Every Flower Is Beautiful

Hello friends, have a nice day.

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ။ ကောင်းသောနေ့လေးဖြစ်ကြပါစေ။


Today, what I want to share with my friends are flowers that everyone can easily see in nature. Flowers are always beautiful. There are fragrant flowers and there are flowers that are not fragrant. But every flower is beautiful. Each of them is fulfilling the beauty and nature that they own.

ဒီနေ့တော့ မိတ်ဆွေတွေကို မျှဝေပေးချင်တာက သဘာဝထဲမှာ လူတိုင်းအလွယ်တကူ မြင်တွေ့နိုက်တဲ့ ပန်းတွေပဲဖြစ်ပါတယ်။ ပန်းတွေက အမြဲတမ်းလှနေကြတယ်။ ရနံ့မွှေးတဲ့ ပန်းတွေရှိသလို ရနံ့မမွှေးတဲ့ပန်းတွေလည်းရှိကြတယ်။ ဒါပေမယ့် ပန်းတိုင်းကတော့ လှနေကြပါတယ်။ ပန်းတိုင်းက သူတို့ပိုင်ဆိုင်တဲ့ အလှနဲ့ သဘာဝကို ဖြည့်ဆည်းပေးနေကြပါတယ်။






There are so many things to say about the wonders of nature. Trees, flowers, forests, mountains, climate changes, animals, each page is full of wonders.

အံ့ဩဖွယ်ရာ သဘာဝတရားအကြောင်းပြောမယ်ဆိုရင် ပြောလို့မကုန်အောင်များပြားပါတယ်။ သစ်ပင် ပန်းပင်တွေ တောတွေ တောင်တွေ ရာသီဥတုပြောင်းလဲမှုတွေ တိရစ္ဆာန်တွေ တစ်ခချင်းစီမှာ အံ့ဩစရာတွေနဲ့ပြည့်နေပါတယ်။






There are many things that we have not seen yet. I have never seen the animals, trees, forests, and mountains that are in the legends, but I think they really did exist and still exist. Scholars try to understand this wonderful natural law. Some things are amazing. But the strange and wonderful nature of nature has not yet been fully discovered by any nation.

အချို့သဘာဝတွေကို ကျွန်တော်တို့ မမြင်ရ မတွေ့ရသေးတာတွေ အများကြီးကျန်နေအုံးမှာဖြစ်ပါတယ်။ ဒဏ္ဍာရီတွေထဲမှာပါတဲ့ တိရစ္ဆာန် သစ်ပင် တော တောင်တွေ တကယ့်လက်တွေ့မှာ မမြင်ဖူးသေးပေမယ့် အမှန်တကယ် ရှိခဲ့ဖူးတယ် ရှိနေအုံးမယ်လို့ ထင်ပါတယ်။ ဒီလို အံ့ဩစရာတွေများပြားတဲ့ သဘာဝတရားကြီးကို ပညာရှင်တွေက သိဖို့ကြိုးစားကြတယ်။ အချို့အရာတွေကို အံ့ဩဖွယ်တွေ့မြင်လာကြရတယ်။ ဒါပေမယ့် သဘာဝရဲ့ ထူးဆန်းပြီး အံ့ဩစရာတွေကတော့ ယနေ့ချိန်ထိ ဘယ်လိုလူမျိုးကမှ ပြည့်စုံအောင် ဖော်ထုတ်နိုင်ခြင်းမရှိကြသေးပါဘူး။






Even academics have not studied it thoroughly yet, so it is definitely not easy for an ordinary person like me to understand the Great of Nature. But I only take pictures and videos because I want to share what I see around me. As for me, I can only feel and share things in nature.

ပညာရပ်ဆိုင်ရာ ပညာရှင်‌တွေကပင် ကုန်စင်အောင် မလေ့လာနိုက်ကြသေးဘူးဆိုတော့ ကျွန်တော်လို သာမန်ဘူတစ်ယောက်အနေနဲ့ သဘာဝတရားကြီးကို နားလည်နိုင်ဖို့ကို မလွယ်ကူတာ အသေအချာပါပဲ။ ဒါပေမယ့် ကိုယ့်ပတ်ဝန်းကျင်မှာ တွေ့မြင်ရတဲ့အရာတွေ မျှဝေခံစားချင်တာကြောင့် ဓာတ်ပုံ ဗီဒီယိုတွေ ရိုက်ကူးမျှဝေနေခြင်းသာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့က သဘာဝထဲကအရာတွေကို ခံစားတာ မျှဝေပေးတာလောက်ပဲ တတ်နိုင်ပါတယ်။






With all due respect -

အားလုံးကို လေးစားလျှက် -


@ansoe




0
0
0.000

6 comments

ပန်းလေးတွေ လှလိုက်တာ

0
0
0.000