တကမ္ဘာလုံးမှာပါ ဘန်းမယ်တဲ့

စတည်းကတိုင် အခုချိန်ထိ အစိုးရအရပ်ရပ်ရဲ့ ban ခံနေရတဲ့ crypto project တစ်ခုရှိပါတယ်။ ကမ္ဘာပတ်ပြီး မျက်လုံး scan data တွေ လိုက်ယူနေတဲ့ Worldcoin project ပါ။

လူတွေရဲ့ မျက်လုံးကို scan ဖတ်၊ data ယူပြီးရင် World ID ပြန်ထုတ်ပေးတဲ့ Worldcoin project ဟာ Hong Kong မှာလည်း အစဉ်အလာမပျက် ban ခံရပြန်ပါပြီ။ Worldcoin ဟာ တကိုယ်ရည်အချက်အလက်ထိန်းသိမ်းမှုဥပဒေတွေကို ချိုးဖောက်နေတာကြောင့် Hong Kong မှာ လုပ်ငန်းလည်ပတ်ခွင့် 10 နှစ်ပိတ်ပင်ကြောင်း Hong Kong အုပ်ချုပ်ရေးအဖွဲ့က အမိန့်ထုတ်လိုက်ပါတယ်။

ဒါ့အပြင် Hong Kong အုပ်ချုပ်ရေးအဖွဲ့ဟာ 2024 ခုနှစ်ဆန်းပိုင်းတည်းက Worldcoin project ရဲ့ ID ကောက်ယူနည်းစနစ်တွေဟာ Hong Kong လူထုကို ထိခိုက်နိုင်ခြေရှိ၊ မရှိကို စုံစမ်းစစ်ဆေးနေခဲ့တာပါ။
Worldcoin အနေနဲ့ လူသားအစစ်ဟုတ်၊ မဟုတ် စစ်ဆေးရာမှာ မျက်လုံး scan ဖတ်ရုံတင်မက လူတွေရဲ့ မျက်နှာကိုပါ ဓာတ်ပုံရိုက်ယူထားတာဟာ မလိုအပ်တဲ့အဆင့်တွေသာဖြစ်သလို ဒီအဆင့်တွေနဲ့ ပတ်သက်လို့ Worldcoin အနေနဲ့ လုံလောက်တဲ့ အကြောင်းပြချက်လည်းမပေးနိုင်နေကြောင်း အုပ်ချုပ်ရေးအဖွဲ့ဖက်က ဆိုထားပါတယ်။

ဒါပေမယ့် Worldcoin ကတော့ Hong Kong မှာ လုပ်ငန်းလည်ပတ်ခဲ့ချိန်အတွင်းမှာ လူပေါင်း 8,302 ယောက်ကို scan ဖတ်နိုင်ခဲ့ကြောင်း အတည်ပြုထားပါတယ်။

Reference Link: https://cointelegraph.com/news/hong-kong-halts-worldcoin-privacy-violations

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=TA690MBH

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000

0 comments