ဆက်တိုက်ဆိုသလိုပါပဲ

avatar

img_0.18449423021293754.jpg

အခုဆိုကျတော်တို့မြန်မာပြည်ကြီးကအဆိုးတွေနဲ့ဆက်တိုက်ဆိုသလိုပါပဲ မြန်မာပြည်သူပြည်သားများက ခံစားနေကြရပါပြီး။ကပ်ရောဂါဘေး စစ်ဘေး သဘာဝဘေးအန္တရာယ်တွေကြားထဲမှာ အလူးအလဲကို ခံနေရရှာပါပြီး။

2020ခုနှစ်ကနေပြီးတော့ Epidemic ကိုမြန်မာပြည်သူလူထုကြားမှာ ပြန်နံ့လာခဲ့ပြီးတော့ မြန်မာပြည်သူပြည်သားတွေရဲ့ လုပ်ငန်းတွေ စီးပွားရေးတွေ လူ့အသက်တွေ ထိုရောဂါကြောင့် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ စီးပွားရေးတွေလဲ ထိုးကျ လုပ်ငန်းတွေလဲ ရပ်တန့်သွားခဲ့ပြီးတော့ လူ့အသက်တွေလဲ အချိန်မတန်ခင် ကြွေလွင့်ပျက်စီးခဲ့ရတယ်။

စီးပွားရေးတွေကလဲ ကျပ်တည်လာပြီးတော့ လုပ်ငန်းတွေမှာလဲ Epidemic ကြောင့် ဝန်ထမ်းတွေကိုလဲ လျော့သင့်တဲ့လူတွေ​လျော့ခံရ ဖြုတ်ချခံရတဲ့သူတွေ လစာတွေလျော့ခံရတာကြောင့် ​မြန်မာပြည်သူတွေရဲ့ စားဝတ်နေရေးတွေ ခက်ခဲလာခဲ့တယ်။

စားဝတ်နေရေးတွေခက်ခဲလာတဲ့ကြားထဲမှာ ကုန်စျေးနှုန်းတွေကလဲ Epidemicကြောင့် အရင်လို လွယ်လွယ်ကူကူ ကုန်သွယ်ခွင့်မရခဲ့တာကြောင့် ကုန်စျေးနှုန်းတွေမြင့်တက်လာခဲ့တော့ ​မြန်မာပြည်သူပြည်သားတွေ ကုန်စျေးနှုန်းမြင့်တက်တဲ့ဒဏ်ကို Epidemic ကာလမှာ ခံစားခဲ့ရတယ်။ စီးပွားရေးတွေလဲ ထိုးကျပြီးတော့ လုပ်ငန်းလည်ပတ်မှုတွေကလဲ ရပ်တန့်ပြီး လစာလျော့ချခံရပြီးတော့ ဝင်ငွေထွက်ငွေတွေ မညီမျှခြင်းကိုလဲ ကျတော်တို့တတွေတော်တော်လေး ရုန်းကန်ခဲ့ရပါတယ်။
kaunglay2
21:33PM



0
0
0.000
3 comments
avatar

သူ့တင် ပဲလား ကွဲ့ ။!LOL

0
0
0.000