Why Do You See The Moon During The Day?
Hello friends, have a nice day.
အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ။ ကောင်းသောနေ့လေးဖြစ်ကြပါစေ။
Some things that were thought to be true in childhood are no longer true in young life. What you think is right in your youth is no longer true in your adult life. Thus, some truths that we have come to know over the years are no longer true.
တချို့အရာတွေဟာ ကလေးဘဝမှာ မှန်တယ်လို့ထင်ထားတာတွေ လူငယ်ဘဝမှာ မမှန်တော့ဘူး။ လူငယ်ဘဝမှာ မှန်တယ်ထင်တဲ့အရာက လူကြီးဘဝမှာ မမှန်တော့ပြန်ဘူး။ ဒီလိုနဲ့ ကျွန်တော်တို့ ခေတ်အဆက်ဆက် သိလာရတဲ့အချို့အမှန်ဆိုတဲ့အရာတွေက မမှန်တော့တာတွေ့ရပါတယ်။
I would like to point out a misconception that I know. A knowledge of the sun and moon, including one of nature's wonders. In ancient times, it was known that the moon rises from the setting of the sun. In that case, the moon will not be visible during the day. Now it's not like that and you can see the moon during the day.
ကျွန်တော်သိထားတဲ့ မှားယွင်းတဲ့အသိတစ်ခုကို ဖော်ပြချင်ပါတယ်။ သဘာဝရဲ့ထူးဆန်းအံ့ဩဖွယ်ထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ နေ နဲ့ လကို သိထားတဲ့အသိတစ်ခုပါ။ ရှေးတုံးက နေဝင်မှ လထွက်တယ်လို့သိခဲ့ရပါတယ်။ အဲဒီလိုဆိုရင် လမင်းကြီးကို နေ့အချိန်မှာ မြင်ရမှာမဟုတ်ဘူး။ ခုတော့ အဲဒီလိုမဟုတ်ပဲ နေ့အချိန်တွေမှာ လမင်းကြီးကို မြင်နေရပါတယ်။
It is not unusual to see the moon at night. Sometimes we see the moon during the day. When you see this moon during the day, you feel something special. This is because we do not understand astronomy. I don't know about the planets that orbit naturally, so it's strange to see the moon during the day.
လမင်းကြီးကို ညအချိန်မှာ မြင်တွေ့ကြရတာက အထူးအဆန်းမဟုတ်ပါ။ တခါတရံမှာ ကျွန်တော်တို့တွေက နေ့အချိန်မှာ လမင်းကြီးကို မြင်တွေ့ရတတ်ပါတယ်။ ဒီလို လမင်းကြီးကို နေ့အချိန်မှာ မြင်တွေ့ကြရတဲ့အခါမှာတော့ အထူးအဆန်းတစ်ခုလိုဖြစ်ကြရတယ်။ ဒါက ကျွန်တော်တို့အနေနဲ့က နက္ခတ္တဗေဒပညာကို နားမလည်လို့ပါ။ သဘာဝအတိုင်း လည်ပတ်နေကြတဲ့ ဂြိုလ်တွေအကြောင်းကိုလည်း သိမှ မသိတော့ နေ့အချိန်မှာ လမင်းကြီးကိုမြင်နေရတော့ ထူးဆန်းနေတာပါ။
Another mistake I learned was the fact that the sun and the moon are in opposite positions. This means that the sun and the moon are not always in a 180 degree position. So, if they are not in 180 degree position, they are not in opposite places.
နောက်တစ်ခု ကျွန်တော်သိထားခဲ့တဲ့ မှားယွင်းမှုတစ်ခုက နေ နဲ့ လက ဆန့်ကျင်ဖက်အရပ်မှာ တည်ရှိနေကြတယ်ဆိုတဲ့အချက်ပါပဲ။ ဆိုလိုတာက နေ နဲ့ လ ဟာ အမြဲတမ်း ၁၈၀ ဒီဂရီအနေအထားမှာရှိတယ်ဆိုတာ မဟုတ်ပါဘူးဆိုတာ မကြာခင်ကာလကမှ သိခဲ့ရပါတယ်။ ဒီတော့ ၁၈၀ ဒီဂရီအနေအထားမှာ မရှိရင် ဆန့်ကျင်ဖက်အရပ်တွေမှာ မတည်ရှိကြဘူး။
When you know that the moon and the sun usually reach 180 degrees on full moon days, it is no longer strange to see the moon during the day. I also learned that the moon and the sun are located at various angles between 1 degree and 180 degrees. It is also known that when the distance between the sun and the moon is too close, the moon can be easily seen during the day. On days that are too close, the moon cannot be seen due to the sun's intense light. The strange wonders are endless.
အများအားဖြင့် လပြည့်နေ့တွေမှာ လ နဲ့ နေက ၁၈၀ ဒီဂရီအနေအထားကို ရောက်ရှိတတ်တယ်လို့သိလာရတဲ့အခါမှာတော့ နေ့အချိန်မှာ လကိုမြင်နေရတာ မထူးဆန်းတော့ပါဘူး။ လ နဲ့ နေက ၁ ဒီဂရီကနေ ၁၈၀ ဒီဂရီကြား ထောင့်အမျိုးမျိုးနဲ့တည်ရှိနေတတ်တာကိုလည်း သိလိုက်ရပါတယ်။ နေ နဲ့ လ ရဲ့အကွာအဝေး နီးလွန်းတဲ့အချိန်တွေမှာ နေ့အချိန် လမင်းကြီးကို အလွယ်တကူမြင်နိုင်တယ်ဆိုတာကိုလည်း သိရပါတယ်။ အလွန်နီးလွန်းတဲ့ရက်တွေမှာတော့ နေမင်းကြီးရဲ့ပြင်းထန်စူးရှတဲ့အလင်းရောင်ကြောင့် လကိုမမြင်ကြရပြန်ပါဘူး။ ထူးဆန်းအံ့သြစရာတွေက မကုန်ဆုံးနိုင်ဘူး။
With all due respect -
အားလုံးကို လေးစားလျှက် -
!hiqvote
@ansoe, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.
In addition, @ansoe gets !PIMP from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻
Aw man @hiq.smartbot, you are out of PIMP to slap people.
Go Stake some more and increase your PIMP power.
(We will not send this error message for 24 hours).
Read about some PIMP Shit or Look for the PIMP District
!lolz
!meme