လမ်းပေါ်က ထိုနှစ်ယောက်

avatar
(Edited)

ကျမတို့ အိမ်ရှေ့လမ်းပေါ် တောင်နှင့် မြောက် လူးလားခေါက်တုံ့ခေါက်ပြန်သွားနေသော လူနှစ်ဦးအကြောင်း ပြော ပြချင်မိသည်။ တစ်ယောက်က ယောင်္ကျား၊ တစ်ယောက်ကမိန်းမ။ သူတို့နှစ်ဦးက ဘာမှမတော်စပ်ပါ။ အိမ်ရှေ့လမ်းမှာ ခဏခဏ ဖြတ်သွားနေ၍ သတိထားမိခြင်းဖြစ်သည်။

img_2afbef50bf9740388de60fa35afaabf0_v_1.jpg

သူတို့အကြောင်းကို ရေးချင်နေသည်မှာ ကြာပြီဖြစ်သည်။ ရေးမယ်ဆိုပြီး ကံ၊ ကံ၏အကျိုးတရားကဘယ်လိုလို့ အစပျိုးလိုက် သည်နှင့် သူတို့အကြောင်းမရောက်ဘဲ တခြားအကြောင်းတွေ ရောက်သွားသည်က များသည်။ ဒီတစ်ခါတော့ ရေးဖြစ်အောင် ရေးတော့မည်။

သူတို့နှစ်ယောက်အနက် အရူးနှင့်တူသော ယောင်္ကျားကြီးကို စတင် သတိ ထားမိသည်မှာ လွန်ခဲ့သော သုံးလလောက်ကတည်းကဖြစ်သည်။ ဘယ်လိုစတင်သတိထားမိလဲ ဆိုတော့ တစ်ရက်က ညနေခင်းမှာ ကျမတို့တွေ ညစာမစားခင် အိမ်ရှေ့ထိုင်နေတုန်း ထိုအရူးက အိမ်ရှေ့လမ်း၏ မြောက်ဘက်မှ တောင်ဘက်သို့ခေါင်းငိုက်စိုက်နှင့် လှုပ်လှုပ် လှုပ်လှုပ်နှင့် သွားနေသည်။ ခနနေ တောင်မှမြောက်သို့ ခေါင်းငိုက်စိုက်နှင့် ဖြတ်သွားပြန်သည်။ ကျမတို့ထိုင်နေစဉ် ခဏလေးမှာပင် သုံးခေါက်လောက်ဖြတ်သွားပြီဖြစ်သည်။

တစ်ရက်က ကျမက မာလာအာလူးကြော်ဝယ်စားသည်။ ထိုမာလာအာလူးကြော်တွင် အာလူးကြော်၊ ကုလားပဲချောင်းကြော်၊ အသားတုကြော်၊ မြေပဲဆံများပါဝင်ပြီး မာလာအမှုန့်နှင့် ငရုတ်သီးကြော်များရောမွှေထားသည်။ ထိုမုန့်ကိုစားသောအခါ အသားတုကြော်ကိုမကြိုက်၍ မစားဘဲ လွှင့်ပစ်လေ့ရှိသည်။ ကျမလွှင့်ပစ်သော အမှိုက်တောင်းထဲမှ ထိုအသားတုကြော်များကို အရူးကယူပြီးစားနေသည်ကို တွေ့လိုက်ရသည်။

ထိုသို့ အရူးကစားမှန်းသိသောအခါ နောက်ရက်များတွင် အသားတုကြော်များကို အိတ်သန့်သန့်နှင့်ထုတ်ပြီး သူမြင်သာသော သစ်ပင်တွင် ချိတ်ထား သည်။ သူကလည်း တွေ့လျှင်ယူသွားသည်။ မှတ်မှတ်ရရထိုနေ့က ငါးဟင်းချက်တဲ့နေ့။ ကျမတို့ညစာစားအပြီး ထမင်းကျန်ဟင်းကျန်တွေနှင့် ငါးအရိုးတွေကို ရောနယ်၍ ခွေးစာကျွေးရန် ခွေးစာခွက်ထဲ ထည့်သည်။ ခွေးစာခွက်ကလည်း သိတဲ့အတိုင်း ယခင်ခွေးစားအကျန်တွေနှင့် အလွန်ညစ်ပတ်သည်။

img_0.9475906543100083.jpg

ထိုအရူးဘာလုပ်သည်ထင်ပါသနည်း။ ခွေးများစားနေသော ထိုခွေးစာခွက်ကို အရူးက ခွေးတွေကိုမောင်းထုတ်ပြီး စားနေသည်။ အိမ်ကလူများကလည်း အိမ်ထဲမှ အံ့အားတသင့်ကြည့်နေကြသည်။ ကျမလည်းသွားကြည့်တော့ အရူးကခွေးစာခွက်ကို ပယ်ပယ်နယ်နယ်ကိုင်ပြီး ကျမတို့စားထားသော ငါးအရိုးများကို ဖယ်၍ စားလို့ရတာလေးကို ရွေးစားနေသည်။

ကျမလည်း ထိုသို့စားနေသည်ကို သနားသဖြင့် အိမ်ထဲပြန်ဝင်လာပြီး တစ်ခါသုံးခွက်ကလေးတွင် ထမင်းကိုဆီဆမ်း၍ ငါးကြော်တစ်တုံးထည့် တခြားဟင်းအရံများလည်းထည့်၊ ရေတစ်ဗူးယူ၍ အရူးကို သွားပေးသည်။ အံမယ် ငှက်ပျောသီးနှစ်လုံးနှင့် စာကလေးချေးမုန့်လေးတောင်ပါသေးသည်။ ပြီးတော့ ထိုခွေးစာခွက်ထဲကအစာတွေ မစားရန်နှင့် ယခုပေးသောအစားအစာများကိုသာ စားရန်ပြောလိုက်သေးသည်။

img_0.07452673792731193.jpg

သူက ခေါင်းတညိမ့်ညိမ့်နှင့် ပေးသောအစာများကို လှမ်းယူပြီးစားနေသည်။ သူ့နားသွားပြီး စကားပြောတော့မှ အရူးမဟုတ်ဘဲ အရက်သမားမှန်းသိလိုက်ရသည်။ ကျမလည်းမလှမ်းမကမ်းမှာ အိမ်ကလူတွေနှင့် သူ့ကို ကြည့်နေလိုက‌ေသည်။ ခဏကြာတော့ ထိုလူထွက်သွားသည်။ သူ့ကို ကျွေးသောထမင်းနှင့် ရေဗူးကိုသာ ယူပြီး ငှက်ပျောသီးနှင့် စာကလေးချေးမုန့်တွေကိုတော့ မယူဘဲထားသွားသည်။

အရက်ကို လူမှန်း မသိအောင်သောက်သောကြောင့် ဘဝပျက်နေသောထိုသူကို အရူးဟုထင်နေမိသည်။ အရက်သောက်ဖို့ ပိုက်ဆံဘယ်ကရသလဲစဉ်းစား မရ။ ထိုသို့မဆင်မခြင်အရက်သောက်လို့လည်း ခွေးစာခွက်ထဲက စားကြွင်း စားကျန်များကို မရွံမရှာစားနိုင်ခြင်းဖြစ်မည်။

နောက်တစ်ယောက်ကတော့ တကယ်အရူးမပါ။ သူ့အကြောင်းကြား မိတော့ စိတ်မကောင်းဖြစ်ရသည်။ ထိုအမျိုးသမီးက ယခင်က လူလတ်တန်းစားထဲကဖြစ်သည်။ မီးဖွားချိန်တွင် သူမယောင်္ကျားက နောက်မိန်းမယူသွားသည့် သတင်းကိုကြားပြီး သွေးနုသားနုတွင် ရူးသွားခြင်းဖြစ်သည်။ သူမပုံစံ ယဉ်ယဉ်လေးရူးနေခြင်းဖြစ်သည်။

တွေ့သမျှပန်းတွေကို ခေါင်းမှာပန်၊ ဘယ်သောအခါမှ မျက်နှာသစ်ဟန်မတူသဖြင့် မျက်နှာကချွတ်တက်ပြီး မည်းနေသည်။ ခေါင်းပေါ်ကခမောက်မှာ ပန်းပွားကလက်လက်အမျှင်တွေကို ဝိုက်ခွေထားပြီး လက်မှာလည်း ပန်းခြောက်ကတဖက်၊ နောက်တဖက်မှာ ဖိနပ်အစုတ်နှင့် အင်္ကျီစုတ်တွေကို ကျွတ်ကျွတ်အိတ်ဖြင့် ပေါင်းထည့်ပြီး ကိုင်ထားသည်။

သူမကတော့ တစ်နေ့တစ်ခေါက်သာဖြတ်သည်။ ဒါတောင်ဘယ်ကပြန်လာလည်း မသိ။ သူမ၏ သားချင်းတွေကတော့ အနားတဝိုက်တွင် ရှိသည်ဟုပြောကြသည်။ ရူးကာစက လိုက်လိုက် ခေါ်သော်လည်း နောက်ပိုင်းတွင် ကိုယ့်ကိစ္စနှင့်ကိုယ်ဖြစ်သဖြင့် လိုက်မခေါ်ကြတော့ဘဲ ပစ်ထားသည်ဟု ကြားသိရသည်။ ထိုအရူးမ လာလျှင် အိမ်ကပန်းတွေ ချိုးယူသဖြင့် သူမ လာလျှင် ဂရုတစိုက်နှင့် ကြည့်နေရသည်။

ထိုသူနှစ်ယောက်ထက် ပိုဆိုးသောသူများလည်း ရှိပေမယ့် သူတို့နှစ်ယောက်ကတော့ ကျမယခုနေသော ပတ်ဝန်းကျင်တွင် လူ့အဆင့်အတန်း အတော်နိမ့်ကျသောသူများအဖြစ် မြင်တွေ့နေရသည်။ ယခုတလောသတိထားမိသလောက် ထိုသူနှစ်ယောက်ကို မတွေ့ရသည်မှာကြာပြီဖြစ်သည်။
အရက်၏ကျေးကျွန်ဖြစ်နေသော ထိုယောင်္ကျားနှင့် သစ္စာဖောက်ခြင်းခံရသော ထိုအမျိုးသမီးတို့၏ အတိတ်ဝဋ်ကြွေးများရှိလျှင် ကျေပါစေကြောင်း တိတ်တဆိတ်ဆုတောင်းပေးရင်း ပို့စ်ကို အဆုံးသတ်လိုက်ပါတယ်။

@nweoomon
24-11-2021



0
0
0.000
11 comments
avatar

အွင့် တင်တော့လည်း တပြိုင်နက်
ဗုတ်ပေးရတာ ခက်ဖုးလား။
ရေးနိုင်သူတွေ ရေးကြပ။
!LOLZ
!PIZZA

0
0
0.000
avatar

The first time I saw my future Wife was at the local Zoo.
I just knew she was a keeper.

@nweoomon, I sent you an $LOLZ on behalf of @htwegyi
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/6)

0
0
0.000
avatar

ဒီတစ်ခါတည်းပါ။

0
0
0.000
avatar

ဘယ်လို ပြောရမှန်တောင် မသိတော့ဘူး... ဝဋ်ကြွေးလို့ပဲ ပြောရမလား ...!PIZZA. !LUV

0
0
0.000
avatar

ဟုတ်ပါ့။ ဝဋ်ကြွေးကြီးပါ့။

0
0
0.000
avatar

ကံ ၊ ကံ၏အကျိုး ပေါ့ဗျာ ။ သနားစရာပါပဲ။

0
0
0.000
avatar

ဟုတ်တယ်။သနားစရာကောင်းတယ်။

0
0
0.000
avatar

သနားစရာကောင်းပါတယ်။ဝဋ်ကြွေးတွေပဲပေါ့...!LOLZ

0
0
0.000
avatar

အဲ့လိုပဲပြောရတော့မှာ

0
0
0.000