Being Happy for a Moment Phone Photography

avatar

Hello.

I took a photo with my phone and posted a weekly contest on the Feel Good Community with the Phonography tag.
Feel Good is to enjoy good flavors with good feelings, add good mood and share good vibes with others.
How can a basic class living in Myanmar be happy?

About 50% of the people living in Myanmar are suffering from daily disasters and worries.
The remaining 50% are happy when it's convenient, and unhappy when faced with difficulties.
I am in the remaining 50%.

In fact, I am happy in this period, but I am not really happy.
It's convenient, but not really convenient.
I still want to be alive when this time is over.
So I try to be comfortable.
I have to practice so that I can be happy.

When the weather gets hot, I look at the clouds and hope for rain.
I'm Happy if it rains.
When I get bored of staying at home, go out and visit and eat good and tasty food.
Then I was happy for a while.
If I listen to war disaster news, listen to music.
The problem seems to be forgotten for a while.
I watch and listen only to the news of the war which is victory by People Defense Force.
So, I am happy with believing that our people will be able to defeat the military dictator.

These are moments of peace in the midst of the unpleasantness that I go through every day.
The photos taken with the phone camera shown today are the temporary pleasures I sought to collect HP for the future.

Burmese language,

မင်္ဂလာပါ။

Phone ဖြင့် ဓာတ်ပုံရိုက်ပြီး Phonography tag ဖြင့် Feel Good Community မှာ အပတ်စဉ် Contest ရေးတင်နေဖြစ်ခဲ့ပါတယ်။
Feel Good မှာက ကောင်းသော ခံစားချက်တွေဖြင့် ကောင်းသော အရသာတွေ ခံစားပြီး ကောင်းသော mood ထည့်ကာ ကောင်းသော Vibes ကို အခြားသူတွေအား မျှဝေဖို့ပါ။
မြန်မာနိုင်ငံ၌ နေထိုင်သော အခြေခံလူတန်းစားတ‌စ်ယောက် အတွက် အဘယ်သို့ ပျော်နေနိုင်ပါမည်နည်း။

မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော ပြည်သူများ၏ ၅၀% လောက်သည် နေ့စဉ် ဘေးဒုက္ခတွေနှင့် စိတ်သောကရောက်နေကြရ၏။
ကျန်သည့် ၅၀% လောက်ကတော့ အဆင်ပြေလျှင် ပျော်လိုက် အခက်အခဲကြုံလျှင် စိတ်ညစ်လိုက်ပါပဲ။
ကျွန်တော်က ကျန်သည့် ၅၀% ထဲမှာပါပါတယ်။

တကယ်တော့ ဒီကာလကြီးမှာ ပျော်တယ်ဆိုပေမယ့် တကယ်ပျော်မနေပါဘူး။
အဆင်ပြေတယ်ဆိုပေမယ့် တကယ်အဆင်ပြေမနေပါဘူး။
ကျွန်တော်က ဒီကာလကြီး လွန်မြောက်သောအခါ အသက်ရှင်လျက် ကျန်ရှိနေချင်ပါသေးသည်။
ဒီတော့ အဆင်ပြေအောင် ကြိုးစားရသည်။
ပျော်သလိုနေနိုင်အောင် ကျင့်ကြံရပါသည်။

ရာသီဥတု ပူလာသည့်အခါ တိမ်တွေကို ကြည့်ပြီး မိုးကို မျှော်မိသည်။
မိုးရွာလျှင် ပျော်မိသည်။
အိမ်ထဲမှာ နေရတာ ပျင်းလာသည့်အခါ အပြင်ထွက်ကာ လည်ပတ်ပြီး ကောင်းသော အရသာရှိသော အစားအစာတွေ စားသည်။
ထိုအခါ ခဏတာ ပျော်ရသည်။
စစ်ဘေးဒုက္ခသတင်းတွေ ကြည့်မိ နားထောင်ဖြစ်ပြီးလျှင် သီချင်းသံစဉ်တွေ နားထောင်ဖြစ်သည်။
ပြဿနာဘေးဆိုးတွေကို ခဏတာ မေ့မေ့ပျောက်ပျောက်နေကြည့်ဖြစ်သည်။
ပြည်သူတွေ အနိုင်ရသော စစ်ရေးသတင်းတွေကိုသာ ကြည့်ရှုနားထောင်ဖြစ်သည်။
ဒီတော့ ကျွန်တော်တို့ ပြည်သူတွေ စစ်အာဏာရှင်ကို ချေမှုန်းနိုင်တော့မည်ဟု ယုံကြည်ကာ ပျော်မိသည်။

ဒါတွေက ကျွန်တော်၏ နေ့စဉ်ဖြတ်‌သန်းနေရသော မသာယာသော အခြေအနေကြားမှာ ခဏတာ ‌သာယာအောင် နေထိုင်ခြင်းများပါ။
ဒီနေ့ ဖော်ပြပေးသော Phone camera ဖြင့် ရိုက်ယူထားသော ဓာတ်ပုံတွေက အနာဂတ်မှာ သာယာအောင် HP စုဆောင်းနိုင်ရန် ခဏတာသာယာမှုရှာခဲ့ခြင်းများ ဖြစ်ပါသည်။



0
0
0.000
5 comments
avatar

နေတတ်သလို နေပါတော့။
!LUV
!LOLZ

0
0
0.000
avatar

ဒီလိုပဲနေနေရတာပါပဲ

0
0
0.000
avatar

Your attitude of finding goodness and maintaining hope even in bad times is amazing. May God bring peace and prosperity to your country soon. 🙏
Sending Love and Ecency Vote!

0
0
0.000