ယခင်က ဤအချိန် ( Henry Aung )

avatar

111.jpeg

မင်္ဂလာပါ။ ဟိုယခင်ကဆိုလျင်တော့ ဤသို့သော အခါသမယမျိုးတွင် ဆုတောင်း ပန်ကြားစာများ မင်္ဂလာရှိသော စာများ ရေးသားမည် ဖြစ်သော်လည်း အဖက်ဖက်မှ ယိုယွင်းနေသော နိုင်ငံတွင် အချို့က မြို့ပြတွင် ဒုက္ခရောက်နေကြသလို အချို့ကလည်း တောတွင်းနေရာ၌ အိုးအိမ် ပြစ် ကာ ဒုက္ခရောက်နေကြသောကြောင့် မင်္ဂလာမရှိ နိုင်သည်ကတော့ သေချာပါသည်။

ထို့ကြောင့် ကျွန်တော့ အနေဖြင့်လည်း ကျွန်တော်တို့ မြန်မာနိုင်ငံ အမြန်ပြန်လည် ကျန်းမာလာစေရန်သာ ဆုတောင်းနေပါတော့သည်။ အချို့ကလည်း ဤအချိန်တွင် ခရီးသွား ဘုရားဖူး နေကြသူများအား အပြစ်တင်နေကြသည်ကိုလည်း တွေ့ရသလို ကမ်းခြေ အပန်းဖြေစခန်းများတွင်လည်း လူအများ ပြည့်နေသည်ကို တွေ့နေရပါသည်။

ဤ အကြောင်းအရာများအား တွေ့မိတိုင်း Covid တတိယလှိုင်း ၏ ဒုက္ခရောက်ပုံအား မျက်စိတွင် ကွက်ကွက်ကွင်းကွင်း မြင်လာပါသည်။ Oxygen ရရန် အလုအယက် ညသန်းခေါင် သန်းလွဲ စောင့်ဆိုင်း ရယူနေကြသူများ / အဖျားရှိလျင် ဆေးရုံ အတွင်းသို့ အဝင်မခံသော အခိုက်အတန့်များ / သောက်စရာ ဆေးဝါး ရှာဝယ်ရသော ဒုက္ခများ စသည်ဖြင့် ။

နိုင်ငံတဝန်းလုံး ကာကွယ် ဆေးပင် မထိုးနိုင်သေး လူစုလူဝေး ပုံများအား ကြည့်ရသည်မှာ စိတ်မသက်သာစရာ။ ဤရောဂါသည် လူစုလူဝေး ရှောင်ရှား ရမည့် ရောဂါ ဆိုသည်ကို အားလုံးအသိပင်ဖြစ်ပါသည်။

ဤပုံစံအတိုင်း ဆိုလျင်ဖြင့် နောက်ထပ် ၂ ပတ်ခန့်အကြာတွင် လှိုင်းလုံး များ ထပ်တက်လာမည့် အရိပ်လက္ခဏာ များပင်ဖြစ်ပါသည်။ ဘယ်သူမပြုမိမိမှုပင် ဖြစ်ပါသည်။ ဘာသာရေးနှင့် စပ်လျဉ်းသောကြောင့် ပြောဆို ရေးသားရသည်ကလည်း သတိထားရပါသည်။

အပြော မတော် အရေးမတော်လျင် မိစ္ဆာ ဒိဌိ ဖြစ်သွားမည့် အရေးကလည်း ရှိပါသည်။ ဤ ယနေ့ အချိန်ကာလသည် စားသတိ သွားသတိ ဖြင့် နေရမည့် အချိန်ကာလဖြစ်သည့် အလျောက် အရာရာ သတိထားကြပါရန်သာ တိုက်တွန်းလိုပါသည်။

Post တခုဖြစ်လာစေရန် အတွက် သာ ကြိုးစားရေးသားထားသည်ဖြစ်၍ မည်သည့် ဗဟုသုတ မျှ မပါဝင်သည်ကို တောင်းပန်ပါသည်။

Henry Aung ( Kachin )

20/10/2021 - Wednesday - 16 ; 51 Pm



0
0
0.000
13 comments
avatar

ရင်မောရတဲ့ နေ့ရက်တွေ မြန်မြန် ကုန်စေချင်နေပြီ

0
0
0.000
avatar

ဟုတ်ပါ့ဗျာ... မွန်းကျပ်နေပြီ။!PIZZA

0
0
0.000
avatar

အရင်လို အချိန်တွေ မြန်မြန် ပြန်ရောက်ချင်ပြီ အကို
!PIZZA

0
0
0.000
avatar

ဟုတ်ပါ့ ညီရေ.... လုပ်ချင်တာ တွေ အေးဆေးလုပ်လို့ရမယ့် အချိန်တွေ....!PIZZA

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!
PIZZA Holders sent $PIZZA tips in this post's comments:
uthantzin tipped kachinhenry (x1)
naythan tipped kachinhenry (x1)
kachinhenry tipped htwegyi (x1)
kachinhenry tipped nyimwa (x1)
kachinhenry tipped myanmarkoko (x1)
htwegyi tipped kachinhenry (x1)
@kachinhenry(6/20) tipped @donjaun (x1)
kachinhenry tipped uthantzin (x1)
kachinhenry tipped naythan (x1)
Learn more at https://hive.pizza.

0
0
0.000
avatar

မြန်မာ လူမျိုးက ကောက်ရိုးမီးများပ။
အပျော်အလွန်မက်
ကြောက်စရာရောဂါက ခဏငုပ်နေတာ အပြီးပျောက်သွားတာမဟုတ်သေး။
ကာကွယ်ဆေးက လူတိုင်းထိုးမထား အင်းဒုက္ခ။
!PIZZA

0
0
0.000
avatar

ဖြစ်လာတော့လည်း ဖြစ်လာတယ်လို့ မှတ်ယုံပေါ့.... !PIZZA

0
0
0.000
avatar

ဟုတ်တယ်ဗျာ နေရာတိုင်းမှာ အခက်အခဲတွေ ကိုယ်စီနဲ့ဆိုတော့ သီတင်းကျွတ်ပွဲကို ရှိတယ်လို့တောင်မထင်မိဘူး။

0
0
0.000
avatar

ဒါပေသိ သီတင်းတော့ တကယ်ကျွတ်ခဲ့ပါပြီ။ !PIZZA

0
0
0.000
avatar

လူတွေစည်းကားနေတာတော့ အမှန်ပါပဲ။
ရောဂါအတွေက် အထူးစိုးရိမ်မိပါတယ်။ !PIZZA

0
0
0.000
avatar

ဖြစ်လာတော့လည်း ဖြစ်လာတယ်လို့ မှတ်ယုံပေါ့.... !PIZZA

0
0
0.000
avatar

ဘာဖြစ်လို့ လူစည်နေသလဲ တွေးလို့မရပါ။ကိုယ်က လိုက်မမှီတာပဲလို့ တွေးနေမိတော့တယ်။ဘုရားဖူးတာဆိုတော့ ကိုယ်လည်း ငရဲအကျမခံနိုင် မဝေဖန်မှပဲ ရမယ်။ !PIZZA

0
0
0.000
avatar

ဒီလိုပဲ မသိသလို ကျော်ဖြတ်သွားရတာပေါ့ညီရေ... !PIZZA

0
0
0.000