မေတ္တာကို မျက်ကွယ်ပြုသောအခါ (အပိုင်း - ၂)

avatar
(Edited)

img_0.6129412875781248.jpg

တစ်နေ့က "မေတ္တာကို မျက်ကွယ်ပြုသောအခါ" ဇာတ်လမ်းရေးပြီး မသန္တာရောက်လာတော့မယ်အချိန်မှ ကျမမှာ နေကလည်းမကောင်း၊ ငွေမရပေမယ့် အ လုပ်က လည်းနည်းနည်းရှုပ်နေတော့ ဒုတိယအပိုင်းရေးဖို့ကိုတောင် အချိန် မအားဖြစ်နေရသည်။ ယနေ့တော့ အလုပ်လေးပါးတုန်း ပိုစ့်လေးကို စောစော တင်လိုက်ရသည်။ ရေးရင်းနှင့် လက်တွေ့လာတော့ နောက်တစ်ပိုင်းမှသာ ဇာတ်သိမ်းရတော့မည်ဖြစ်၍ သည်းခံ၍သာ ဖတ်ကြပါရန်....။

မသန္တာဆိုသည်က မနှင်းအေး၏ ညီအမဝမ်းကွဲ။ မနှင်းအေးကဲ့သို့ အိမ်ဖော်လုပ်နေသူတစ်ဦးဖြစ်သည်။ ထိုနေ့က ဆရာကြီးတို့ လင်မယားက မနှင်းအေးအား ရွှေဆွဲကြိုးလေး ဆုချနေချိန်ဖြစ် သည်။ မနှင်းအေးက သူမကိုချီးမြှင့်သော ဆွဲကြိုးလေးကို ဝတ်ကြည့်ပြီး ဝမ်းသာကျေနပ်နေစဉ်တွင် မသန္တာရောက်လာသည်။ သူမအိမ်ဖော်လုပ်သည့်ကာလတစ်လျှောက် ထိုသို့သောလက်ဆောင် မျိုးမရဖူးသဖြင့် မနှင်းအေးကို အားကျမိသည်မှာအမှန်။

ဒီအတောအတွင်း ဆရာကြီးတို့၏ သမီးနှစ်ယောက်မှာ တစ်ဦးက တောင်ကြီး၊ တစ်ဦးက ပုသိမ်သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရန် အမိန့်ကျလာသည်။ ဆရာကြီးတို့က သမီးနှစ်ယောက်အား တာဝန် ကျရာဒေသကို စိတ်ချစွာသွားရန် နှစ်သိမ့်သလို မနှင်းအေးကလည်း ပိုပြီးဂရုစိုက်ပါမည့်အကြောင်း အထပ်ထပ်ကတိပေးသည်။ ပြောသည့် အတိုင်းလည်း ကတိတည်ပါသည်။

သူမတို့တာဝန်ကျသည့်နေရာမှ ညစဉ်ဖုန်းဆက်ပြီး မိဘနှစ်ပါးအား အကျိုး အကြောင်း အမြဲမေးသည်။ သာယာနေသော သူမတို့အိမ် လေးမှာ တစ်ရက်ကျတော့ လေပွေမုန်တိုင်းတစ်ခု တိုက်ခတ်လာ သည်။ ဆရာမကြီးလေဖြတ်သွားခြင်းဖြစ်သည်။ သမီးနှစ်ယောက်မှာ ခဏတဖြုတ်သာ ပြန်လာနိုင်ပြီး အဝေးမှနေ၍သာ စိတ်ပူပန်စွာ ဂရုစိုက်နိုင်ကြသည်။ အမေကတော့ သမီးကြီးကိုပိုပြီး အားကိုးစွာ စကားပြောဖြစ်သည်။ မနှင်းအေးကလည်း အားကိုးရပါသည်။

နောက်တစ်လလောက်နေတော့ မနှင်းအေးတစ်ယောက် ဆရာကြီး တို့အိမ်မှ အလုပ်ထွက်ရန်အကြောင်းပေါ်လာသည်။ ရွာတွင်ကျန်ခဲ့သော သူမ၏မိခင်ဖြစ်သူ ဆုံးပါးသွား၍ဖြစ်သည်။ ကျန်ခဲ့သောဖခင် နှင့် လူမမယ်ညီမတို့အား စောင့်ရှောက်ရန်တာဝန်ကျလာသည်။ သို့ ပေမယ့် ဆရာကြီးတို့အိမ်အား သံယောဇဉ်မကုန်ပေ။ ဆရာကြီးတို့ က သူမကဲ့သို့ စိတ်ချရသူတစ်ဦးကို ရှာပေးရန် တောင်းဆိုလာသည်။

ထိုအခါ သူမက မသန္တာကိုသာ အကျိုးအကြောင်းပြောပြီး ဆရာကြီးတို့အိမ်တွင် အလုပ်လုပ်မည်လားမေးရာ အဆင်ပြေသွား သည်။ သူမအလုပ်မထွက်ခင် ဆရာကြီးတို့အိမ်ကို ခါတိုင်းလုပ်နေ ကျအိမ်တွေကဲ့သို့ အခကြေးငွေသဘောမျိုးမဟုတ်ဘဲ မိဘအရင်းသဖွယ်ပြုစုပေးရန်ပြောရာ မသန္တာကလည်း သဘောတူသည်။

ထို့နောက်တွင်တော့ ညစဉ် သမီးကြီးက ဆရာမကြီးကို ဖုန်းဆက်၍ အကျိုး အကြောင်းမေးမြန်းတိုင်း မသန္တာအကြောင်းလည်း သတိတရ မေးလာတတ် သည်။ အစပိုင်းတွင်တော့ ဆရာမကြီး၏ အဖြေများတွင် မသန္တာသည်လည်း မနှင်းအေးကဲ့သို့ အားကိုးရကြောင်း၊ လူရွေးမှန်ကြောင်း ရွှန်းရွှန်းဝေအောင် ပြောလာသော် လည်း နောက်ပိုင်း မသန္တာအကြောင်း မေးသည့်အခါ ဝတ်ကျေ တမ်းကျေသာ ဖြေလာခဲ့သည်။

ထို့နောက် နွေရာသီအားလပ်ရက် သမီးနှစ်ယောက်ပြန်ရောက်လာ ချိန်တွင်တော့ ဆရာမကြီး၏ ကျန်းမာရေးက ပိုမိုဆိုးရွားလာသည်။ ရံဖန်ရံခါ မျက်မှောင်ကြီးကုတ်၍ နေတတ်ပြီး ဒေါသလည်းဖြစ်လွယ်လာသည်။ သမီများက သူတို့အဖေကို မေးကြည့်သည့်အခါ ရောဂါခံစားနေရသဖြင့် ပိုမိုစိတ်တိုလာတတ်ကြောင်း၊ စိတ်မပူဖို့ပြောလာသဖြင့် နေမြဲအတိုင်းနေနေလိုက်သည်။

သို့သော် သမီးကြီးက မိခင်အရိပ်အကဲကို သတိထားကြည့်သောအခါ မသန္တာကိုမြင်လျှင် ဆရာမကြီးကပိုပြီးဒေါသထွက်တတ်လာသဖြင့် သူမအမေကို အကျိုးအကြောင်းမေးကြည့်ရာ ဘာမှပြန်မပြောပေ။ မသန္တာ၏ပုံစံကလည်း တစ်မျိုးဖြစ်နေသည်။ ဘာမှန်းတော့မသိပေ။ တစ်ညနေတွင် ဆရာမကြီးရောဂါပိုသည်းလာသဖြင့် သမီးများက အမေ့ထံအပြေးအလွှားသွား၍ ပြုစုကြသော်လည်း မိခင်ကြီးပါးစပ် က ဗလုံးဗထွေးစကားများပြောပြီး အသက်ထွက်သွားသည်။

အပိုင်း(၁)
https://ecency.com/hive-122133/@nweoomon/mettako-myaetkwepyuthawakha-apaing-1

နောက်တစ်ပိုင်းကျန်ပါသေးတယ်။

@nweoomon
11-2-2022



0
0
0.000
13 comments
avatar

ဘာ​တွေဆက်ဖြစ်မလဲ သိချင်​နေပါတယ် အ​မ​ရေ

0
0
0.000
avatar

ကမြင်းကြောထတော့မှာပဲ

0
0
0.000
avatar

အင်းဇာတ်လမ်းကတော့ မသန်းပ။
!PIZZA
!LOL

0
0
0.000
avatar

What do you get if you cross a bullet and a tree with no leaves?
A cartridge in a bare tree.

Credit: reddit
@nweoomon, I sent you an $LOLZ on behalf of @htwegyi
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/6)

0
0
0.000
avatar

ဇာတ်ရှုပ်ကတော့ မတုတ်

0
0
0.000
avatar

ဇတ်ရှိန်တက်လာပြီ....နောက်တပိုင်း မျှော်နေပါပြီလို့

0
0
0.000
avatar

ဟုတ်ကဲ့။ နောက်တစ်ပိုင်းဆိုပြီးပြီ။

0
0
0.000
avatar

ဘာတွေထပ်ဖြစ်လာမလဲ စောင့်နေပါတယ် အမရေ !lol

0
0
0.000
avatar

Knock knock...
ERROR: Joke failed.

@johndieo, You need more $LOLZ to use this command. The minimum requirement is 16.0 LOLZ.
You can get more $LOLZ on HE.

0
0
0.000
avatar

ဟုတ်ကဲ့။ နောက်တစ်ပိုင်းဆိုပြီးပါပြီနော်။

0
0
0.000