အကြောင်းက

US SEC (Securities and Exchange Commission) အနေနဲ့ spot Ethereum ETF တွေကို ခွင့်မပြုနိုင်ကြောင်း crypto community ထဲက လူအများစုက သတ်မှတ်ထားကြပါတယ်။ ဒါပေမယ့် 21 ရက်နေ့မှာတော့ Bloomberg ETF ကျွမ်းကျင်သူတွေက ဒီသတ်မှတ်ချက်ကို ပြောင်းပြန်လှန်ပစ်ခဲ့ပါတယ်။

သူတို့အဆိုအရ US အစိုးရဟာ လာမယ့်ရွေးကောက်ပွဲအတွက် နိုင်ငံရေးကစားကွက်တစ်ခုအနေနဲ့ spot Ethereum ETF တွေကို ခွင့်ပြုပေးနိုင်ကြောင်း သိရပြီး ခွင့်ပြုပေးနိုင်ခြေဟာလည်း 75% အထိ ရှိနေကြောင်း သုံးသပ်ထားပါတယ်။ ဒီသုံးသပ်ချက်ထွက်ပြီးတာနဲ့ ETH ရဲ့ ဈေးဟာလည်း $3,300 ဝန်းကျင်ကနေ $3,710 အထိကို ထောင်တက်သွားခဲ့ပြီး အခုချိန်မှာ $3,700 နီးပါး ဈေးပေါက်နေပါတယ်။

ဒီသုံးသပ်ချက်ကို လောင်စာတင်ပေးလိုက်တာကတော့ SEC ဟာ ဒီမနက်စောစောပိုင်းမှာတင်ပဲ ETF လျှောက်ထားတဲ့ အဖွဲ့အစည်းတွေဆီကနေ Form 19b-4 တွေ အသစ်ပြင်ပြီး ပြန်တင်ပေးဖို့ တောင်းခဲ့တဲ့အချက်ပါပဲ။

Form 19b-4 ဟာ ETF တွေကို ခွင့်ပြုပေးဖို့အတွက် အရေးပါတဲ့စာရွက်စာတမ်းတွေဖြစ်ပြီး Bloomberg ဖက်က သုံးသပ်ချက်ထွက်ပြီးမှ SEC ဖက်က ဒီလိုတောင်းလိုက်တဲ့အချက်ဟာ ETH ETF တွေကို ခွင့်ပြုပေးတော့မယ်လို့ ထောက်ခံပေးလိုက်သလိုဖြစ်သွားခဲ့ပါတယ်။

Spot Ethereum ETF တွေဟာ Biden အစိုးရအတွက် crypto industry အပေါ် သဘောထားကို ပြဖို့အတွက် အခွင့်အရေးတစ်ခုလည်း ဖြစ်လာနေပါတယ်။ ဒါ့အပြင် 2024 ရွေးကောက်ပွဲမှာ crypto community ရဲ့ မဲတွေ ရနိုင်ဖို့အတွက် NFT Collection တွေထုတ်လိုက်၊ Bitcoin ကို ကြိုက်ပါကြောင်းတွေ ပြောပြီးမဲဆွယ်နေတဲ့ Trump နဲ့ အပြိုင် မဲဆွယ်ဖို့အတွက် Biden အစိုးရဟာ Ethereum ETF တွေကို ခွင့်ပြုကောင်းခွင့်ပြုသွားနိုင်ပါတယ်။

SEC အနေနဲ့လည်း May လ 23 ရက်နေ့မှာ VanEck နဲ့ ARK Invest ETF တို့ရဲ့ spot Ethereum ETF တွေကို ခွင့်ပြု၊ မပြု ဆုံးဖြတ်ချက်ကို ထုတ်ပြောရတော့မှာဖြစ်ပြီး ဒီဆုံးဖြတ်ချက်ဟာ ETH ဈေးအပေါ် သက်ရောက်မှုတွေ အများကြီးရှိလာနိုင်ပါတယ်။

ဒီဆောင်းပါးကို သတင်းအချက်အလက်မျှဝေဖို့အတွက်သာ ရည်ရွယ်ပြီးတော့ cryptocurrency တွေကို အရောင်းအဝယ်လုပ်ရာမှာ ကိုယ်တိုင်လေ့လာဆန်းစစ်သုံးသပ်ပြီးမှသာ အရောင်းအဝယ်လုပ်သင့်ပါတယ်။

Reference Link: https://www.theblock.co/post/295474/ethereum-etfs-odds-of-approval-improve-as-it-appears-biden-admin-perhaps-wants-to-appear-more-crypto-friendly-bloomberg-etf-analyst

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=TA690MBH

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBLဒီဆောင်းပါးကို သတင်းအချက်အလက်မျှဝေဖို့အတွက်သာ ရည်ရွယ်ပြီးတော့ cryptocurrency တွေကို အရောင်းအဝယ်လုပ်ရာမှာ ကိုယ်တိုင်လေ့လာဆန်းစစ်သုံးသပ်ပြီးမှသာ အရောင်းအဝယ်လုပ်သင့်ပါတယ်။



0
0
0.000

0 comments