘေးက အမြန်လွတ်လိုလှပါပီ။

မြန်မာပြည်ကြီး အမြန်ငြိမ်းချမ်းပါစေ။

@nyimwa



0
0
0.000
13 comments
avatar

ဒုက္ခတွေ အမြန်လွတ်ပါစေ။ မြန်မာပြည်ကြီး အမြန်အေးချမ်းပါစေ။ ဒီပိုစ်ကို ecency point 150 နှင့် ဘုတ်ပေးခဲ့ပါသည်။
!PIZZA

0
0
0.000
avatar

ကျေးဇူးကမ္ဘာပါဗျာ။ !LOLZ

0
0
0.000
avatar

How many magicians does it take to pull a rabbit out of a hat?
One. It's a trick question.

@nyinyiwin, I sent you an $LOLZ on behalf of @nyimwa
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/4)

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@uthantzin(5/10) tipped @nyimwa (x1)
htwegyi tipped nyimwa (x1)
kachinhenry tipped nyimwa (x1)
nyinyiwin tipped nyimwa (x1)

You can now send $PIZZA tips in Discord via tip.cc!

0
0
0.000
avatar

အဖေါ်ခေါ်လာတာတောင်ရိုးရိုးမဟုတ်ဘူးဗျို့ ... ဂျိုနဲ့ ကောင်တွေ ခေါ်လာတာ။!PIZZA. !LUV. !LOL

0
0
0.000
avatar

ဟုတ်ပ ကိုဟင်ရာ -- ဂျိုနဲ့ကောင်တွေကြောင့် ခက်နေတာ မဲမဲမြင်ရာလိုက်ခွေ့နေတော့တာပဲ။
!LOLZ

0
0
0.000
avatar

အမြန်အပြီးသတ်ပါစေတော့
အောင်မြင်ပါစေ။
!PIZZA
!LOLZ

0
0
0.000
avatar

Where did the ice cream man get his driver's licence?
Sundae school.

@nyimwa, I sent you an $LOLZ on behalf of @htwegyi
Use the !LOL or !LOLZ command to share a joke and an $LOLZ. (5/6)

0
0
0.000
avatar

အမြန်ငြိမ်းချမ်းချင်ပီ။ !LOLZ

0
0
0.000
avatar

ဟုတ်တယ် ဒုက်ခက အဖော်နဲ့ အမှန်ပဲ....!PIZZA

0
0
0.000
avatar

ဟုတ်ပဗျာ အဖော်နဲ့ အပေါင်းနဲ့ --- - !LOLZ

0
0
0.000