မန္တလေး၏ ကမ္ဘာပျက်ည 28/3 ။
ယခုအချိန်က ငလျင်အကြောင်းအရာ ကိုသာ
ဖတ်နေရသည်။ မီဒီယာများ၊ လူမှုကွန်ယက်များ
မှာ ငလျင်၏ စိတ်မချမ်းသာဖွယ်ရာ အဖြစ်
အပျက်များကို တွေ့မြင် နေကြရသည်။
သို့ပေသိ အဆိုးထဲက အကောင်းဆိုသလို
အသက်ဘေးလွတ်မြောက်လာသူကို တွေ့ရတော့လည်း
ဝမ်းသာ ဝမ်းနည်းဖြစ်ရသည်။ ထိုသို့
စိတ်မချမ်းသာ စေသော အရာများကို
ကြာရှည် ကြည့်နေပါမူ အဆင်မပြေဟု သိရသည်။
ထိုကြောင့် ငလျင်အကြောင်းကို ယခင်ပို့စ်၏
အဆက် ယခုပိုစ့်တွင် အပြီးသတ်ပါတော့မည်။
ရတနာပုံတံတား မဖြတ်သန်းရ၍ အိုးဝေကို
မြို့တွင်းသို့ ပြန်မောင်းလာသည်။
အိုးဝေကို ဆီဖြည့်ရန် အိမ်သို့
ခဏဝင်လာသည်။ ဆီဖြည့်ပြီး ကျွန်တော်တို့အား
မြို့ထဲကြည့်ရန် လမ်းကြုံလိုက်ခဲ့ဟု ခေါ်သဖြင့်
လိုက်ပါသွားသည်။ မြို့သစ် မနော်ဟရီလမ်းမပေါ်
ရှိ တိုက်အချို့က ပြိုကျနေသည်။ အချို့တိုက်များက
အက်ကြောင်းများဖြစ်ပေါ်နေသည်။
78လမ်းမပေါ်ရောက်သောအခါ မှောင်နေပေသည်။
အမေစုလမ်းဟု ခေါ်သော 38လမ်းမပေါ်မှာ
အိမ်စီးကားအချို့ ရပ်ထားကာ ခြင်ထောင်များ
ထောင်၍ လူအချို့ လမ်းဘေးမှာ ယာယီနေထိုင်
သည်ကို တွေ့ရသည်။ သုံးဆယ့်ငါးလမ်းမ လမ်းဆုံ
မှာတော့ အရှေ့ဖက်ရှိရှေးဟောင်းတိုက်ကြီးတခုလုံး
ပြိုကျနေပေသည်။ 26ဘီလမ်းမကြီးပေါ်ရောက်တော့
ကျုံးဘေးမှာ ယာယီနေထိုင်သည့် လူအုပ်ကြီးကို
ထပ်မံ တွေ့မြင်ရသည်။
26ဘီ လမ်းမကြီး အတိုင်း အနောက်သို့မောင်း
သွားရာ လမ်းမတလျှောက် တိုက်ပြိုကျသည်များကို
မြင်ရပြန်သည်။ အချို့ကရွဲ့စောင်း၊ အချို့က အက်ကွဲ
ကြေမွနေပြီး အချို့က မြေပေါ်သို့ ပြိုကျနေသည်။
တိုက်အများစုက လေးထောင့်ပုံသဏ္ဍန်၊ စတုရန်း
ပုံဆောက်ထားသော တိုက်များက ပြိုကျသည်။
ရှည်ရှည်မျှောမျှော၊ ပိန်ပိန်၊ သေးသေး တိုက်
အမြင့်များက ထီးထီးကျန်ရှိနေသည်ကို မြင်ရသည့်
အခါမှာလည်း အံ့ဩရပြန်သည်။
မြို့တော်ဥယျာဉ် မြစ်ဆိပ်သို့ရောက်ခါနီးမှာ
ကားကို ဆက်သွား၍ မရတော့ပေ။ ညအမှောင်မှာ
မီးအချက်ပြများတား၍ ရှေ့ဆက်သွားမရကြောင်း
ပြောသည်။ မှန်ပေသည် 26ဘီ ကတ္တရာ
လမ်းမ မည်းမည်းကြီးက အက်ကြောင်းကြီးများ
ပေါ်ကာ ကွဲအက်နေသည်။ ထိုအခါ ကလေးနှစ်ဦး
နဲ့ အမျိုးသမီးက ဒီကနေပဲ လမ်းလျှောက်သွားလို့
ရပါပြီးဟုပြောသည်။
အပြန်လမ်းမှာတော့ မီးအလင်းရောင် အနည်းငယ်
ကြား မဲမဲမှောင်မှောင် မန္တလေးဈေးချိုတော်ကြီးကို
လှမ်းမြင်ရသည်။ 26ဘီလမ်းအတိုင်း ရှေသို့ တက်ခဲ့ပြီး
73လမ်းမှာ ချိုးကွေ့ခဲ့သည်။ 73လမ်းပေါ်ရှိ
ပြိုကျနေသော တိမ်ဖြူဟိုတယ်ကြီး၏ မြင်ကွင်းကို
အံ့ဩစွာမြင်ရပြန်သည်။ လူအသေအပျောက်ရှိမည်
ဖြစ်ပေမည်။ အိမ်အပြန် လမ်းတလျှောက်
လမ်းမများပေါ် ၌ လူတိုင်းသည် မိမိအိမ်ရှေ့မှာ
ခင်းစရာများ ခင်း၍ လမ်းပေါ်ထွက်ပြီး အိပ်စက်နေကြသည်။
28 ရက်နေ့ ညက ညတာရှည်လျားလှသည်။
ညသည်က တိတ်ဆိတ်မှုရှိသလို၊ ခြောက်ခြားဖွယ်
အသံများလည်း ကြားရသည်။ ကျွန်တော်တို့
အိမ်အနီးပတ်ဝန်းကျင်ရှိ တိုက်များမှ လူတို့သည်
လည်း အိမ်ရှေ့သို့ ထွက်၍ ခြင်ထောင်များထောင်ကာ
အိပ်ကြသည်။ ငလျင်ကြီး၏ နောက်ဆက်တွဲ
ငလျင်ငယ်လေးများကလည်း မကြာခဏ လှုပ်
နေသည်။ ကိုယ်တွေအိမ်က ဝါးထရံကာ အိမ်
ဖြစ်၍ အိပ်နိုင်သော်လည်း ကောင်းစွာ မအိပ်နိုင်ပေ။
ဟိုလူး ဒီလိမ့်ဖြင့် မှေးကနဲ့ဖြစ်လိုက်၊ နိုးလိုက်။
နိုးတဝက်အိပ်စက်ခြင်းဖြင့် ညတာရှည်ကို
ဖြတ်သန်းရသည်။ မန္တလေးမြို့၏ သွေးပျက်ဖွယ်၊
ကမ္ဘာပျက်သော ည ပါလေ။
နောက်တနေ့မှာတော့ စီးတော် စက်ဘီးလေး
ဆွဲ၍ အနီးဝန်းကျင်သို့သွားကြည့်မိသည်။
မြင်ရ တွေ့ရ စိတ်မချမ်းသာရပြန်ပေ။
အိမ်တလုံးက ပြိုကျကာ လမ်းပေါ်သို့ ရောက်နေ
သည်။ ထိုအိမ်အတွင်း၌ မိသားစု ငါးဦး
ပိမိသည်။ နှစ်ဦးက လွတ်မြောက်၍ သုံးဦးက
သေဆုံးသည်။ ကျွန်တော်ကြည့်နေစဉ်
ကရိန်းဖြင့် မ၍ ဆွဲထုတ်နေသည်။
နောက်တလမ်း ရောက်သည့်အခါ သာ၍
ဆိုးနေပေသည်။ ပြိုကျသောတိုက်က လမ်းကို
ကျော်ကာ တဖက်လမ်းရှိ အိမ်ကို သွားဖိသည်။
ဖိခံရသော အိမ်သည်လည်း ပြိုကျရှာသည်။
ထိုပြိုကျသော အိမ်သည်လည်း မိသားစု
ငါးဦး ပိ၍ သေဆုံးသည်ဟု ကြားရပြန်သည်။
စိတ်မကောင်းစွာဖြင့် စက်ဘီးကို ဆက်လက်စီးခဲ့သည်။ @nweoomon တို့ အိမ်သို့ရောက်သည့်အခါ
သူမတို့ အိမ်သည်လည်း အက်ကွဲ၍နေသည်။
အိမ်အတွင်း မနေရဲ၍ မျက်နှာချင်းဆိုင်အိမ်မှာ
ခဏနေကြသည်။ နေပြည်တော်ရှိ @nweoomon
၏ တူမများနေထိုင်သည့် ဝန်ထမ်းအိမ်ယာများလည်း
ပြိုကျကြောင်း ကြားရပြန်သည်။
@nweoomon ၏ ခဲအိုသည်က အိမ်နံရံပြိုကျ၍
ပေါင်ကျိုးသွားသည်။ အိမ်ထဲမှာ ကျန်နေသော
မြေးကို ပြန်ခေါ်၍ ပေါင်ကျိုးသွားခြင်း ဖြစ်သည်။
ဝမ်းနည်းဖွယ်၊ စိတ်မကောင်းစရာများဖြင့်
အတိပြီးဆုံးသွားသော မတ်လပါလေ။
@htwegyi
April 5, 2025
စိတ်မကောင်းဖြစ်နေတုန်းပါပဲဗျာ...
!LUV. !MEME
@htwegyi, @chanmin(3/4) sent you LUV. | tools | discord | community | HiveWiki | <>< daily
Credit: burn-cent
Earn Crypto for your Memes @ HiveMe.me!
Credit: fun.miner
Earn Crypto for your Memes @ HiveMe.me!
ဝမ်းနည်းဖွယ်ရာ မမြင်ရက်နိုင်စရာများပါပေ။
!LUV
!LOLZ
@htwegyi, @walarhein(2/10) sent you LUV. | tools | discord | community | HiveWiki | <>< daily
lolztoken.com
It’s all fun and games until someone loses an I.
Credit: reddit
@htwegyi, I sent you an $LOLZ on behalf of walarhein
(1/10)
NEW: Join LOLZ's Daily Earn and Burn Contest and win $LOLZ
ဟုတ်တယ်ဗျာ။