အဖော် အပေါင်းများနှင့်။

ရာသီဥတုက အပူစတင်ကာ ဝင်ရောက်လာသည်နှင့်
ဖုန်းက အလုပ် မလုပ်ချင်တော့ပေ။ အေးသည့်
နေရာရှာ၍ ဖုန်းအသုံးပြုရသည်။ ဖုန်းအားသွင်းသည့်
အခါမှာလည်း အပူရှိန်ကြောင့် ဖုန်းအားက
မဝင်ပေ။ ရှေ့လျှောက် အပူက ပို၍ ပူလာဖွယ်
ရှိသည်။ လျှပ်စစ်မီးသည်ကလည်း မလာသည်က
များသည်။ လာသည့်အချိန်မှာ ရေတင်၊ ထမင်းအိုး
တည်၊ ဖုန်းအားသွင်းခြင်းနှင့် မီးလုံးလေးများကို
အားသွင်းရသည်။

မီးက ညအချိန်လာပါလျှင် ဖုန်းအားသွင်းဖို့
ပြဿနာမရှိပေ။ နေ့လယ်ခင်း ပူသည့်အချိန်
လာပါမူ ဖုန်းအားသွင်းမရပေ။ အပူရှိန်ကြောင့်
ဖုန်းအားက မဝင်ပေ။ ဖုန်းကြိုးက ပူ၊ ဖုန်းကပူ
ပြီး ရာသီဥတုက ပူသဖြင့် ပေါက်ကွဲမှာ စိုးရိမ်းရ
သည်။ တနေ့က အားသွင်းမီးလုံးလေးကို နေ့ခင်း
အားသွင်းနေစဉ် ဖောင်းကနဲ့ အသံမြည်း၍
မီးလုံး‌လေး ပျက်သွားသည်။

လျှပ်စစ်မီးက မည်သည့်အချိန်လာ၍ မည်သို့
ပေးသည်မသိ။ ဘယ်အချိန်လာ၍ ဘယ်နာရီမှာ
ပျက်သည်ကို မခန့်မှန်းနိုင်တော့ပေ။ လာချင်
သည့်အခါ လာသည်။ ပျက်ချင်သည့်အခါ
ပျက်သည်။ ထိုသို့ လာချင်သလိုလာ ပျက်ချင်
သလို ပျက်နေသော လျှပ်စစ်မီးသည် လာသည့်
အချိန်မှာ ဘရေကာပြုတ်ကျသည်ဆိုကာ
မီးက ထပ်မံပျက်သွားပြန်သည်။

ခေတ်ကာလ မကောင်းသည့်ကြားထဲ မီးကို
အကြောင်းပြု၍ လုပ်စားသည့်သူများက ရှိပါ
သေးသည်။ ယခု မတ်လနှစ်ဆယ်ရက်နေ့ ဆိုပါမူ
ကျွန်တော်တို့သည် မြို့တွင်းမှ မြို့ပြင်သို့
ပြောင်းရွှေ့လာခဲ့သည်မှာ လေးနှစ်တိတိပြည့်
ပေသည်။ ထိုလေးနှစ်အတွင်းမှာ ကျွန်တော်
နေသည့် အရပ်မှ ရပ်ကွက်တွင် မီးပျက်၍
ငွေကောက်ခံသည်မှာ သုံးကြိမ်ရှိပေသည်။

ဘရေကာပြုပြင်ရန်ဟုဆိုကာ ငွေကောက်ခံခဲ့သည်။
ငွေရှိသူများက ငွေကိုပိုမိုထည့်သည်။ ငွေမရှိသူ
ကျွန်တော်တို့က အနည်းငယ်ထည့်ရသည်။
ရရှိလာသော ငွေကို စာရင်းပြုစုထားသည်။
သို့ပေသိ သူတို့၏ စာရင်းမှာ တမင်လုပ်ထားသော
စာရင်းဖြစ်ကြောင်း လူတိုင်းသိသည်။ ပထမ
တစ်ကြိမ်မှာတော့ ငွေထည့်သူများက စေတနာ
ရှိသည်။ နောက်တစ်ကြိမ် ဒုတိယအခါမှာလည်း
ငွေထည့်ကြပါသေးသည်။

သို့ပေသိ ယခု တတိယအခါမှာတော့ ထည်ဝင်သူ
များက စေတနာရှိ၊ မရှိ မသိပေ။ ကျွန်တော်တို့
မှာတော့ စိတ်မှာ ခံစားချက်ဖြစ်‌ပေါ်လာပါသည်။
ငွေကြေးချမ်းသာသူများက လျှပ်စစ်မီးလာ
သည်ဖြစ်စေ၊ မလာသည်ဖြစ်စေ ပြဿနာ
မဟုတ်‌ တော့ပေ။ သူတို့က အိမ်တိုင်း ဆိုလာ
များ တပ်ဆင်ထားကြပြီဖြစ်သည်။ ဆိုလာ
မရှိသူ ကျွန်တော်တို့သာ ပြဿာနာဖြစ်နေသည်။
ထိုပြဿနာသည်လည်း မီးလာသည့်အခါ
ဝီရိယထား၍ ရေတင်ပါမူ ပြဿနာမဟုတ်ပေ။
ရေအတွက်နှင့် ဖုန်းအားသွင်းရန်အတွက်သာ
လျှပ်စစ်မီးလိုအပ်ပေသည်။ ထမင်း၊ ဟင်းချက်
သည်က ထင်းဖြင့်ချက်၍ရသည်။ ခေတ်ပျက်မှာ
မီးကို အ‌ကြောင်းပြု၍ လုပ်စားသူများက
မအလ၏ မိသားစုသာ မကပါလေ။ အဖော်
အပေါင်းများနဲ့ ဆိုသလိုပါ။

@htwegyi
March 18, 2025



0
0
0.000

16 comments

!LUV. !MEME

0
0
0.000

နွေရောက်ရင် ကြုံရတဲ့ ပြဿနာပဲ
!LOLZ
!LUV

0
0
0.000

နွေရာသီက အခုမှ စလို့ကောင်းတုန်းပဲ ရှိသေးတာ...
!LOLZ
!MEME

0
0
0.000

I can always tell if someone is lying just by looking at them.
I can also tell if they’re standing.

Credit: reddit
@htwegyi, I sent you an $LOLZ on behalf of uthantzin

(3/10)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.

0
0
0.000

ဟုတ်သဗျို့။

0
0
0.000