မိမိ၏ ဘာသာပြန် လက်ရာ ၂
အမေ ကွယ်လွန်သွားသော ၃ နှစ်မြောက် နှစ်ပတ်လည်နေ့ ချဥ်းကပ်လာ တစ်နေ့တွင် မိမိ၏ ခင်ပွန်း Lincoln နှင့် မိမိသည် အမေကို မည်သို့ ဂုဏ်ပြုရမည်ကို တွေးမိကြသည်။ မိမိ၏ သူငယ်ချင်းများသည် စနေနေ့တွင် ဘတ်စကက်ဘောပွဲ တစ်ခုကို ကြည့်ရှုရန် ဖိတ်ထားသည်။ တိုက်ဆိုင်သည်မှာ ထိုဘတ်စကတ်ဘောပွဲသည် အမေနှင့် မိမိတို့ နောက်ဆုံး တွေ့ဆုံခဲ့ရသော ခန်းမတွင်ပင် ကျင်းပခြင်း ဖြစ်သည်။ Lincoln နှင့် မိမိသည် အမေ မကွယ်လွန်မီက နောက်ဆုံး တွေ့ဆုံခဲ့ရသော နေရာသို့ ပြန်သွားပါက အမှတ်တရ ဖြစ်မည်ဟု ပြောဆိုခဲ့ကြသည်။
ထိုနည်းဖြင့် အမေ ကွယ်လွန်သည့် အမှတ်တရ ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။ အမေ မသေဆုံးမီ ထိုညက မိမိတို့သည် ပျော်ရွှင်ခဲ့ကြသည်။ အမေနှင့် မိမိသည် စကားစမြည်များ အကြာကြီး ပြောခဲ့ပြီး ရယ်မောခဲ့ကြသည်။ အမေက မိမိ၏ ညီမဖြစ်သူသည် သူမ၏ ရည်းစားဖြင့် လက်ထပ်ဖြစ်မည်ဟု ဟောကိန်းထုတ်ခဲ့သေးသည်။ နောက်နှစ်အနည်းငယ် အကြာတွင် ထိုဟောကိန်း မှန်လာခဲ့သည်။
Lincoln နှင့် မိမိသည် ထိုဘတ်စကက်ဘော ခန်းမသို့ သွာရောက်ခဲ့ပြီး သူငယ်ချင်းများနှင့် အချိန်ဖြုန်းခဲ့သည်။ အမေကလည်း ထိုသို့ လုပ်ဆောင်သည်ကို နှစ်သက်မည် ထင်ပါသည်။ ထိုနေရာသို့ ပျော်ပျော်ရွှင်ရွှင် ပြန်သွားနိုင်သဖြင့် ဝမ်းသာရသည်။ သို့သော် အမေ သေဆုံးမှုကို သက်သက်သာသာဖြင့် နေထိုင်နိုင်သော အချိန်မှာပင် မိမိ၏ ဘဝသည် ထိုးနှက်ချက် တစ်ခုကို ခံရပြန်သည်။
ဘတ်စကက်ဘောပွဲမှ အိမ်ပြန်ရောက်သောအခါတွင် Lincoln က ခါးအရမ်းနာကြောင်း ပြောလာသည်။ Lincoln သည် လွန်ခဲ့သော နှစ်အနည်းငယ်က ကားမတော်တဆမှုကြောင့် ကျောရိုး သုံးလေးချောင်း ကျိုးထားသည်။ ထို့ကြောင့် မကြာခဏ ခါးနာတတ်သည်။ သို့သော် မိနစ် အနည်းအတွင်းတွင် သူသည် ကြမ်းပြင်ပေါ် လဲကျသွားသည်။ မိမိသည် အရေးပေါ် ဆေးအဖွဲ့ကို ခေါ်လိုက်သည်။ ဆေးအဖွဲ့က မိနစ်အနည်းငယ်အတွင်း ရောက်လာသည်။ ထို့နောက် Lincoln ကို ဆေးရုံသို့ ပို့ဆောင်လိုက်သည်။ မိမိသည် Lincoln ၏ အမေဖြစ်သူကို ဖုန်းဆက်လိုက်သည်။ Lincoln ၏ မိသားစုနှင့် အရေးပေါ် အခန်းတွင် တွေ့ကြသည်။ မိမိသည် Lincoln ဘာဖြစ်သွားသည်ကို မသိပေ။
အရေးပေါ်ခန်းမတွင် မိနစ်အနည်းငယ်ခန့် စောင့်ဆိုင်းပြီးသောအခါတွင် မိမိတို့ကို သီးသန့်အခန်းတွင်းသို့ စကားပြောရန် ခေါ်ဆောင်သွားသည်။ ဆရာဝန်က စကားလုံး တစ်လုံးမျှ မပြောသေးခင်ပင် သူဘာပြောမည်ကို သိနေခဲ့သည်။ Lincoln ဆုံးသွားပါပြီ။ သူ့တွင် heart attack ရောဂါ ရှိပါသည်။
ဆက်ရန်
Congratulations @hive.phyowinkoko! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):
Your next target is to reach 500 upvotes.
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
Check out the last post from @hivebuzz:
Support the HiveBuzz project. Vote for our proposal!
ဘာသာပြန် ဝတ္တုလား မောင်လေး
ဝတ္တု မဟုတ်ဘူး တက်ကျမ်း စာအုပ်ကို ဘာသာပြန် ကြည့်တာ