ဖမ်းမယ်

(Edited)

Dark Web marketplace ပိုင်ရှင်တစ်ဦးဖြစ်ကြောင်း သံသယရှိခံထားရတဲ့ Rui Siang Lin ဆိုတဲ့ 23 နှစ်သားတစ်ဦးဟာ မူးယစ်ဆေးရောင်းဝယ်မှုနဲ့ ဖမ်းဆီးခံလိုက်ရပါတယ်။

Lin ဟာ DarkWeb မှာ အရောင်းအဝယ်လုပ်လာတဲ့ cryptocurrency တွေကို crypto exchange ပေါ်မှာ deposit တင် အရောင်းအဝယ်လုပ်ခဲ့တာကို FBI ကနေ ခြေရာခံနိုင်ခဲ့ပြီးတော့ New York ရဲ့ John F. Kennedy လေဆိပ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။

Lin ဟာ Incognito Market ဆိုတဲ့ မူးယစ်ဆေးမှောင်ခိုဈေးကွက်တစ်ခုကို 4 နှစ်နီးပါး လည်ပတ်ခဲ့ပြီးတော့ အကြီးဆုံး မူးယစ်မှောင်ခိုရောင်းတဲ့ online platform တွေထဲကတစ်ခုဖြစ်ခဲ့သလို $100 million ဖိုးအထိ အရောင်းအဝယ်တွေဖြစ်ခဲ့ပြီး $ million နဲ့ချီ အမြတ်ထွက်ခဲ့ပါတယ်။

ငွေပေးချေမှုတွေအတွက် Bitcoin နဲ့ Monero တို့ကို သုံးခဲ့ပြီး ငွေအလွှဲအပြောင်းတွေအတွက် ကိုယ်ပိုင် escrow service တစ်ခုပါ ဖန်တီးထားပါသေးတယ်။ ဒီ escrow service ကနေလည်း 5% fees ဖြတ်သေးတာကြောင့် Lin ဟာ စီးပွားရေးအကွက်အတော်မြင်ခဲ့ပုံပါပဲ။

ဒါပေမယ့် dark web ကနေ ရထားတဲ့ crypto တွေကို Binance နဲ့ Kraken တို့ဆီ deposit တင်မိရာမှာတော့ FBI ဖက်က ခြေရာခံလို့ရသွားခဲ့ပြီးတော့ လေဆိပ်မှာ အဖမ်းခံခဲ့ရပါတယ်။ Lin ရဲ့ Binance နဲ့ Kraken account တွေထဲမှာ 2021 ခုနှစ်အတွင်းက $63,000 သာ ရှိနေခဲ့ပေမယ့် 2023 ခုနှစ်မှာတော့ $4.2 million နီးပါးအထိ တိုးလာခဲ့ပြီး ဒီ crypto asset တွေကိုလည်း FBI ဖက်က သိမ်းယူသွားမှာဖြစ်ကြောင်း ကြေငြာထားသလို မူးယစ်ဆေးရောင်းဝယ်မှုအပါအဝင် ရာဇဝတ်မှုပုဒ်မတွေနဲ့ တရားစွဲသွားဖို့ ရှိနေပါတယ်။

Reference Link: https://cointelegraph.com/news/incognito-market-founder-arrested-charged-new-york

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=TA690MBH

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



6
0
0.000 PAL

0 comments