ကြမ်းနိုင်သူတွေ ကြမ်းကြပေါ့

Argentina နိုင်ငံဟာ El Salvador နိုင်ငံဆီကနေ Bitcoin နဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေ သင်ယူဖို့အတွက် ဆွေးနွေးနေကြပါတယ်။ 2021 ခုနှစ် Bull Market မှာ El Salvador ဟာ Bitcoin ကို ပြည်တွင်းမှာ ငွေကြေးတစ်ရပ်အဖြစ် တရားဝင်လက်ခံခဲ့ပြီး မီးတောင်ကရတဲ့အပူစွမ်းအင်ကို လျှပ်စစ်စွမ်းအင်အဖြစ်အသွင်ပြောင်းပြီး Bitcoin တွေ mine ခဲ့သလို Bitcoin မြို့တော်တည်ဆောက်ရေးစီမံကိန်းကိုလည်း ရေးဆွဲခဲ့ပါတယ်။ El Salvador မှာ Bitcoin ကို တရားဝင်လက်ခံလိုက်ပြီးတည်းက ပြည်တွင်းပြည်ပ ခရီးသွားနှုန်းတွေ မြင့်တက်ခဲ့ပြီး crypto company တွေရဲ့ ရင်းနှီးမြှုပ်နှံမှုဖို့အတွက် စိတ်ဝင်စားခံခဲ့ရပါတယ်။

အခုကတော့ Argentina ရဲ့ အသစ်စက်စက် သမ္မတ Javier Milei ဟာ Bitcoin နဲ့ပတ်သက်လို့ အတော်စိတ်ဝင်စားသူဖြစ်သလို Argentina မှာလည်း Bitcoin ကို တရားဝင်အသိအမှတ်ပြုဖို့ စိတ်ဝင်စားနေပုံပါပဲ။
ဒါကြောင့် El Salvador ရဲ့ အတွေ့အကြုံတွေအပေါ် အခြေခံပြီး သူတို့ရဲ့ ပြည်တွင်း crypto ဥပဒေတွေကို ပြင်ဆင်လာနိုင်သလို crypto company တွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်သွားနိုင်ပါတယ်။

Milei ဟာ သူ့ရဲ့သမ္မတသက်တမ်းမှာ အကြီးကြီးတွေလုပ်ပြဖို့ အတော်လေးစိတ်အားထက်သန်ပုံရှိပြီး သမ္မတဖြစ်ပြီးတည်းက Elon Musk နဲ့သွားတွေ့ပြီး စီးပွားရေးအကြောင်းတွေ ဆွေးနွေးခဲ့သလို သူ့ရဲ့ US ခရီးစဉ်အတွင်းမှာ Apple၊ Google နဲ့ Meta တို့နဲ့လည်း တွေ့ဆုံသွားဖို့ စီစဉ်နေပါတယ်။

Reference Link: https://decrypt.co/232583/bitcoin-70000-ethereum-nearly-4000-argentina-legal-tender

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=TA690MBH

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
0 comments