ရာဝဏ၏ အောင်ပွဲ (အပိုင်း ၄)

(Edited)

Bibisana spoke more seriously.
"It simply came to my notice then. Here is Bibisana. "Glory is the only real power in the world."
"No," he said. You are wrong. "Knowledge is the most accurate."
"Shut up. This is not the place of the priests. It is the palace of Dasagiri. It is the palace of Ravana. Nothing is right here. Only Dasagiri is right. "
It was only when I nodded at the royal voice that they both quietly raised their hands.
"You do not have to be impatient to do this in a royal court," he said. "I want to see an end to the controversy."
"Now, take a good look at King Asura's chariot."
All three of us turned our attention back to the war chariot, even as Queen Mando warned. The entire captioned 'arrow' is gilded. Inside the train, the lion's water is laid out, so it is very soft. Due to the lack of a roof, the shape of the train is more volatile. The sash was covered with three layers of copper, and the lion badges of the Dravidians were carved in gold.

Continued Part 4 Coming Soon

ဘိဘိသနက ပို၍လေးနက်စွာ ပြောလိုက်ပြန်သည်။
''အံမယ် ဒီလိုဆိုတော့ငါက မိန်းမတန်မယ့် မိုက်မဲညံ့ဖျင်းမှုကိုချည်း အောက်မေ့ဆင်ခြင်နေတယ် လို့ ဆိုတာပေါ့လေ။ ဒီမှာ ဘိဘိသန၊ လောကမှာ ဘုန်းလက်ရုံးအာဏာသာလျှင် အမှန်ကန်ဆုံးပဲ''
''မဟုတ်ဘူး၊ နင်မှားနေပြီ၊ အသိဥာဏ်သာ အမှန်ကန်ဆုံး''
''တိတ်ကြစမ်း ဒါဟာပရောဟိတ်တွေရဲ့ နေရာမဟုတ်ဘူး၊ဒသဂီရိရဲ့နန်းတော်။ရာဝဏရဲ့နန်းတော်။ ဒီနေရာမှာ ဘာမှမမှန်ဘူး။ ဒသဂီရိသာ မှန်တယ်။''
ကျွန်ုပ်က ဘုရင့်အာဏာသံဖြင့် ငေါက်ငမ်းလိုက်သောအခါမှနှစ်ဦးလုံးတိတ်လျက် လက်အုပ် ချီလိုက်ကြသည်။
''နန်းရင်ပြင်မှာခစားတဲ့ပုံစံနဲ့ ဒီလိုလုပ်နေစရာသည်း မလိုပါဘူး။ အငြင်းအခုံတွေ ရပ်ကြဖို့ငါက ပြောတာပါ။''
''ကဲ .. အသုရာမင်းရဲ့ ပဏ္ဏာတော်စစ်ရထားကို သေသေချာချာ ကြည့်ပါအုံးလေ''
မိဖုရားမန္ဒောက သတိပေးမှပင် ကျွန်ုပ်တို့ သုံးဦးစလုံး စစ်ရထားဆီင်္သို့ အာရုံပြန်ရောက် သွားသည်။ စာတန်းထိုးထားသော 'မြားကာ' တစ်ခုလုံးတွင်ရွှေပိန်းချထားသည်။ ရထားတွင်း၌ ခြင်္သေ့ရေများကို ခင်းထားသောကြောင့် နူးညံ့လှပေသည်။ အမိုးမရှိသောကြောင့် ရထား၏ ပုံစံသည် ပို၍ကြွနေသည်။ ဘေးအကာများကိုမူ ကြေးနီသုံးထပ်ကာရံပြီး ဒြာဝိဒိယန်မျိုးနွယ်တို့၏ ခြင်္သေ့တံဆိပ်များကို ရွှေသားဖြင့်ထုလုပ်ပုံဖော်ထားသည်။

ဆက်ရန် ရှိသေးပါသည် အပိုင်း ၅ မကြာမီ လာမည် မျှော်



9
0
0.000 PAL

0 comments