Reaching Under the Shade of Tree

Hello.
Reaching the Forest due to the season.
That is ,
When the weather is hot, living in the shade of a forest will reduce the heat.
However, due to the unregulated logging of people who have lived under a military dictatorship for more than 60 years, Burma is increasingly suffering from deforestation and climate change.
As a villager, I also felt the heat at home, so I went outside the village to relieve the heat.

img_0.5650626801619322.jpg

There are Pagodas outside the village.
When I arrived at the pagoda, I first worshiped.
Then I looked for a place to rest in the shade of a tree.

img_0.7461064624674156.jpg

There is a big tree with the small yellow Flowers in the pagoda courtyard.
Underneath that tree, There are porcelain flowers and leaves.
I also cleaned the base of a shady tree and rested in the afternoon.
The wind that blows across the field carries the heat.
So I could not stay in the shade of that tree for long and had to return home.

@golden.future

By Burmese Language,

မင်္ဂလာပါ။

ဥတုရာသီ တောကို မှီ။ တဲ့။
img_0.7461064624674156.jpg
ရာသီဥတု ပူပြင်းလာသောအခါ အရိပ်အာဝါသ ကောင်းတဲ့ တောရိပ်မှာ မှီတင်းနေထိုင်ခြင်းသည် အပူဒါဏ်ကို လျော့ပါးစေပါသည်။
သို့သော် နှစ်ပေါင်း ၆၀ ကျော် စစ်အာဏာရှင် လက်အောက်မှာ နေထိုင်ခဲ့ကြသော လူတို့၏ စည်းကမ်းမဲ့ သစ်ခုတ်ကြခြင်းကြောင့် မြန်မာနိုင်ငံသည် သစ်တော ပြုန်းတီးကာ ရာသီဥတုဒါဏ်ကို ပိုမို ခံနေကြရပါသည်။

ကျေးလက်ဒေသမှာ နေထိုင်သူ တစ်ယောက် ဖြစ်သော ကျွန်တော်သည်လည်း အိမ်မှာ အပူဒါဏ်ကို ခံစားနေရသောကြောင့် အပူဒါဏ် သက်သာလိုသက်သာငြား ရွာအပြင် တောဘက်ကို ထွက်ခဲ့မိပါတယ်။

ရွာအပြင် တောဘက်မှာ စေတီတော်တွေ တည်ရှိပါတယ်။
ကျွန်တော်လည်း စေတီတော်ဘက် ရောက်တာနဲ့ ပထမဦးစွာ ဘုရား ဝတ်ပြုခဲ့ပါတယ်။
ထိုနောက်မှာမှ ဘယ်သစ်ပင်ရိပ်မှာ ခေတ္တ နားခိုရမလဲ ရှာဖွေကြည့်ရှုခဲ့ပါတယ်။

ဘုရားရင်ပြင်တော်ထဲမှာ ပန်းဝါလေးများ ပွင့်နေသော အပင်ကြီး တစ်ပင် ရှိပါတယ်။
ထိုသစ်ပင် အောက်မှာတော့ သစ်ရွက်ကြွေ၊ ပန်းပွင့်ကြွေများ ရှိနေကြပါတယ်။
ကျွန်တော်လည်း အရိပ်ရသော သစ်ပင် ခြေရင်းကို လှည်းကျင်းသန့်ရှင်းကာ နေ့လည်ခင်းမှာ အနားယူခဲ့ပါတယ်။
လယ်ကွင်းပြင်ကို ဖြတ်၍ တိုက်ခတ်လာသော လေတို့သည်ကား အပူငွေ့ကို ယူဆောင်လာပေးပါသည်။

သို့ဖြစ်၍ ကျွန်တော်လည်း ထိုသစ်ပင်ရိပ် အောက်မှာ ကြာရှည်စွာ မနေနိုင်ဘဲ အိမ်သို့သာ ပြန်လာခဲ့ရပါတော့သည်။

ရွှေအနာဂတ်



0
0
0.000
12 comments
avatar

နေပူကို ဖြတ်လာတော့ လေပူပဲ ရမှာပေါ့
!LOL

!PIZZA

0
0
0.000
avatar
(Edited)

PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@walarhein(2/5) tipped @golden.future (x1)
tin.aung.soe tipped golden.future (x1)

You can now send $PIZZA tips in Discord via tip.cc!

0
0
0.000
avatar

အရိပ်ကတော့ အုံ့လို့ပါပဲ

0
0
0.000
avatar

အရိပ် ရပေမယ့် လေအေး မရ

0
0
0.000
avatar

အေးချင်လို့ သွားတာ မအေးခဲ့ရဘူးပေါ့
!LOL

0
0
0.000
avatar

အရိပ်ကောင်းပေမယ့် မအေးခဲ့ရဘူးပေါ့

0
0
0.000