ဦးမော့လာသည့် ဈေးနှုန်းများ နှင့် Hive Community

(Edited)

img_0.9732218120498479.jpg

ကျွန်တော်သည် HIVE ကိုစတင်အသုံးပြုသည်မှာ တစ်လကျော်သွားခဲ့ပါပြီး။ HIVE စတင်အသုံးပြုချိန်မှာ ယောင်လည်လည်ဖြစ်ခဲ့ပါတယ် ( ကျွန်တော် Crypto လောကနှင့် အဆက်ဖျက်ထားရသည်မှာလည်း ၂ နှစ်ကျော် ကြာသွားခဲ့ သောကြောင့်ဖြစ်ပါတယ်)။

ခုချိန်မှာ Crypto လောကထဲ ပြန်ရောက်နေပြန်ပြီးလာ ဆိုတော့ ပြန်မရောက်သေးပါဘူး။ အရင်လိုလည်း ထဲထဲဝင်ဝင် မလုပ်ဖြစ်ပါဘူး ( ဖြစ်ပေါ်လာနိုင်သော အကြောင်း ကြောင်းတွေကြောင့် လိုဆိုနိုင်ပါတယ်)

ဒါပင်မဲ့ ဆယ်စုနှစ် တစ်ခုနီးပါအချိန်ပေးလေ့လာခဲ့သည့် ကိစ္စတွေဖြစ်နေသောကြောင့် အလုံးစုံစွန့်လွှတ်လိုက်ရသည်မှာ အလွန်ခက်ခဲလှပါတယ်။

ဒီတော့ ကျွန်တော်လည်း HIVE မှာသာ စာရေးပြီး ရရှိလာသောအကျိုး Token များကို ရေရှည်အတွက် Power Up သွားဖို့သာ အစီအစဥ်ရှိပါတယ်။ နောင်နှစ်ပေါင်းများစွာကြာလာတဲ့ အခါဘာတွေဖြစ်မလဲဆိုတာ ဘယ်သူမှ သိနိုင်တာမှ မဟုတ်တာ။

HIVE က Steemit နှင့်မတူသည့် အချက်တွေကိုကနဦး မသိရှိသည့်အတွက် အခက်အခဲများစွာ တွေ့ဆုံခဲ့ရပါတယ်။ ဒီအခက်အခဲတွေကို HIVE Myanmar Community က လက်တွဲခေါ်ဆောင်ခဲ့သည့် အတွက် အဆင်ပြေခဲ့ပါတယ်။

ကျွန်တော် HIVE တွင် စာရေးသားရာတွင် HIVE ဈေးက 1 HIVE ကို 1.7$ လောက်ထိ ဈေးရှိခဲ့ပါတယ်။ အနိမ့်ဆုံးဈေးကတော့ 0.7$ လောက်ထိ ရှိခဲ့ပါတယ်။

ကျွန်တော်သည် HIVE ဈေးတက်ခြင်း ဈေးကျခြင်းကို ဂရုမစိုက်ခဲ့ပါဘူး။ နောက်လည်း ဂရုစိုက်မှာ မဟုတ်ပါဘူး။ ဈေးတက်တက် ကျကျ ကျွန်တော်လုပ်စရာ ရှိတာကို ဆက်လုပ်သွားမှာပါ။

HIVE Myanmar Community မှာ တစ်နေ့ တစ်ပုဒ်ပုံမှန်တင်သွားရန် ဖြစ်ပါတယ်။ တစ်ခြား Community တွေမှာလည်း အလျှင်းသင့်သလို တင်သွားမှာပါ။ Community ကောင်းအောင် မိတ်ဖွဲ့ပြီး Reward တွေ များများရရှိဖို့ မျှော်လင့်ထားပါတယ်။

ဈေးတက်ရင်တော့ ရေးရတာ (ရရှိတာ) အရှိပင်မဲ့ ဈေးကျလျှင်တော့ အနည်းငယ် အားလျှော့သွားမှာ အမှန်ပါ။ ဒါပင်မဲ့ လုပ်စရာ ရှိတာများကိုတော့ လုပ်ရမှာဘဲလေ။ ကျွန်တော်တို့က ရေရှည်သွားမည့်သူတွေဆိုတော့ တစ်ချို့အရာတွေ ဘေးဖယ်ထားရမှာပေါ့နော်။
ကျွန်တော် HIVE တွင် စာရေးတာ ငွေရဖို့ဆိုသည့် ရည်ရွယ်ချက် ထက်တော့ပိုပါတယ်။ ကျွန်တော် စာရေးရတာ ကြိုက်ပါတယ်။ ပြီးတော့ ကိုယ့်အကြောင်းတွေကို စာရေးတဲ့အခါ ရင်ဖွင့်လိုက်သလို ခံစားရပြီး နေသာထိုင်သာ ရှိသွားတယ်။

ပြီတော့ ကိုယ်အတွေ့အကြုံတွေ၊ ကိုယ့်ရဲ့အခက်အခဲတွေ မျှဝေရတာကိုလည်း ကြိုက်သောကြောင့်ပါ။ အခက်အခဲတွေဆိုလျှင် Community ရဲ့ အကြဲပေးချက်တွေ တစ်ခါတစ်လေ ကိုယ်မှန်နေတယ် ထင်တာတွေ စသည်တို့ကို ပြန်ပြီးစဥ်းစာမိတယ်။

ပြီးတော့ HIVE Myanmar Community မှာ တင်သည့်အထဲမှာ လေ့လာစရာတွေ အတော်လေးစုံကြပါတယ် (အကြောင်းအရာ စုံသည်ကို ဆိုလိုချင်တာပါ) ။ ကိုယ်ရဲ့ စီနီယာတွေ၏ အရေးအသားတွေ၊ သူတို့ လုပ်ဆောင်နေမှုတွေကနေ ကျွန်တော်အတွက် သင်ယူစရာ၊ လေ့လာစရာတွေ အများကြီး ရရှိပါတယ်။

သူတို့တွေနှင့် မိတ်ဖွဲ့ရင်း၊ ပျော်စရာလေးတွေ Comment ပေးရင်း HIVE မှာ ပျော်ရွှင်လာပါတယ်။ တစ်ကယ့်တော့ HIVE Community ဆိုတာ ငွေကြေးတစ်ခုတည်း ရရှိဖို့ဆိုတာထက်တော့ ပိုသည်မှာ သေချာပါတယ်။

အားလုံးလည်း ဈေးတက်သည်ဖြစ်စေ ဈေးကျသည်ဖြစ်စေ HIVE Community မှာ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးရင်း

@johndieo
5.2.2022



64
0
0.004 PAL

20 comments
(Edited)

စျေးတတ်သည်ဖြစ်စေ ကျသည်ဖြစ်စေ
ပုံမှန်လေးတင်နိုင်တာ အကောင်းဆုံးပါပဲ အကို
!LOLZ

1
0
0.000 PAL
(Edited)

ဟုတ်အကို ပုံမှန်လေးသွားကြတာပေါ့နော် !lol

0
0
0.000 PAL
(Edited)

Knock knock...
ERROR: Joke failed.

@johndieo, You need more $LOLZ to use this command. The minimum requirement is 16.0 LOLZ.
You can get more $LOLZ on HE.

0
0
0.000 PAL
(Edited)

သိတာလေးတွေ ဝေမျှပေးနိုင်ကြရင် မြန်မြန်တိုးတက်မှာပဲဗျ... အပြန်အလှန် လက်တွဲလို့ ခေါ်ရင်ပေါ့လေ... Hive ဈေး တက်တာ ကျတာ အရေးမစိုက်ပေမယ့်လည်း တက်တော့ပျော်တာပေါ့နော 😁

0
0
0.000 PAL
(Edited)

ဟုတ်တာပေါ့ အကိုရေ အမှန်ပါဘဲနော်
ခုလည်း အဆင်ပြေနေကြတာပါဘဲနော် !lol

0
0
0.000 PAL
(Edited)

Knock knock...
ERROR: Joke failed.

@johndieo, You need more $LOLZ to use this command. The minimum requirement is 16.0 LOLZ.
You can get more $LOLZ on HE.

0
0
0.000 PAL
(Edited)

ဟိုက်ဈေးတက်တော့ ပျော်သပေါ့ ကျတော့ ပျင်းတာပ။
!PIZZA

0
0
0.000 PAL
(Edited)

ဟုတ်တယ် အကိုရေ
ဘာပဲဖြစ်ဖြစ်အားထည့်ပြီးတော့ ရေးရမှာဘဲနော် !lol

0
0
0.000 PAL
(Edited)

Knock knock...
ERROR: Joke failed.

@johndieo, You need more $LOLZ to use this command. The minimum requirement is 16.0 LOLZ.
You can get more $LOLZ on HE.

0
0
0.000 PAL
(Edited)

Hive Myanmar က Community သေးသေးလေးတခု မို့ တခါတလေ ပျက်သွားမှာတောင် စိုးရိမ်ရတယ်...😁😁😁 !PIZZA

0
0
0.000 PAL
(Edited)

ဒါပင်မဲ့ Myanmar တွေ အတွက် အားထားစရာတစ်ခုပါ အကိုရေ

0
0
0.000 PAL
(Edited)

ကျမလည်း ၂နှစ်​လောက်အဆက်ပျက်သွားတာ အခုမှ ပြန်လိုက်​နေရတယ် Hiveမှာ စာ​ရေးတာက​တော့ ကျမတို့ရဲ့ ဝတ္တရားတစ်ခုလိုဖြစ်​နေပြီ Hive myanmar က မိသားစုအားလုံးကို ချမ်းသာ​စေချင်တယ်!LUV

0
0
0.000 PAL
(Edited)

ဟုတ် အမရေ
အားလုံးအဆင်ပြေကြပါစေ !lol

0
0
0.000 PAL
(Edited)

Knock knock...
ERROR: Joke failed.

@johndieo, You need more $LOLZ to use this command. The minimum requirement is 16.0 LOLZ.
You can get more $LOLZ on HE.

0
0
0.000 PAL
(Edited)

ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ရမှာပဲပေါ့...

0
0
0.000 PAL